Friday, January 30, 2026

ငှက်ပျောပေါင်မုန့်

ပေါင်မုန့်ပေါင်းနည်း

ခေါက်ဆွဲကြော်

ဘာသာစကားဖြင့် အတွေးတွေကို အနောက်အလိုကျ သိမ်းသွင်းထားခြင်း (လဖက်ကို tea leave salad ပြောင်းခြင်း)

 ဘာသာစကားကို ခေတ်အမြင်နဲ့ ချိန်ထိုးတဲ့အခါ ဘာသာစကားကို နယ်ချဲ့ထားခြင်း၊ ပြန်သိမ်းယူခြင်း ဆိုတဲ့ colonial language, decolonising language ဆိုတဲ့ ကိစ္စကလဲ မပါမဖြစ် ထည့်ကိုစဉ်းစားရတယ်။

‎
‎ဆိုပါစို့ လက်ဖက်ကို green tea salad လို့ အမည်တပ်လိုက်ခြင်းဟာ မြန်မာစကားရဲ့မူလအရင်းမြစ်ကို သိမ်းပိုက်လိုက်တာ ဖြစ်တယ်။ (ဒါကို မှားတယ် မှန်တယ် ငြင်းချင်ရင် comment ဖွင့်ပေးထားပါတယ်၊ ထိုင်ငြင်းကြကုန်) ။
‎
‎Pizza ကို ပေါင်မုန့်အမျိုးအစားတခုလို့ အမည်မတပ်သလို၊ ဆူရှီကို ငါးထမင်းလို့ လျှောက်မပြောတော့သလိုပေါ့။ ပိုက်ကျော်ခြင်းရဲ့ အင်္ဂလိပ်စာလုံး Sepak takraw ဆိုလဲ ဒီသဘောပဲ ဖြစ်တယ်_ Macmillan မှာ ပြဌာန်းထားပါတယ်။ ဒါက စကားလုံးတွေနေရာမှာ အင်္ဂလိပ်ဘာသာစကားရဲ့နယ်ချဲ့မခံဘဲ တော်လှန်ထားတာလို့ ယူဆချင် ယူဆလို့ ရပါတယ်။
‎
‎ဒါက serious ဖြစ်စရာလိုမလို တွေးချင်တွေးနေနိုင်ပါတယ်။ ဆိုပါစို့ ခဗျားက US UK ကို အလုပ်သွားလုပ်မယ်၊ ရွှေ့ပြောင်းနေထိုင်မယ်ဆို အရပ်က immigrant လို့ စသတ်မှတ်တယ်။ ကျတော်တို့ မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ အနောက်တိုင်းသား မှန်သမျှကို ကျတော်တို့အရပ်က immigrant တွေလို့ ဘယ်သူမှ မပြောဘဲ expat (expatriate) လို့ပဲ သုံးကြပါတယ်။ ဒီနေရာမှာ ကျတော် ပြောင်းလာတဲ့သူတွေကို immigrant တွေဟေ့လို့ ပြောင်းခေါ်ခိုင်းတာ မဟုတ်ပါ။ ကျတော်တို့ခေါင်းထဲက အတွေးတွေကိုက ဒီလို ဖြစ်နေခဲ့ပြီးသားဆိုတာ_ ဘာသာစကားရဲ့ လှည့်ကွက်_လေးတခုပါပဲ။
‎
‎ဒီ့ထက်ကြမ်းတာတွေ ရှိပါသေးတယ်။ ကိုလံဘက်စ်က အမေရိကားကို "discover" တယ်လို့ ဖတ်စာအုပ်တွေမှာ အတွင်တွင် သုံးတယ်။ ဘာလို့လဲ၊ နဂိုထဲက လူမျိုးစုအထိုင်ရှိပြီးသားကို သူ့မှာ ပညာလေးတတ်ရုံ၊ သဘော်မောင်းတတ်ရုံ၊ သိပ္ပံသိရုံနဲ့ ရှာဖွေတယ်ဆိုပြီး ခြေကုတ်ယူလိုက်တာ_ အမှန်တော့ နယ်ချဲ့ပစ်လိုက်တာပါပဲ။ ပြောရရင် အများကြီးပါ။ ဒါစကားလုံးပဲ ရှိသေးတာ။
‎
‎အသံထွက်၊ ပြောပုံဆိုပုံတွေ၊ ရေးသားပုံ၊ ဖော်ပြပုံတွေမှာလဲ အဲ့လို သိသိသာသာ မသိမသာ သိမ်းသွင်းထားတာမျိုးတွေရှိပါတယ်။ အိန္ဒိယအသံထွက် ရီရတယ်၊ အာဖရိကန်လူမျိုးတွေရဲ့ အင်္ဂလိပ်စာက နိမ့်ကျတယ်၊ စသဖြင့် တံဆိပ်ကပ်မှုတွေလဲ ပါပါတယ်။ မယုံရင် Scottish accent ကျ "ခက်လိုက်တာ များများလေ့ကျင့်မယ်" ဆိုပြီး စတွေးပေမဲ့ အာရှအင်္ဂလိပ်စာအသံထွက်ကျ "ဆိုးလိုက်တာ နားမလည်ဘူး တလုံးချင်း ပြန်ပြောခိုင်းရတယ်" ဆိုပြီး စတွေးတော့တာပါ။ သုတေသနအရ သင်ဟာ အင်္ဂလိပ်ဘာသာစကားကို အင်္ဂလိပ်လို မွေးထဲကပြောတဲ့ လူမျိုးတွေနဲ့ ပြောဆိုဖို့ထက် ကျန်တဲ့ လူတွေနဲ့ပြောရဖို့ ရာခိုင်နှုန်း ၃ ဆ ပိုများပါတယ်။
‎
‎Multimedia မှာဆိုရင်လဲ အီဂျစ်က ပိရမစ်၊ တရုတ်က တံတိုင်းတွေကိုတော့ ဂြိုလ်သားတွေကပဲ လာဆောက်သလိုလို ရွှတ်နောက် ဖန်တီးဖော်ပြတတ်ကြပြီး၊ ဥရောပက ရဲတိုက်တွေ၊ မြို့ပြတွေ၊ ဘုရားကျောင်းတွေကိုတော့ မြို့ပြယဉ်ကျေးမှု၊ သချာ၊ ရူပဗေဒ တိုးတက်မှုပုံရိပ်တွေအဖြစ် ဖန်တီးဖော်ပြလေ့ ရှိပါတယ်။
‎
‎ဒါဘာသာစကားက တကမ္ဘာလုံးလိုက်သုံးရလို့ သူတို့လိုသလို ရိုက်ထည့်ပေးထားတဲ့အတိုင်း ကျတော်တို့က လိုက်တွေးမိခေါ်မိကြတော့တာပါပဲ။ ဝမ်းနည်းဖို့ကောင်းတာက အဲ့လိုမဖြစ်အောင် လုပ်ဖို့ဆိုရင် ကိုယ့်ဘာသာစကားကလဲ ကြွယ်ဝပျော့ပြောင်းနေဖို့ လိုတာပါ။ ကျတော်အပါအဝင် အဖြူစာဖတ်တတ်သူတချို့က ဗုဒ္ဓစာပေကို အီးလိုဖတ်ရင် ပိုနားလည်လွယ်ပြီး မြန်မာလိုဖတ်ရင် ရှုပ်သွားတယ်ဆိုတာမျိုး ပြောတတ်ကြတယ်၊ တကယ်လဲ ကျတော့်အတွက်မှန်တယ်၊ ဘာသာစကားအတွက်တော့ မကောင်းဘူးပေါ့၊ ပါဠိနဲ့အနီးကပ်ဆုံးဘာသာစကားက ကမ္ဘာတဖက်ကဘာသာစကားရဲ့ လွှမ်းမိုးမှုကို မကျော်နိုင်တာကလဲ ဝမ်းနည်းချင်သပဆို ရပါတယ်။
‎
‎ဒါကြောင့် ကျတော့်ရဲ့ IH နောက်ဆုံးဆောင်းပါးမှာဆို မြန်မာဆိုရိုးတွေကို မြန်မာဘာသာအတိုင်း အတန်းထဲ ပြောခွင့်ပေးပြီး အင်္ဂလိပ်လို ဘာသာပြန်လိုက်မယ်ဆို ဘာအနက်တွေ ပျောက်သွားမလဲဆိုတဲ့ ဘာသာစကား ၂ ခု ကွာဟမှုကိုပါ ထောက်ပြတဲ့ လေ့ကျင့်မှုမျိုးကို အဆင့်မြင့် အင်္ဂလိပ်စာမှာ ထည့်ပေးလို့ ရပါတယ်ဆိုတာ ရေးပေးထားပါတယ်။ (e to e မကလို့ ဘာဖြစ်ဖြစ်)။ ဒါဟာ ဘာသာစကားအသိကို တဖက်တလမ်းက တိုးတက်အောင် လုပ်ပေးနိုင်ပြီး လက်ဖက်ကို lat phat thote လို့ပဲ ခေါ်ကြမယ်ဟေ့ ဆိုပြီး ဖြစ်လာကြတာပါ။
‎
‎မြန်မာစာသည် ငါတို့စာဆိုပြီး ရှိသမျှ မြန်မာလိုလျှောက်ပေါက်ကရလုပ်တာ မဟုတ်ပါဘူး၊ မြန်မာဘာသာစကားသည်ပင် အင်္ဂလိပ်ဘာသာစကားနဲ့အတူတူ ရပ်တည်နိုင်ကြောင်း ပါဝါပြန်ပြရမယ့်ကိစ္စမျိုးပါ၊ အင်္ဂလိပ်ဘာသာစကားကို ကျတော်တို့ မသုံးဘဲနေလို့မရဘူး၊ ဒါပေမဲ့လဲ ရှိသမျှအလုံးစုံကို အင်္ဂလိပ်ဘာသာစကား၊ လူမျိုး၊ အလေ့တွေပါ လွှမ်းမိုးခံ အလဲလှယ်ခံသင့်သလား ဆိုတာကတော့ ကျတော်တို့ သုံးသပ်ရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။
‎
‎ELT မှာ အနောက်တိုင်းကပဲ လွှမ်းမိုးထားတဲ့ သင်ရိုးနဲ့ သင်ကြားနည်းတွေကိုပဲ မူထားပြီး ယူနေရဆဲပဲဖြစ်ပါတယ်။ ဒါတွေသည် မဖြစ်သင့်ဘူးလို့ ပြောခြင်းမဟုတ်ပါ၊ ဆိုပေသည့် ဒေသတွင်း၊ အာရှတွင်းက စာအုပ်စာတမ်းတွေကိုလည်း ကျတော်တို့အနေနဲ့ တီးမိခေါက်မိရှိသင့်တယ်လို့ ထင်ပါတယ်။ ဘာသာဗေဒမှာတော့ အများကြီးရောက်နှင့်နေပါပြီ။ မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်စာကို သုံးသပ်ပြတဲ့ ဆရာမ ဒေါက်တာ ခင်ခင်အေးရဲ့ သုတေသနတွေ စာအုပ်တွေကို ကျတော်ညွှန်းပါတယ်။
‎
‎ရေးတော့ရေးဖူးပေမဲ့ တချို့သော ကြောင်စီကွေး အီးဖတ်စာအုပ်တွေဟာလဲ စီးပွားရေးသပ်သပ်သာ ရိုက်နှိပ်ထားပြီး ဘာမှ ပညာရေးအနှစ်သာရ၊ ဘာသာဗေဒအနှစ်သာရ မပါတဲ့ဟာတွေကိုလဲ ဆင်ခြင်သင့်ပါတယ်။
‎
‎ကျတော်တို့ စိတ်တိုင်းကျတဲ့စာအုပ်၊ စာ၊ ဘာသာစကားကို ရနိုင်ချင်မှ ရနိုင်မယ်။ ဒါပေမဲ့ စာသင်ခန်းထဲ သင်ပေးမှုကတော့ ကျတော်တို့ စိတ်တိုင်းကျ ဖန်တီးနိုင်မယ် မဟုတ်လား။

ပုံ 1st semester Day1 at MFU

Ketosis ဖြစ်နေတာနဲ့ Fat-adapted ဖြစ်နေတာ မတူပါ

 Ketosis ဖြစ်နေတာနဲ့ Fat-adapted ဖြစ်နေတာ မတူပါဘူး။


လူအများစုက ဒီနှစ်ခုရဲ့ ကွာခြားချက်ကို နားမလည်ကြသလို၊ အဲဒီနားမလည်မှုကြောင့် Ketogenic diet ရဲ့ အမှန်တကယ်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို မရရှိနိုင်ဘဲ ဖြစ်နေကြပါတယ်။

သင် သိထားသင့်တာတွေက ဒီလိုပါ—

Ketosis ဖြစ်တာက လွယ်ပါတယ်။
အစားအစာထဲက ကာဗိုဟိုက်ဒရိတ်တွေကို လျှော့လိုက်ရုံနဲ့ ကိုယ်ခန္ဓာက ၂၄ နာရီကနေ ၄၈ နာရီအတွင်း ketone bodies တွေကို စတင်ထုတ်လုပ်ပါလိမ့်မယ်။

သွေးစစ်ပြီး beta-hydroxybutyrate 0.5 mmol/L သို့မဟုတ် ပိုမြင့်နေပြီဆိုရင်
ဂုဏ်ယူပါ—သင်ဟာ နည်းပညာပိုင်းအရ ketosis ထဲမှာ ရောက်နေပါပြီ။

ဆီးစစ်တဲ့ ketone strip နဲ့ စစ်လိုက်လို့ acetoacetate ပြလာရင်လည်း အတူတူပါပဲ—
ketone တွေကို သင် ထုတ်လုပ်နေပါပြီ။

ဒါပေမယ့်… အဲဒါက fat-adapted ဖြစ်ပြီဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။

⸻

Fat-adapted ဖြစ်တယ်ဆိုတာ
ကိုယ်ခန္ဓာက ketone bodies တွေကို အဓိက စွမ်းအင်အဖြစ် အသုံးချနိုင်ဖို့ လိုအပ်တဲ့ metabolic machinery (စနစ်အင်အား) ကို တကယ်တည်ဆောက်ပြီးပြီဆိုတဲ့ အဓိပ္ပါယ်ပါ။

အဲဒီအရာက အချိန်လိုပါတယ်။

သွေးထဲမှာ ketone တွေ လည်ပတ်နေပြီး ketosis ဖြစ်နေတာပေမယ့်
ကိုယ်ခန္ဓာမှာ ketone တွေကို ထိရောက်စွာ အသုံးချနိုင်တဲ့ စနစ်မပြည့်စုံသေးရင်
keto-adapted ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ မရနိုင်ပါဘူး။

⸻

အဲဒီ အကျိုးကျေးဇူးတွေက—

• စွမ်းအင် တည်ငြိမ်မှု
• စိတ်ဉာဏ် ပိုပြတ်သားလာမှု
• ရောင်ရမ်းမှု လျော့နည်းလာခြင်း
• ကိုယ်ခန္ဓာဖွဲ့စည်းပုံ ပိုကောင်းလာခြင်း

ဒီလိုအကျိုးကျေးဇူးတွေဟာ
အပတ်အနည်းငယ်၊ လအနည်းငယ်၊ တစ်ခါတစ်ရံ နှစ်အနည်းငယ် အထိ အချိန်ယူပြီးမှ ပြည့်စုံလာတတ်ပါတယ်။

၆ ပတ် ketosis နေခဲ့တာနဲ့
၆ လ ketosis နေခဲ့တာ
၆ နှစ် ketosis နေခဲ့တာ
ဒီသုံးခုကြားမှာ ကွာခြားချက် အရမ်းကြီးပါတယ်။

⸻

အစပိုင်းအချိန်တွေမှာ
ကိုယ်ခန္ဓာက အဆီနဲ့ ketone ကို ထိရောက်စွာ အသုံးချဖို့ သင်ယူနေဆဲအဆင့် ဖြစ်ပါတယ်။
• Mitochondria တွေ ပြောင်းလဲအဆင်ပြေနေတယ်
• Cell တွေက metabolic pathway အသစ်တွေ ဆောက်နေတယ်
• Ketone ထုတ်နေပေမယ့် အသုံးချမှုက မပြည့်စုံသေးဘူး

⸻

Fat-adaptation အမှန်တကယ် ဖြစ်လာပြီဆိုရင်—
• အစားအစာက အဆီကို စွမ်းအင်အဖြစ် သုံးရာမှာ အလွန်ထိရောက်လာမယ်
• အဆီကို သိမ်းဆည်းတာထက် အသုံးချတာ ပိုကောင်းလာမယ်
• Muscle glycogen ကို ပိုကာကွယ်နိုင်မယ်
• တစ်နေ့လုံး စွမ်းအင် တည်ငြိမ်လာမယ်
• စိတ်ဉာဏ် ပိုရှင်းလင်းလာမယ်
• ပြန်လည်အားဖြည့်နိုင်မှု (recovery) ပိုကောင်းလာမယ်

ဒါပေမယ့် အဲဒီအဆင့်ရောက်ဖို့ အချိန်ပေးရပါမယ်။

⸻

အကယ်၍ သင် keto ကို အပတ်အနည်းငယ်ပဲ လုပ်ထားပြီး
ကြားဖူးထားတဲ့ အကျိုးကျေးဇူးတွေ မခံစားရသေးဘူးဆိုရင် လက်မလွှတ်ပါနဲ့။

👉 သင်ဟာ ketosis ထဲမှာ ရောက်နေပေမယ့်
👉 fat-adapted မဖြစ်သေးတာပဲ ဖြစ်နိုင်ပါတယ်။

စိတ်ရှည်ပါ။
ဆက်လက်တည်ကြည်ပါ။
ကိုယ်ခန္ဓာကို လိုအပ်တဲ့ အချိန်ပေးပါ။

အမှန်တကယ် ရလာမယ့် အကျိုးကျေးဇူးတွေကစောင့်ဆိုင်းရတဲ့အတွက် တန်ဖိုးရှိပါတယ်။ 🔥

Source - https://x.com/ketosavage/status/2015783939504316455?s=46

ဘူးသီးနဲ့ ကြက်သား

 ဘူးသီးနဲ့ ကြက်သားဆိုဒါ ခွဲမရအောင် ပူးတွဲနေတဲ့ လင်မယားဟင်း

နှစ်ထပ်ကောက်ညှင်းငှက်ပျောဆနွင်းမကင်း

 ကောက်ညှင်းအလွှာလေးက အိအိစက်စက်နဲ့ ငှက်ပျောအလွှာလေးကကြ ချိုချိုဆိမ့်ဆိမ့်လေး အရမ်းစားလို့ကောင်းတဲ့ နှစ်ထပ်ကောက်ညှင်းငှက်ပျောဆနွင်းမကင်းလေးကို တူတူလုပ်စားရအောင်နော်

ပုံစံကြည့်ရင်ခက်မယ်ထင်ရပေမယ့် လုပ်ရတာလွယ်ပြီး ပုံလှလှလေးနဲ့ အလှူတို့ဘာတို့မှာ ဧည့်ခံလဲ အဆင်ပြေမှာမျိုးလေးပါရှင်
အရင်တုန်းကလဲ ရွှေကြည်ဆနွင်းမကင်းနဲ့ ငှက်ပျောဆနွင်းမကင်းလဲ Em တင်ဖူးပါတယ် ဒီမြန်မာမုန့်ပုံစံလေးတွေက ခပ်ဆင်ဆင်ပဲမို့ တစ်ခုလုပ်တတ်ရင် ကျန်တာတွေလဲ လွယ်သွားပါတယ်ရှင်
ပါဝင်ပစ္စည်းလေးတွေက (Em သုံးတာ ၉ လက်မ မုန့်ဗန်းပါရှင်) –
ငှက်ပျောအလွှာ -
ငှက်ပျောသီးအမှည့် - ၃ လုံး (မှည့်တာလေးကိုသုံးပေးပါနော်)
ရွှေကြည့်မှုန့် - ၇၅ ဂရမ်
သကြား - ထမင်းစားဇွန်း ၅ ဇွန်း (Em က အချိုလျှော့ထားတာပါနော် ပိုချိုတာကြိုက်ရင် ပိုထည့်ပါနော်)
အုန်းနို့ - ၂၀၀ ဂရမ်
Ghee ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
ကြက်ဥ - ၁ လုံး
ဂျုံမှုန့်/Plain Flour/ All purpose flour - ၄၀ ဂရမ် (ထမင်းစားဇွန်း ၄ ဇွန်းခန့်)
ဆား - လက်ဖက်စားဇွန်းဝက်
အနီရောင် Food Coloring- လက်ဖက်စားဇွန်းဝက်
ဘိန်းစေ့ သို့ Poppy Seeds- ထမင်းစားဇွန်း ၃ ဇွန်း
ကောက်ညှင်းအလွှာ-
ကောက်ညှင်းဆန် - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၂ ဘူး (သို့) ၃၂၀ မီလီ
ရေ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ဘူး
အုန်းနို့ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
(ရေနဲ့အုန်းနို့အချိုးကို နှစ်သက်သလို ချိန်ဆလို့ရပါတယ်ရှင် ဥပမာ အုန်းနို့ပိုထည့်တာ၊ ရေပိုထည့်တာ၊ အုန်းနို့ကြီးပဲထည့်တာ စသဖြင့်ပေါ့နော်။ အဓိကကတော့ ကောက်ညှင်းဆန်နဲ့ထည့်မယ့် အုန်းနို့/ရေက ဆတူဖြစ်ရပါမယ်နော်။ အခု Em က ကောက်ညှင်းဆန်ကို ဆန်ချိန်ခွက် ၂ ခွက်ထည့်တော့ အုန်းနို့/ရေ ဆန်ချိန်ခွက် ၂ ခွက်ပါရှင် တကယ်လို့ ဆန်ချိန်ခွက်မရှိရင်လဲ ဆန်ချိန်ခွက်တစ်ခွက်က ၁၈၀ မီလီနဲ့ညီမျှပါတယ် အဲ့လိုတိုင်းပါရှင်)
ဆား - လက်ဖက်စားဇွန်းဝက်
သကြား - ထမင်းစားဇွန်း ၂ ဇွန်း (Em က အချိုတော်တော်လျှော့ထားတာပါ ပုံမှန်အချိုအတွက် သကြား ၅ ဇွန်းအထိထည့်လို့ရပါတယ် ပိုချိုတာကြိုက်ရင် ပိုထည့်ပါနော်)
ချစ်တဲ့
အမ်မလီ

ဘဲရိုး၊ ကြက်ရိုးနဲ့ ဝက်နံရိုးမုန်လာဥဖြူနီဟင်းရည်

 ဆီလဲမပါဘဲ ကျန်းမာရေးနဲ့လဲညီညွတ်ပြီး အရမ်းသောက်လို့ကောင်းတဲ့ မုန်လာဥဖြူနီဟင်းရည်လေး ဒီဟင်းရည်လေးကို ဘဲရိုး၊ ကြက်ရိုးနဲ့ ဝက်နံရိုး ကြိုက်တာနဲ့ချက်လို့ရပါတယ် အသားထည့်လဲရတယ်ပေါ့နော် ကြက်သားလေးနဲ့ ဆိုလဲ တစ်ခါထဲဟင်းဖြစ်တာပေါ့နော်

Em က အိမ်မှာဘဲကျောရိုးလေးတွေပိုနေလို့ သုံးလိုက်တာပါရှင်။ ပုံမှန်အိမ်မှာ မုန်လာဥဖြူတို့ မုန်လာဥနီတို့ ရေခဲသေတ္တာထဲမှာ မချက်ဖြစ်ဘဲ ပိုနေတာမျိုးတွေရှိတတ်တယ်လေနော်။ အဲ့တာလေးတွေကို ဖြတ်ချင်ရင်လဲ ဒီဟင်းရည်လေးကို ချက်လို့ရပါတယ်ရှင်
ဒီမုန်လာဥဖြူနီဟင်းရည်လေးက အပူကျတယ် အစာလဲကြေတယ် immune လဲတက်ပြီး detox လဲဖြစ်တယ်ပေါ့နော် ဆောင်းတွင်းအတွက်လဲ အရမ်းသင့်တော်ပါတယ်ရှင်
အစတုန်းက လူတိုင်းနီးပါးသိတဲ့ဟင်းရည်လေးပဲဆိုပြီး ဗီဒီယိုမရိုက်ဘဲနေတော့မလိုပါ စချက်ရင်းနဲ့မှ ရိုက်လိုက်ပါမယ်လေဆိုပြီး ရိုက်ဖြစ်သွားတာမို့ အစပိုင်းမပါတာပါရှင်။ တစ်ရည်ပြုတ်တယ်ဆိုတာ အရိုးထဲက အညစ်အကြေးလေးတွေ အမြှုပ်တွေကုန်သွားအောင် အိုးထဲကို ရေနွေးနည်းနည်းထည့်၊ ဆူအောင်တည်ပြီး ရေဆေးသန့်စင်ထားတဲ့ အရိုး၊အသားတွေကို ၅ မိနစ်လောက်ထည့်ပြုတ်တာပါ။ ပြီးရင် အိုးကိုလဲဆေး, အရိုးကိုလဲရေအေးနဲ့ပြန်ဆေးချပြီးမှ ဟင်းရည်ကိုစတည်တာပါရှင်
ပါဝင်ပစ္စည်းများ -
ဘဲရိုး - ကျောရိုးနဲ့လည်ပင်းရိုး (ဘဲတစ်ကောင်ရဲ့အရိုးပါရှင်)
မုန်လာဥဖြူ - အလတ်ဆိုဒ် ၁ လုံး
မုန်လာဥနီ - ၁-၂လုံး
ကြက်သွန်ဖြူ - ၁ ဥ
ဂျင်း - လက် ၁-၂ ဆစ်ခန့်
ကြက်သွန်မိတ်၊ နံနံပင်၊ တရုတ်နံနံ - အနည်းငယ် (မကြိုက်ရင်မထည့်လဲရပါတယ်ရှင်)
ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း
ဆား - လက်ဖက်စားဇွန်း ၂ ဇွန်း
ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (မကြိုက်ရင်မထည့်လဲရပါတယ်ရှင်)
ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း
ငရုတ်ကောင်း - လက်ဖက်စားဇွန်း ၂ ဇွန်း
အရသာတွေကို အများကြီးတစ်ခါထဲမထည့်ဘဲ နည်းနည်းချင်းစီထည့်ပါရှင် ဟင်းရည်ကတည်ရင်း နည်းလာရင် ရေနွေးထပ်ရောပါ ပြီးရင် မြည်းကြည့်ပြီးလိုတဲ့အရသာကို ဖြည့်ပါနော်။ Em က 24cm အိုးကို အပြည့်ချက်တာပါရှင် စစချင်းရေ ၂လီတာထည့်ပါနော်)
ချစ်တဲ့
အမ်မလီ

အမဲသားနှပ် ရှယ်ချက်နည်း

 အမဲသားကို နူးအိပြီး အရသာကစိမ့်ဝင်နေမယ့် အမဲသားနှပ် ရှယ်ချက်နည်း

အမဲသားချက်တဲ့အခါ အချိန်ပေးရပေမယ့် ရလဒ်ကတော့ တကယ်ကို ထိုက်တန်ပါတယ်

ဒီနွေဦးမှာ ရတဲ့နေရာက ရသလို ပါဝင်ပါတယ်

 I just want to be a firefly.


ကိုယ်တွေဟာ ပြည်တွင်းကမဟုတ်ပါဘူး။ ဒီနွေဦးမှာ ရတဲ့နေရာက ရသလို ပါဝင်ပါတယ်။လျှောက်လှမ်းပြီးမလိုက်နိုင်ရင် တရွတ်စွဲပြီးလိုက်ပါတယ်။ ကိုယ်မနိုင်ရင် နိုင်သလောက်လေးပါဝင်ပါတယ်။ အကြောင်းက လက်ရှိ ထော်ကိုင်းမှာ၊ US မှာ ဖြစ်နေတာတွေ ကြိုမြင်လို့ပါ။

အရင်ကတည်းက အမြဲပြောပါတယ်၊ မြန်မာ ဆိုတဲ့ နာမည်နဲ့ ပတ်သတ်သူမှန်သမျ ဇာတိမြေ အဆင်မပြေရင်
လွတ်မှာ မဟုတ်ဘူးလို့။
အခုပဲ ကြည့် ထော်ကိုင်းမှာ ဖမတွေ အဆင်မပြေအောင် စကမ ဘက်က အင်တိုက်အားတိုက် လုပ်လာတာတွေ့ရပါလိမ့်မယ်။ ထော်ကိုင်းတွေရဲ့ မဘသပို့စ် အောက်မှာ မြန်မာ မဘသ တွေ အညှောင့်ထောင်နေတာ၊ ဘုရင့်နောင်ပုံတွေနဲ့ တွေ့ရပါလိမ့်မယ်။ ဒီထက်ပိုတဲ့ နောက်ကွယ်က သွေးထိုး လှုပ်ရှားမှုတွေ ရှိဦးမှာ

စကမ မဘသ ဟာ ပြည်တွင်းမှာနေတဲ့ သူတွေကိုပဲ ဖျက်ဆီးနိုင်တယ်လို့ ထင်ပါသလား။
ထောင်ကိုင်းပြီးရင်၊ စင်္ကာပူလာမှာ။ ပြီးရင် မလေး၊ ကိုရီးယား၊ ဂျပန်၊
အခု US မှာ ပြဿနာတွေ ဖြစ်တဲ့အချိန်မှာ ရရင်ရသလောက် ဝင်မီးမွှေးမှာ။

နောက်ထပ် သာဓက တစ်ခုက ကိုရီးယားတွေဟာ အနုပညာ အပြင် ထုတ်ကုန်တွေနဲ့ ကမ္ဘာကိုထိုးဖောက်နိုင်တာပါပဲ။ သူတို့ မွေးရပ်မြေတိုးတက်ကြီးပွားရင် ရေမြင့်တော့ ကြာတင့်ဆိုတဲ့ ဘဝကို ကမ္ဘာအနှံ့က ကိုရီးယားတွေ ခံ စားရတာ မျက်မြင်ပါ။ ကျနော်တို့ မြန်မာအပါအဝင် နိမ့်ကျတဲ့ နိုင်ငံကလာသူတွေ ကျတော့ ကိုယ့်မွေးမြေနိမ့်ကျတာနဲ့အမျှ ဘယ်သွားသွားကျ‌နော်တို့ နိမ့်ကျတယ်။ ဥပမာ ICJ အမှုပဲကြည့်၊ အနည်းနဲ့ အများ ကမ္ဘာပေါ်က မြန်မာတိုင်းကို ရိုက်ခတ်မှု ရှိတာပဲ။

ဒါကြောင့် ကျနော့်နားလည်မှုကတော့ ဘယ်နိုင်ငံရောက်ရောက်၊ ဘယ်နိုင်ငံသား ပြောင်းပြောင်း၊
မွေးရပ်မြေ မြန်မာလို့ ထည့် နေရသမျ၊
မြန်မာပြည် ကောင်းစားရင် ကျနော်တို့ လဲ ကောင်းစားမယ်၊
မြန်မာပြည် စုတ်ပြတ်ရင် ကျနော်တို့ဘဝရဲ့ တစ်ထောင့်ဟာ မည်းမှောင်နေဦးမှာပဲ။
အခုခေတ်လို ဒီနေ့တခုဖြစ်ရင် မနက်ဖန် တကမ္ဘာလုံး သိနေတဲ့ ခေတ်ကြီးမှာ
မြန်မာ ဆိုတာ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး မသိသလိုနေလို့ ရပါသလား၊

Where are you comming from originally?
ဆိုတဲ့ မေးခွန်းကို ရှောင်လို့ ရတယ် ထင်ရင် ဆက်သာလုပ်ပါ။

ကျနော်ကတော့ We are struggling, but we are fighting.
I am a part of the cause. I am one of the activists လို့
နွေဦးသူရဲကောင်းတွေရဲ့ နောက်မှာ ရင်ကိုကော့ ခေါင်းကိုမော့ နိုင်တဲ့ အဖြစ်ကို ရွေးချယ်ပါတယ်။

ကျနော်ကတော့ ယုံကြည်တယ်၊
လောက သဘာဝ အရ အမှောင်မိုက်ဆုံးတွေဖြတ်ကျော်ပြီးရင် အလင်းလက်ဆုံးကိုရောက်ရှိမယ်။
တချိန်မှာ ကျနော်တို့ ရဲ့ မြန်မာဆိုတဲ့ ဖြစ်တည်မှုဟာ အလင်းလက် အတောက်ပဆုံး ဖြစ်ကို ဖြစ်လာမယ်။
အဲ့ဒီအနာဂါတ်အတွက် အခုမှောင်မိုက်နေချိန်မှာ ကြယ်တပွင့် ဖြစ်ခွင့်မရရင်တောင် ပိုးစုန်းကျူးလေး တကောင်ဖြစ်ခွင့်ရရင် ကျေနပ်တယ်။
If I cannot be a star in the sky for the crowds in the darkness, I just want to be a firefly.

#မောင်ဝင်းဦး
#မြန်မာ
#Myanmar