Saturday, January 11, 2025

ဗိုက်ထဲမှာ ပူလောင်ခြင်း

 အစပ် အနည်းငယ်လေး စားမိရုံနဲ့

ဗိုက်ထဲမှာ မခံမရပ်နိုင်အောင်ကို ပူလာတာမျိုး
ဗိုက်နာတာမျိုး ဆိုရင် ပျားရည်စစ်စစ် စားပေးပါ။
တစ်သက်လုံး ချဉ် ငံ စပ်ချည်းပဲ စားလာခဲ့တဲ့သူတွေဟာ
အချိန်တစ်ခု ရောက်လာပြီဆိုရင်
အစာအိမ်က အစပ်ကို သိပ်လက်သင့် မခံချင်တော့ပါဘူး။
အစပ် များများ စားမိတိုင်း
ဗိုက်ထဲမှာ ပူလောင်နေပြီး အစာအိမ်က နာလာမှာပါ။
အစပ်စားပြီးတိုင်းမှာ
အစာအိမ်ဆေးတွေ သောက်နေရမယ်ဆိုရင်
တစ်ခုမှာ ကောင်းပေမယ့်
Side effects ( ဘေးထွက်ဆိုးကျိုး ) တွေလဲ ရှိနိုင်ပါတယ်။
အစာအိမ်ရောဂါအခံရှိသူများ အတွက်
ပျားရည်ဟာ အကောင်းဆုံးပါပဲ။
​ရေနွေးအဖြူထည်လေး ( 50 ml ခန့် ) ကို
ခွက်တစ်ခုထဲထည့်, ခဏ အအေးခံ
ခပ်နွေးနွေး အနေအထားလေးမှာ
ပျားရည် ( ထမင်းစားဇွန်း ၁ ဇွန်း ) ထည့်မွှေ
ဖြည်းဖြည်းချင်း သောက်
မနက် ၁ ကြိမ်, ည ၁ ကြိမ်သောက်
အစာအိမ် ပြန်ကောင်းလာပါလိမ့်မယ်။
ပျားရည်တော့ စစ်ရပါမယ်။
ပျားရည်စစ်စစ်ဟာ
အစာအိမ်ထဲမှာ အနာဖြစ်နေတဲ့သူတွေတောင်
ပြန်ကောင်းလာတဲ့အထိ ဆေးဖက်ဝင် ပါတယ်။
အချို့ကတော့
ပျားရည် နဲ့နနွင်း ကိုဖျော်သောက်ပါတယ်။
ဒါလဲပဲ တစ်မျိုး ကောင်းပါတယ်။
ဒါပေမယ့် အချို့ နနွင်းနံ့ မခံနိုင်သူများအတွက်တော့
အဝင်ဆိုးတယ်လို့ ထင်တတ်ပါတယ်။
ဒါဆို မိမိအိမ်မှာ ပျားရည်စစ်စစ် နဲ့ နနွင်းစစ်စစ် ကိုနယ်
အလုံးလေးတွေ လုံးပြီး သောက်လို့ရပါတယ်။
ဒီအတိုင်းပဲ ဇွန်းထဲထည့်ပြီး သောက်တာနဲ့
ရေနွေးနွေးလေး နဲ့ ဖျော်သောက်တာက မတူပြန်ပါဘူး။
ပျားရည်ကို ရေနွေးနွေးလေးနဲ့ရောစပ်သောက်လိုက်တဲ့အခါ
မိမိစားသုံးလိုက်တဲ့ အပူအစပ်တွေကြောင့်ဖြစ်စေ
အစားအစာတွေရဲ့ အက်ဆစ်ဓာတ်ကြောင့်
ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း
အစာမကျေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပြီး
အစာကြေလွယ်အောင် ကူညီပေးပါတယ်။
အရေးကြီးဆုံး အချက်ကတော့
ကိုယ့်မှာ အစာအိမ်ရောဂါအခံရှိနေရင်
ဆေးအားကိုးနဲ့ ကိုယ်ထင်သလိုတော့
အစပ်တွေ အလွန်အကျွံတော့ မစားစေချင်ပါဘူး။
အသက်ဉာဏ်စောင့် ဆိုသလို
တန်ဆေး လွန်ဘေး မဖြစ်ရအောင်တော့
ချင့်ချိန်စားကြစေလိုပါတယ်။
အားလုံးပဲ ဘေးဘယာတွေ ဝေးကွာ၍
ကျန်းမာ ချမ်းသာကြပါစေ။

No comments:

Post a Comment