Saturday, January 11, 2025

သွားကျန်းမာရေး

 ညီမလုပ်သူက ကျမကို ပြောလာခဲ့ပါတယ်။

" မမလေး ကျေးဇူးတင်ပါတယ်နော်။
ဒီနေ့ ညီမလေး တပည့် သားလေးတစ်ယောက်
( အသက် ၂၀ ဝန်းကျင် သူတပည့် ကလေးပါ )
ရီလိုက်တာ သူ့မှာ အံသွားလေး ၂ ချောင်း မရှိရှာတော့ဘူး။
မေးကြည့်တော့ ငယ်ငယ်တုန်းက ပိုးစားတာတဲ့။
ညီမလေး သမီးလေးရဲ့ သွားတွေကို
အမြဲ ဆရာဝန်နဲ့ ပြပြီး အမြဲစစ်ဆေးပေးလို့
သမီးလေးရဲ့သွားလေးတွေ ကောင်းနေတာ
ကျေးဇူးတင်ပါတယ်နော် မမလေး " လို့ ဆိုလာခဲ့ပါတယ်။
သမီးလေးဆိုတာ ကျမရဲ့ တူမလေးပါ။
သွားနဲ့ ပတ်သတ်လာရင် ကျမဟာ အမြဲ ဂရုစိုက်သူပါ။
ကျမ ၈ တန်းအရွယ်လောက်တည်းက
သွားတွေကို ပိုးစားလား မစားလားဆိုတာ
အမြဲမှန်နဲ့ ကြည့်ပြီး စစ်ဆေးပါတယ်။
ကြီးသွားတွေ ပိုးစားပြီး
ပိုးပေါက်ကြီးတွေဖြစ်လို့ ဖာရထေးရတာမျိုး
ကျိုးသွားလို့ အသစ်ပြန်စိုက်ရတာမျိုး
ကျမ လုံးဝ မကြိုက်ပါဘူး။
ဒါကြောင့် အိုသည်အထိ ဝါးရမယ့် သွားတွေကို
ကျမ သေချာ ဂရုစိုက်ပါတယ်။
ကျမ အရိုးတွေဆို လုံးဝ မကိုက်ပါဘူး။
ကြာကြာဝါးမယ့်သွားဆိုတာ
အရိုးကြည့်ရှောင်ရပါတယ်။
ကျမရဲ့ မောင်တွေ ညီမတွေဟာ
အရိုး အရမ်းကိုက်တတ်ကြပါတယ်။
ကျမ မကိုက်ဖို့တားလည်း သူတို့ သွားတွေက
ကောင်းနေသေးတဲ့အချိန်ဆိုတော့
သူတို့ နားမထောင်ကြပါဘူး။
သွား နဲ့ ခံတွင်း ကျန်းမာရေးက
အရေးကြီးတယ်ဆိုတာလည်း
သူတို့ ခေါင်းထဲရှိဟန် မတူပါဘူး။
ခုတော့ အံသွားတွေ ကျိုးတဲ့သူကကျိုး ,
ရှေ့သွားတွေ ဖာထားရတဲ့ သူက ဖာထားရ ,
ပဲ့တဲ့သူကပဲ့ထွက်နဲ့ အကောင်းပကတိ မရှိကြတော့ပါဘူး။
တစ်ကယ်တော့ ကြီးသွားဆိုတာ အစားပြန်မရနိုင်ပါဘူး။
ကျိုးသွားလို့ ဘယ်လောက်ဈေးကြီးတာပဲ စိုက်ပါစေ။
အချိန်တစ်ခုကျရင် ပြန်ပျက်စီးပြီး ပြန်စိုက်ရပါတယ်။
သွားစိုက်ခကလည်း ဈေးကြီးပါတယ်။
တစ်ချောင်းစိုက်ရင် ၃ ချောင်းစာပေးရတာပါ။
အနည်းဆုံး ၁၃ သိန်းခန့် ကျပါတယ်။
ဖေဖေ နဲ့ မေမေ ကို ၂၀၁၂ ခုနှစ်မှာ
ကျိုးနေတဲ့အံသွားတွေကို ကျမ စိုက်ပေးခဲ့ပါတယ်။
အချိန် ကာလတစ်ခုကြာတော့
ပျက်စီးလို့ ပြန်စိုက်ရပါတယ်။
မေမေကတော့ ဆုံးပါးသွားတဲ့အထိ
ကျမ စိုက်ပေးခဲ့တဲ့သွားလေးနဲ့ပဲ ဆုံးပါးသွားခဲ့တာပါ။
မေမေ အသက်ရှင်စဉ်မှာ ကျမစိုက်ပေးခဲ့တဲ့အံသွားလေးနဲ့
မေမေ အစာတွေ ဝါးစားခဲ့ရသည်ကိုတော့
ကျမ ကျေနပ်လှပါတယ်။
ကျမ ပြောလိုတာလေး ဆက်ပြောပါ့မယ်။
ဒီစာလေးကို ဖတ်ပြီးပြီဆိုရင်
👴 👵 မိမိ မိဘရဲ့ ကျိုးနေတဲ့ သွားလေးတွေကို
စိုက်ပေးပြီးပါပြီလား ?
👶👧 မိမိ ကလေးရဲ့ သွားကျန်းမာရေးကို
အမြဲ စစ်ပေးပါရဲ့လား ?
👱‍♀️👨‍🦳 မိမိရဲ့ သွားတွေကိုရော ဂရုစိုက်ပါရဲ့လား ?
ဆိုတာလေးကို စဉ်းစားမိ သွားမယ်လို့ ထင်ပါတယ်။
စဉ်းစားပြီးသွားရင် အကောင်အထည်ဖော်စေချင်ပါတယ်။
👴 👵 အချို့ လူကြီးတွေကို ကြည့်ရင်
သွားတွေ အတော်ပျက်စီးနေတာ တွေ့ရပါတယ်။
သားသမီးတွေက ပြန်စိုက်ပေးရမှာပါ။
ကိုယ့်မိဘ အသက်ရှင်နေစဉ်
ကိုယ်စိုက်ပေးတဲ့သွားလေးတွေနဲ့
သူတို့ စားချင်ရာလေးတွေကို
ကောင်းမွန်စွာ ဝါးစားနိုင်ကြပါစေ။
👶👧 အချို့ ကလေးတွေဟာလည်း
သွားတွေပိုးစားပြီး တိုဝင်လာတာမို့
သွားဖုံး နှစ်ခုချင်း ထိလုနီးပါးဖြစ်နေပါတယ်။
ဒါဆို ထပ်ထွက်မယ့် သွားတွေကို
အပေါ်က အလေးနဲ့ ဖိထားသလို ဖြစ်နေတဲ့အတွက်
သွားတွေဟာ တစ်ဆုံးထိ ရှည်မထွက်နိုင်ပဲ
ကြီးသွားတွေ ပုတိုလေးတွေထွက်လာတတ်ပါတယ်။
ဒါဆိုရင် ငယ်သွားကို ဖာပြီး သွားကို မြှင့်လိုက်ရပါတယ်။
ဒီတော့မှ ထပ်ထွက်မယ့်သွားဟာ တစ်ရှိန်ထိုးထွက်လာမှာပါ။
အံသွားပုတိုလေးတွေဟာ
အိုတဲ့ထိ ဝါးစားရမှာဖြစ်တဲ့အတွက်
အသုံးပြုပါ များလေ ပါးလာလေ , ပိုတိုလာလေဆို
အသက်ကြီးလာတဲ့အခါ အဆင်မပြေတော့ပါဘူး။
အံသွားရှည်မှသာ အိုတဲ့ထိ အသုံးပြုဖို့ အဆင်ပြေမှာပါ။
မိမိကလေးတွေမှာ
ကျန်းမာလှပတဲ့ သွားတွေကို ပိုင်ဆိုင်ဖို့
မိဘများက ဆရာဝန်နဲ့ တိုင်ပင်ပြီး
ဆရာဝန် ညွှန်ကြားချက်အတိုင်း
ကလေးတွေရဲ့သွားကို ဂရုစိုက်ပေးသင့်ပါတယ်။
သွားနှင့် ခံတွင်းအတွက် လိုအပ်ချက်များ
*************************************
၁- သွားတွေကို သွားတိုက်ရုံနဲ့
၁၀၀ % သန့်ရှင်းပြီလို့ မဆိုလိုနိုင်ပါဘူး။
သွားကြားထဲက အစာအညှိတွေဟာ မပြောင်ပါဘူး။
သွားဆရာဝန်တိုင်းဟာ သွားကျန်းမာရေးအတွက်
Floss ဆွဲခိုင်းပါတယ်။
Floss ဆွဲမှသာ သွား နှစ်ခုကြားက
အစာ အညှိတွေ ပြောင်ကာ အနံ့ဆိုး ကင်းစင်မှာဖြစ်ပြီး
ခံတွင်း ပိုသန့်ရှင်းမှာ ဖြစ်ပါတယ်။
၂- တစ်ခါတစ်ရံ ရေနွေးကြမ်းထဲ ဆားလေး ငံရုံထည့်ပြီး
ပလုတ်ကျင်းပေးပါ။
ဒန္တီမှာ ဆားဆိုတဲ့အတိုင်း ဆားဟာ
သွားတွေကို ခိုင်ခံ့စေတဲ့အပြင်
သွားဖုံး ရေစီးကမ်းပြိုလိုက်တာ နဲ့
ခံတွင်းရဲ့ ညစ်ပတ်မှု့ကို ကာကွယ်နိုင်ပါတယ်။
၃- အရိုးတွေကို လုံးဝ မကိုက်သင့်ပါဘူး။
မာတဲ့အစားအစာများဖြစ်တဲ့ ပဲကြီးလှော် စတာတွေကို
ဝါးစားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
၄- အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။
၅- သွားဆရာဝန်ထံမှာ သွားရဲ့ ကျန်းမာရေးကို
၆ လတစ်ကြိမ် ( သို့ ) တစ်နှစ်တစ်ကြိမ် စစ်ဆေးပေးပါ။
သို့မှသာ သန့်ရှင်းကျန်းမာတဲ့
သွားတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး
ခန္တာပြုတ်သည့်တိုင် သွားမပြုတ်မှာဖြစ်ကြောင်း
ရေးသားရင်း

No comments:

Post a Comment