ဒီဝက်နံရိုးပေါင်းအတွက် နံရိုးဝယ်တဲ့အခါမှာ အသားများတဲ့ နံရိုးမျိုးကိုသာ သေချာေရွေးဝယ်ပေးပါ။ ရှယ်နံရိုး ဒါမှမဟုတ် နံရိုးနုတွေဆိုရင် အသားများပြီး ပိုစားကောင်းပါတယ်။
နန္ဒာ ရှယ်နံရိုး ၁ ပိသာလောက် သုံးထားတယ်။ အဲ့ဒီနံရိုးတွေကို သေချာရေဆေးသန့်စင်ပြီး −
− ဆား (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
− ပဲငံပြာရည်အနောက် (ထမင်းစားဇွန်း ၁ ဇွန်း)
− ပဲငပိဖတ် (ထမင်းစားဇွန်း ၃ ဇွန်း) − သူက Salted Soy Bean ဆိုပြီး ဖန်ပုလင်းလေးတွေနဲ့ လာပါတယ်။ စူပါမားကတ်တွေ၊ စျေးတွေတော်တော်များများမှာ ဝယ်လို့ရပါတယ်။ အငံစိမ်ထားတဲ့ ပဲပိစပ်ဖတ်လေးတွေပေါ့။ နိုင်ငံခြားတွေမှာလည်း ရှိပါလိမ့်မယ်။ (လာမေးကြလို့ Comment ထဲမှာ ပုံထည့်ပေးထားပါတယ်)
− တရုတ်မဆလာ ခေါ်Chinese Five Spice Powder (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
− ခရုဆီ (ထမင်းစားဇွန်း ၁ ဇွန်း) တို့ကို ပြင်ထားပါ။
ပြီးရင် ပဲငပိဖတ်လေးတွေကိုဘဲ စစ်ယူခဲ့ပြီး သူ့ကို စိမ်ထားတဲ့ အငန်ရည်ကိုရော၊ ဆား၊ ပဲငံပြာရည်အနောက်၊ တရုတ်မဆလာ၊ ခရုဆီ စတာတွေ အားလုံးကို ဝက်နံရိုးထဲ သေချာစိမ့်ဝင်သွားအောင် နယ်ပေးပါ။ ပြီးရင် မိနစ် ၃၀ ကနေ ၁ နာရီလောက် နှပ်ထားပေးလိုက်ပါနော်။ ဒါဆို ဝက်နံရိုးအရသာနှပ်တာလေးက ပြီးသွားပါပြီရှင်။
ဒါဆို အခု အရသာနယ်ထားတဲ့ ဝက်နံရိုးတွေကို ဆက်ပေါင်းပါတော့မယ်။ ပြီးတော့ နန္ဒာက ပုံမှန် အပေါင်းတွေလို ရေထည့်ပြီးတန်းမပေါင်းဘဲ ဝက်နံ့ပျောက်အောင် ဆီအရင်သတ်ပေးမှာပါ။ ဆီသတ်ဖို့ အတွက် ဘာတွေလိုလဲဆို ဝက်နံရိုး ၁ ပိသာအတွက်
ပါးပါးလှီးထားတဲ့ ဂျင်း (လက် ၂ ဆစ်စာ)
သကြား (ထမင်းစားဇွန်း ၁ဇွန်း)
ငြုပ်ကောင်းစေ့ (၁၅ စေ့ခန့်)
မညက်တညက်ထောင်းထားတဲ့ ကြက်သွန်ဖြူ (၅ မွှာခန့်) တို့လိုပါတယ်။
ကြက်သွန်နီဥလေးတွေကတော့ နံရိုးပေါင်း ကျက်ခါနီးမှ ထည့်ပေါင်းဖို့ပါ။ သူလည်း မပါမဖြစ်ဘဲ။ ကြက်သွန်ဥလေးတွေနဲ့မှ နံရိုးပေါင်းလေးက ပိုချိုပြီး မွှေးနေတာ။ နန္ဒာဆို များများထည့်တယ်။ ခုတောင် ကြက်သွန်နီအသေးလေး ၁၅ လုံးလောက် ထည့်မှာ
နောက်ဆုံးမှာ သူက အသက်ဖြစ်လာမှာ 
ပါးပါးလှီးထားတဲ့ ဂျင်း (လက် ၂ ဆစ်စာ)
သကြား (ထမင်းစားဇွန်း ၁ဇွန်း)
ငြုပ်ကောင်းစေ့ (၁၅ စေ့ခန့်)
မညက်တညက်ထောင်းထားတဲ့ ကြက်သွန်ဖြူ (၅ မွှာခန့်) တို့လိုပါတယ်။
ကြက်သွန်နီဥလေးတွေကတော့ နံရိုးပေါင်း ကျက်ခါနီးမှ ထည့်ပေါင်းဖို့ပါ။ သူလည်း မပါမဖြစ်ဘဲ။ ကြက်သွန်ဥလေးတွေနဲ့မှ နံရိုးပေါင်းလေးက ပိုချိုပြီး မွှေးနေတာ။ နန္ဒာဆို များများထည့်တယ်။ ခုတောင် ကြက်သွန်နီအသေးလေး ၁၅ လုံးလောက် ထည့်မှာ
အရင်ဦးဆုံး သကြားလေးတွေကို ဒယ်အိုးထဲမှာ အပူပေးမယ်။ အပူပေးတဲ့အခါ မီးအေးအေးနဲ့ ပေးပါနော်။ ဆီတွေ ဘာတွေ မထည့်တော့ဘူးနော်။ ခဏနေရင် နံရိုးထဲက ဆီတွေက ထွက်လာဦးမှာ မို့ပါ။
ပြီးရင် ဖြည်းဖြည်းချင်း ဒီလို အရည်ပျော်ကျလာလိမ့်မယ်။ အဲ့ထက်ညိုရဲသွားအောင် မထားနဲ့နော်။ အခန့်မသင့်ရင် သကြားတူးပြီး ခါးသွားနိုင်တယ်ဆိုတာလေး တစ်ချက် သတိပြုပေးပါရှင်။
ပြီးရင် ခုနက အရသာနှပ်ထားတဲ့ ဝက်နံရိုးတွေထည့်၊ ဂျင်း၊ ကြက်သွန်ဖြူတွေထည့်ပါ။
အားလုံးကို ရောသမသွားပြီး ဝက်နံရိုးအပြင်သားတင်းပြီး အရောင်ရဲလာအောင်ထိ ၁ မိနစ်ကနေ ၂ မိနစ်လောက် နှံ့နှံစပ်စပ်မွှေကြော်ပေးပါနော်။ အခုလို သကြားဆီသတ်နဲ့ လုံးပြီး အရင်ချက်လိုက်တာက ဝက်နံရိုးတွေကို ပေါင်းပြီးတဲ့ အခါထိ အရောင် ရဲရဲစိုစိုလေး ဖြစ်နေစေသလို ဝက်သားအညှီနံ့ကိုလည်း လုံးဝ ပျောက်သွားစေပါတယ်။ အဲ့ဒါ ဒီဝက်နံရိုးပေါင်းရဲ့ အဓိက လျှို့ဝှက်ချက်ဖြစ်ပါတယ်ရှင်။
ပြီးမှ ကိုယ်ပေါင်းမယ့် အိုးထဲကို လုံးချက်ထားတဲ့ ဝက်နံရိုးတွေကိုထည့်၊ ငြုပ်ကောင်းစေ့လေးတွေထည့်ပါ။ ရိုးရိုးဟင်းချက်အိုးနဲ့ဘဲ ပြုတ်ပေါင်းမယ်ဆို ရေကို ဝက်နံရိုးမြုပ်အောင်ထည့်၊ နန္ဒာ သုံးသလို Pressure Cooker အိုးကို သုံးမယ်ဆို ရေကို ဝက်နံရိုး မမြုပ်တစ်မြုပ်ထည့်ပေးပါ။
ပြီးရင် ဝက်နံရိုး နူးစပြုတဲ့အထိ အဖုံးလေးပိတ်ပြီးတည်လိုက်ပါ။ Pressure Cooker သမားတွေကတော့ အဖုံးပြန်ဖွင့်စရာမလိုဘူး။ Timer လေးချိန်ပြီး တည်ပါ။ ရိုးရိုးအိုးသမားတွေကတော့ ကိုယ်သုံးတဲ့ ဝက်နံရိုးအနုအရင့်ပေါ်မူတည်ပြီး တစ်ချက်နှစ်ချက် ဖွင့်ကြည့်၊ ရေလိုတယ်ထင်ရင် နည်းနည်းထပ်ထပ်ထည့်ပြီး နူးစပြုလာတဲ့အထိ တည်ပေးလိုက်ရင်ရပါပြီ။
အိုးထဲမှာ ဝက်နံရိုးတွေက နူးပြီး အရည်လေး ခပ်စပ်စပ်ကျန်နေပြီဆို (အရည်လုံးဝခမ်းမှ မဖွင့်ရ...အရည်ကျန်မှ ထမင်းနဲ့ ဆမ်းစားလို့ကောင်းမှာမို့ပါ) အဖုံးတစ်ချက်ဖွင့်ပြီး အစတည်းက ဝက်နံရိုးထဲ မနယ်ဘဲ စစ်ထားခဲ့တဲ့ ပဲငပိဖတ်လေးတွေရယ်၊ ကြက်သွန်နီဥလေးရယ်ကိုထည့်ပြီး ကြက်သွန်နီနွမ်းလာအောင် ၁၀ မိနစ်လောက် ထပ်ပေါင်းပေးလိုက်ပါရှင်။
ဒီလိုဆိုရင်တော့ အရည်ခပ်ရွဲရွဲလေးနဲ့ ချိုမြမွှေးကြိုင်နေတဲ့ ရှယ်နံရိုးပေါင်းလေး ရသွားမှာပဲ ဖြစ်ပါတယ်ရှင်။ အရောင်လေး ခုချိန်ထိ ဝင်းဝါစိုပြည်နေတာကတော့ သကြားဆီသတ်ပြီးမှ ချက်လိုက်တာလေးရဲ့ အဖြေပေါ့ 
ပြီးတာနဲ့ ထမင်းအိုးထဲကနေ ထမင်းဖြူ ပူပူလေးတွေ ခူးပြီး ရှယ်ဝက်နံရိုးချက်လေးနဲ့ အားရပါးရ စားလိုက်ကြပါတော့လေ။ နံရိုးချက်ထဲက အရည်ကျဲကျဲလေးကို ထမင်းဖြူပူပူလေးပေါ်မှာဆမ်း…နူးအိချိုမြနေတဲ့ နံရိုးအသားလေးကိုကိုက်…ကြက်သွန်နီဥလေးတွေလည်းစားနဲ့..အိုး!!! ချက်ထားတဲ့ ထမင်းနဲ့နံရိုး လောက်ရင် ကံကောင်းလို့သာ မှတ်လိုက်တော့ 
ချက်နည်းလေးကလည်း အားလုံးဖတ်ခဲ့တဲ့အတိုင်း လုံးဝ မခက်တာမို့ အခုလာမယ့် တရုတ်နှစ်သစ်ကူးမှာ ဖြစ်အောင် ချက်စားပြီး မိသားစုနဲ့တူတူ နှစ်ကူးဆင်နွှဲလိုက်နော်။ နှစ်ကူး မလုပ်တဲ့သူတွေလည်း ဒီတိုင်းချက်စား၊ သတိရတိုင်း လုပ်စား၊ စိတ်ကြိုက်သာ လုပ်စားပေတော့ဗျို့!!!
အချက်တစ်လိုင်းများအားလုံးရဲ့ ထာဝရအချက်တစ်လိုင်း
နန္ဒာ
ချက်နည်းလေးကလည်း အားလုံးဖတ်ခဲ့တဲ့အတိုင်း လုံးဝ မခက်တာမို့ အခုလာမယ့် တရုတ်နှစ်သစ်ကူးမှာ ဖြစ်အောင် ချက်စားပြီး မိသားစုနဲ့တူတူ နှစ်ကူးဆင်နွှဲလိုက်နော်။ နှစ်ကူး မလုပ်တဲ့သူတွေလည်း ဒီတိုင်းချက်စား၊ သတိရတိုင်း လုပ်စား၊ စိတ်ကြိုက်သာ လုပ်စားပေတော့ဗျို့!!!
အချက်တစ်လိုင်းများအားလုံးရဲ့ ထာဝရအချက်တစ်လိုင်း
နန္ဒာ
No comments:
Post a Comment