Saturday, February 1, 2025

Frozen shoulder-To A Better Health

 

ပခုံးအဆစ် နာကျင်ကိုက်ခဲနေပြီး လက်မြှောက်မရတာ / လက်ကို အလိုရှိသည့်အတိုင်းအတာအတိုင်း မလှုပ်ရှားနိုင်သည့် အခြေအနေတစ်ရပ်ကို ဆိုလိုပါတယ်။
ပခုံးအဆစ်ဟာ အကြောင်းတစ်ခုခုကြောင့် ရောင်ကိုင်းနေတာ ဖြစ်ပါတယ်။
ရောင်နေတယ်ဆိုကတည်းက နာကျင်တောင့်တင်းနေပြီပေါ့။
ပခုံးအဆစ်ဟာ ရောင်ကိုင်းနေတာမို့ လှုပ်ဖို့/ရွေ့ဖို့ ခက်ခဲသည့်အခြေအနေတစ်ရပ်ပါပဲ။
လူအတော်များများ ဖြစ်နေကြပါတယ်။
ထိခိုက်ဒဏ်ရာရလို့ ဖြစ်စေ/ ခွဲစိတ်ကုသမှုခံယူထားလို့ဖြစ်စေ/ မလှုပ်မရှက်နေတာကြာလို့ဖြစ်စေ စသည်ဖြင့် အကြောင်းအမျိုးမျိုးကို ပြောနေကြပါတယ်။
များသောအားဖြင့် Physical therapy ယူကြတာရယ်
အကိုက်အခဲ ပျောက်ဆေး သောက်ကြတာရယ်
ပခုံးအဆစ်ထဲသို့ အရောင်ကျဆေး steroid ထိုးထည့်တာရယ် နဲ့ ကုသလေ့ ရှိပါတယ်။
အခုလို ကုသမှုအားလုံးက အကျိုးတရားကို ဖယ်ရှားပစ်နေတာဖြစ်ပါတယ်။
သိပ်နာနေရင်တော့လဲ အကျိုးတရားကို ဦးတည်ရတာ မှန်သင့်သလောက်မှန်ပါတယ်။
ထိခိုက်ဒဏ်ရာ ရတာကြောင့်ဆိုရင်တော့ နားနားနေနေ နေလိုက်ရင် တဖြေးဖြေးနဲ့ သက်သာလာမှာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာကြောင့် မဟုတ်ဘူးဆိုရင်တော့ အခြားအကြောင်းတွေကိုပါ စဉ်းစားရပါတော့မယ်။
အကြောင်းတရားကိုဖြတ်မှ အကျိုးတရား ပြတ်ထွက်
မှာ မဟုတ်ပါလား?
Oxalates တွေ ဖြစ်ပါတယ်။
ထုံးမှန်ကျောက်တွေ ပခုံးအဆစ်ထဲမှာ ရှိနေရင် အဆစ်ဟာ ရောင်ကိုင်းနေမယ် / နာကျင်နေမယ်/ range of motion will be limited.
မှန်ကျောက်တွေကို ထုတ်ပစ်မှာက ကျောက်ကပ်ဖြစ်ပါတယ်။
ဆီးထဲကနေ ပါသွားမှာပါ။
အရေးကြီးဆုံးက ပိုဆိုးမလာရအောင် Oxalates များသည့် အစားအသောက်တွေကိုသတိကပ်ရမှာ ဖြစ်ပါတယ်။
မဖြစ်မနေ စားရမယ်ဆိုရင်လဲ စားတဲ့အချိန်မှာ calcium citrate ကို တွဲသောက်ဖို့ မမေ့နဲ့ပေါ့နော်။
calcium citrate ဟာ Oxalates တွေနဲ့ ပေါင်းသွားပြီး ဝမ်းထဲကနေ ထုတ်ပစ်လိုက်မှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲ ရောက်နေတဲ့ ထုံးမှန်ကျောက်တွေကတော့ တဖြေးဖြေးနဲ့ ထွက်သွားပါလိမ့်မယ်။
အချိန်တော့ ယူရပါလိမ့်မယ်။
နောက်ထပ် တိုးမလာရအောင်လုပ်ရမှာ ကိုယ့်တာဝန်ပါပဲ။
😊😊😊
Oxalate ပမာဏ များသည့် အစားအသောက်များ
( မိတ်ဆွေများ တောင်းဆိုချက်အရ )
ဗဟုသုတအတွက်သာ ဖြစ်ပါတယ်။
မိမိကျန်းမာရေးအခြေအနေအရ ချင့်ချိန်နိုင်ရအောင် တင်ပြပေးခြင်းဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦးဟာလဲ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေက မတူကြတာမို့ အဆင်ပြေသလို သာ ဆုံးဖြတ်စေချင်ပါတယ်။
ဟင်းနုနွယ် Amaranth
ရုံးပတီသီး Okra
မျှစ် Bamboo shoots
ငရုပ်ပွ Bell peppers especially the green ones
ဒန့်သလွန်ရွက် Moringa
အားလူး Potatoes
ကန်စွန်းဥ Sweet potatoes
မုန်လာဥနီ Carrots
သကြားမုန်လာ Beets
အာတာလွတ် Parsnips
ပလောပီနံ Cassava
ပဲမျိုးစုံ Beans and Legumes
နှမ်းမျိုးစုံ Sesame seeds
Almonds/ Peanuts/ Cashews
Soy / Tofu
Soy milk / Almond milk
လက်ဖက်အစို/ လက်ဖက်သုပ်
လက်ဖက်ရည်ကြမ်း ( black tea ) ကြာကြာနှပ်ထားလေ Oxalates ပမာဏများလာလေ
ကွမ်းရွက်/ ကွမ်းသီး/ကွမ်းယာ Paan/ Beetle nut
ပဲမှုံ့ Chick pea powder / Chana Daahl
😊😊😊😊
Oxalates ပမာဏ အသင့်အတင့်သာပါသော ဟင်းသီး ဟင်းရွက်များ——-
ချဉ်ပေါင်ရွက် Roselle leaves
ကန်စွန်းရွက် water spinach
ခရမ်းသီး egg plant
Broccoli
ကိုင်းလန် Chinese broccoli
ဂေါ်ဖီ/ ဂေါ်ဖီပန်း Cabbage/ Cauliflower
ကညွှတ် asparagus
မှို mushroom
ခရမ်းချဉ်သီး Tomatoes
ဘူးသီး Gourd
မုန်လာဥ White radish
မုန်လာရွက်
မုန်ညှင်းရွက် Mustard leaves
Zucchini/ yellow squash
Brussels sprouts
ကြက်သွန်နီ/ ကြက်သွန်ဖြူ
ရွေးချယ်ပြီး စားစရာတွေ ရှိနေသေးပါတယ်။
Oxalates တွေ အကြောင်းသာ တွင်တွင်ပြောနေပေမဲ့ Lectins တွေ / phytates တွေအကြောင်းကို သေသေ ချာချာ ရေးမပေးရသေးပါ။
ဟင်းသီးဟင်းရွက်တွေ/ ပဲမျိုးစုံတွေနဲ့ ပြဿနာတက်နေကြတာဆိုတော့ရေးပေးလိုက်ရင် စိတ်ရှုပ်ကုန်ကြမှာစိုးလို့ မရေးတော့ပါဘူးနော်။
ရောဂါဖြစ်နေသူတွေအတွက်ကတော့ သိဖို့လိုပါတယ်။
😊😊😊
Oxalate ပြဿနာ မရှိသော အစားအသောက်များမှာ —
ခြေလေးချောင်းသား
ကြက်သား
ငါး
ပုဇွန်
ကြက် ဥ
နွားနို့
Cheese
ဒိန်ချဉ်
ထောပတ်
😊😊😊
Oxalate မှန်ကျောက်တွေနဲ့ မျက်စိကျန်းမာရေး
“အချို့လူတွေမှာ” ပြတတ်သည့် လက္ခဏာများမှာ ——-
မျက်စိအမြင်အာရုံမှာ အမဲစက်/ မီးခိုးရောင်အစက်တွေ ပေါ်နေတတ်ပါတယ်
မျက်စိမှုံလာတတ်တယ်။
မျက်လုံးက နီနေ/ ခိုးလိုးခုလု ဖြစ်နေ/ ရောင်နေတတ်ပါတယ်။
နာနေတတ်ပါတယ်။
အရမ်းဆိုးလာရင်တော့ မျက်စိကွယ်သွားနိုင်ပါတယ်။
ကျောက်ကပ်သိပ်မကောင်းသူတွေ အထူးသတိပြုသင့်သည့်အချက်ပါ။
Oxalates တွေကို ဆီးထဲကနေ ကောင်းမွန်စွာ မစွန့်ပစ်နိုင်လျှင် သတိပြုရမှာ ဖြစ်ပါတယ်။
Oxalates ပမာဏ များသည့် အစားအသောက်တွေကို ချင့်ချိန်စားသင့်ပါတယ်။
အစားအသောက်တွေကို စားရတာနဲ့ ရောဂါဒဏ်ကို ခံရမှာက မတန်တော့ပါဘူး။

No comments:

Post a Comment