နည်းပညာလောကက တစ်နေ့တခြား အရှိန်အဟုန်နဲ့ ပြောင်းလဲနေတာကြောင့် ကိုယ့်ရဲ့ Skills တွေနဲ့ ဗဟုသုတတွေ နောက်ကျမကျန်ခဲ့ဖို့ အမြဲတမ်း Update ဖြစ်နေဖို့ လိုပါတယ်။ စာဖတ်ဖို့ အချိန်မပေးနိုင်ရင်တောင် အလုပ်သွားရင်း ဒါမှမဟုတ် နားနားနေနေ နားထောင်လို့ရမယ့် YouTube ပေါ်က အကောင်းဆုံး IT နဲ့ AI ဆိုင်ရာ Podcast (၁၀) ခုကို စုစည်းပေးလိုက်ပါတယ်။
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Wednesday, August 5, 2026
AI ခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ နားထောင်ထားသင့်တဲ့ Podcast စာရင်း
သင့်ရဲ့ စကားလုံးတွေက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိပါစေ
ပညာရှိသူဟာ စကားကို အလကားမပြောတတ်ဘူး။
တိတ်ဆိတ်နေတာကို ဖြည့်ဖို့လည်း မဟုတ်ဘူး။ကိုယ်ဘယ်လောက်တော်တယ်ဆိုတာ ပြချင်လို့လည်း မဟုတ်ဘူး။
သူ့စကားမှာ အဓိပ္ပာယ်ရှိတဲ့အခါ၊ အမှန်တရားပါဝင်တဲ့အခါ၊ တန်ဖိုးရှိတဲ့အခါ၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်အတွက် အကျိုးရှိနိုင်တဲ့အခါမှသာ ပြောတတ်တယ်။
ဒါပေမယ့် မိုက်မဲသူကတော့ တိတ်ဆိတ်မှုကို မခံနိုင်ဘူး။
လူတွေရဲ့ အာရုံစိုက်မှုကို လိုချင်လို့…
ကိုယ့်ကို လူတွေသတိထားမိစေချင်လို့…
ကိုယ့်ကိုယ်ကို အရေးပါသူတစ်ယောက်လို ခံစားချင်လို့
ဒါမှမဟုတ် ကိုယ့်အတွင်းက ဟာတာတာဖြစ်နေတဲ့ စိတ်ကို ဖုံးကွယ်ချင်လို့…
စကားတွေကို အဆက်မပြတ် ပြောနေတတ်တယ်။
စကားသံက ကျယ်လောင်နေနိုင်ပေမယ့်…
အနှစ်သာရတော့ မပါတတ်ဘူး။
တကယ့်ပညာဆိုတာ စကားများများပြောခြင်း မဟုတ်ဘူး။
ဘယ်အချိန်မှာ ပြောသင့်သလဲ…
ဘယ်အချိန်မှာ တိတ်ဆိတ်နေသင့်သလဲ…
အဲဒါကို သိနားလည်တာဟာ ပညာပဲ။
တစ်ခါတစ်ရံ…
မလိုအပ်တဲ့ စကားတစ်ထောင်ထက်
တိတ်ဆိတ်မှုတစ်ခုက ပိုပြီး ရင့်ကျက်မှုကို ဖော်ပြနိုင်တယ်။
စိတ်တည်ငြိမ်တဲ့သူဟာ အရာရာကို ချက်ချင်း တုံ့ပြန်ဖို့ အလျင်မလိုဘူး။
အရင်ဆုံး နားထောင်တယ်။
လေ့လာတယ်။
နားလည်အောင် ကြိုးစားတယ်။
ပြီးမှ ရည်ရွယ်ချက်ရှိရှိ ပြောတယ်။
ဘဝမှာ ကြုံရတဲ့ ပြဿနာတော်တော်များများဟာ
မစဉ်းစားဘဲ ပြောလိုက်တဲ့ စကားတစ်ခွန်းကနေ စတင်တတ်တယ်။
အဲဒီစကားတစ်ခွန်းကြောင့်…
သူတစ်ပါးကို နာကျင်စေတတ်တယ်။
ကိုယ့်ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတတ်တယ်။
မလိုအပ်တဲ့ ပဋိပက္ခတွေကိုလည်း ဖြစ်ပေါ်စေတတ်တယ်။
ဒါကြောင့်…
စကားမပြောခင် စဉ်းစားပါ။
ပြောတော့မယ်ဆိုရင်လည်း ရည်ရွယ်ချက်ကောင်းနဲ့ ပြောပါ။
အတ္တနဲ့ မပြောပါနဲ့။
သင့်ရဲ့ တိတ်ဆိတ်မှုက ခွန်အားဖြစ်ပါစေ။
သင့်ရဲ့ စကားလုံးတွေက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိပါစေ။
ပညာရှိသူဟာ စကားကို ကိရိယာတစ်ခုလို အသုံးချတတ်တယ်။
မိုက်မဲသူကတော့ စကားကို ဆူညံသံတစ်ခုလိုသာ အသုံးပြုတတ်တယ်။
A wise person does not speak just to fill silence or prove intelligence. He speaks when his words carry meaning, truth, value, or guidance.
But a fool often speaks because silence makes him uncomfortable. He talks to be noticed, to win attention, to feel important, or to hide the emptiness inside. His words may be loud, but they often have no weight.
Real wisdom is not in speaking more. It is in knowing when to speak and when to stay silent. Sometimes silence shows more maturity than a thousand unnecessary words. A calm mind does not rush to answer everything. It listens, observes, understands, and then speaks with purpose.
Many problems in life begin because people speak without thinking. They hurt others, expose themselves, and create conflict simply because they could not control their tongue.
So choose your words carefully. Speak with intention, not ego. Let your silence be strong and your words be meaningful.
Because a wise person uses speech as a tool, but a fool uses speech as noise.
English text - Mind rise
ဘနားနား သမ္မတကြီးတိုင်းပြည်
တနေ့က ဘနားနားရဲ့ အင်တာဗျူးအတိုလေး တခု မြင်မိတာနဲ့ ဖွင့်ကြည့်မိတယ်၊ အင်တာဗျူးမှာ ဘနားနားက ဇာတ်ထောင်ဖို့ ကြိုးစားနေတယ်ဆိုတာမျိုး ပြောသွားတယ်။
ကျတော့်အထင်ပြောရရင် မြန်မာပြည်မှာ ဘနားနားနဲ့မင်းအောင်လှိုင်က DNA စစ်ကြည့်ရင် မျိုးရိုးဗီဇတူမယ်လို့ ထင်တယ်။
အားလုံးသိတဲ့အတိုင်း မြန်မာအိုင်ဒေါမှာ ဘနားနားဝင်ပြိုင်တယ်၊ အသံမကောင်း၊ကီးမဝင်၊ ရုပ်ကကြည့်မကောင်းတဲ့အပြင် ကျပ်ကလည်းမပြည့်ဘူး ဒါပေမယ့် ဇွန်နီလာဌေးအဖေက ငှက်ပျောသီးခေါ်ကျွေးလိုက်တော့ ပြသနာက အဲ့မှာစပြီး ဆိုရှယ်မီဒီယာပေါ်မှာ နာမည်စကြီးတော့တာပဲ။ ဒါကို ဘေးမှာထိုင်နေတဲ့ ရန်အောင်တို့က မတားဘူး ဒီတိုင်းထိုင်ကြည့်နေတယ်။
အဲ့နောက်ပိုင်း ဘနားနားက လိုင်းပေါ်မှာ သူဆိုချင်တဲ့သီချင်းတွေကို ကီးမဝင်၊ တဘားစော၊ နှစ်ဘားစောတွေနဲ့ ဆိုချင်သလို တက်ဆိုတော့ ဝေဖန်တာတွေ၊ ကဲ့ရဲ့တာတွေဖြစ်လာကြရော။
ဒါပေမယ့် ဘနားနားက လူတွေရဲ့ အသံကို နားထောင်တယ်။ ဂီတာမတီးတတ်ဘူးလို့ ဝေဖန်သူတွေကို ဂီတာတီးသင်ပြီး ဂီတာပြန်တီးပြတယ်။ ကီးမဝင်ဘူး အသံကြောင်တယ်ဆိုပြီး ဝေဖန်သူတွေကိုလည်း အဆိုသင်တန်းတက်ပြီး ပြန်ဆိုပြတယ်။
ဒါပေမယ့် ပြသနာက သူဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား ပါရမီအခံပါမလာတော့ ဂီတာတီးတတ်သွားလည်း နွားမ သေးပန်းသလို တဗြန်းဗြန်းဖြစ်ပြီး ဘာမှမတိုးတက်လာဘူး။ အဆိုပိုင်းမှာလည်း သင်တန်းတွေသာ တက်တာ မကောင်းတဲ့ စောက်သံက အရင်တိုင်းပဲ။
အခု ဇာတ်မင်းသားတွေခေတ်စားလာပြန်တော့ အကပြေးသင်တယ်။ တတ်လားဆိုတော့ ကတဲ့နည်း အခြေခံကို သိသွားတာကလွဲရင် မျက်စိထဲ မြင်နေရတာ ရာဇာနေဝင်း ဝဲယားလို့ ကုတ်နေသလိုပဲ။
ဘနားနားက သူမကြိုးစားတာ မဟုတ်ဘူး ကြိုးစားတယ် ၊ ဒါပေမယ့် ဘာမှ ပါရမီမပါတဲ့အပြင် ကျပ်ကလည်း မပြည့်တော့ သူဘယ်လိုပဲ ကြိုးစား၊ ကြိုးစား စောက်ပေါက စောက်ပေါပဲ။
ဒါပေမယ့် ဘနားနားကျပ်မပြည့်တာက နိုင်ငံနဲ့ချီပြီး ဒုက္ခမရောက်ဘူး။ လူတွေ ဝိုင်းဆဲမယ်၊ လိုင်းပေါ် ဖုန်ထရုံကလွဲပြီး နိုင်ငံရဲ့ ပုံရိပ်ကျလောက်တဲ့ အထိ မဖြစ်ဘူး။
ဒါပေမယ့် ဘနားနားလို ကျပ်မပြည့်တဲ့ကောင်က သမ္မတနေရာကို ယူလိုက်ရင်တော့ စောက်ပြသနာက ကြီးသွားပြီ။
မင်းအောင်လှိုင်လည်း ကြိုးစားရှာပါတယ်။ အမေစုလက်ထက် အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှု အမှားတွေအများကြီးရှိတယ်ဆိုတာကို ထောက်ပြပြီး ကြိုးစားလိုက်တာ လွန်ခဲ့ ၅နှစ်က ကြက်ဥစျေး ၁၀၀၊ ၁၅၀ ကနေ သူ့လက်ထက်မှာ ၇၀၀ ဖြစ်သွားတဲ့ အထိပဲ။
ပြောရမယ်ဆိုရင် ဂျပုနဲ့ ဘနားနားက ဘဝချင်းသာ မတူတာ ဘယ်လောက်ကြိုးစား၊ ကြိုးစား ပါရမီနဲ့ ကျပ်မပြည့်တဲ့ အခံပါလာတာက အတူတူပဲ။
သူတို့လုပ်သမျ စောက်တလွဲဖြစ်နေတာ လူတိုင်းသိတယ် ဒါပေမယ့် သူတို့ ကိုယ်တိုင် မသိတာဘဲ။ ဒါကလည်း အိုဗာကွန်ဖိဒန့်ကြောင့်လည်း ဖြစ်နိုင်သလို ဘေးကနေ ဝိုင်းမြှောက်ပေးနေတဲ့ သူတွေကြောင့်လည်း ပါတယ်။
ကျန်တာမကြည့်နဲ့ဗျာ ဘနားနားလို ဘာအရည်အချင်းမှ မရှိတဲ့ကောင်ကို အခကြေးငွေပေးပြီး စင်ပေါ်တက်ဆိုခိုင်းတာတွေ၊ ဒိန်းဒေါင်လို ကောင်မျိုးက မြှောက်ပေးပြီး စင်ပေါ်မှာ တက် ကခိုင်းတာတွေက အရူးကို ဘုံမြှောက်ပေးသလိုဖြစ်ပြီး နဂိုကထက် ပိုပြီး ရူးတော့တာပဲ။
ဂျပုလည်း ဒီအတိုင်းပဲ။
သူလုပ်သမျှ ဘာမှ မအောင်မြင်ဘူး။ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကအစ တခုပြီး တခု ကျရှုံးနေတာတောင် ကျော်စိုးဦးလိုကောင်မျိုးက ဘာပြောလဲဆိုရင် အဘကာချုပ်ကြီး သမ္မတဖြစ်ဖို့ သန်း ၅၀ သော ပြည်သူတွေက မျှော်လင့်နေကြပါတယ်ဆိုပြီး မြှောက်ပေးခဲ့တာပဲ။
ဂျပုရူးတာလည်း မပြောနဲ့ ဒီစောက်ဂျပုဘေးမှာ ကျော်စိုးဦးလိုကောင်စားမျိုး ဘယ်နှစ်ယောက်ရှိနေမလဲဆိုတာ တွေးသာကြည့်ပေတော့။
ဒီတော့ ဘာဖြစ်လဲ ကိုယ်စောက်သုံးမကျလို့ စောက်သုံးမကျတာကို ဒီကောင်တွေ မမြင်တော့ဘဲ လူတွေက အားနေဘလိန်းတယ်၊ ဘာတခုမှ မကူညီချင်ဘူး စတဲ့ ကိုယ်တိုင် အသုံးမကျတာကို မမြင်ဘဲ သူ့ကို မထောက်ခံတဲ့သူတွေကိုပဲ အပြစ်မြင်ကြတော့တယ်။
ဒီတိုင်းဆက်သွားတိုင်းပြည်က ခုထက်ပိုပြီး ဆိုးသွမ်းတာကလွဲရင် ဘာမှတိုးတက်လာစရာမရှိဘူး။ ဘာကြောင့်လဲ ဘနားနားလိုဦးနှောက်နဲ့ကောင်က ပုလ္လင်ပေါ်တက်ထိုင်ပြီး ဘေးကနေ ဇွန်နီလာဌေးအဖေလို ငှက်ပျောသီးဝိုင်းကျွေးနေတဲ့သူတွေ များနေသလို ရန်အောင်လို ဘေးကနေ ထိုင်ကြည့်နေတဲ့ သူတွေလည်း ရှိနေလို့ပဲ။
တကယ်ကျက်သရေကို အတုံးလိုက်၊ အဖတ်လိုက်၊ အရည်ပျော်လိုက်ကို တုံးတဲ့ ဘနားနား သမ္မတကြီးတိုင်းပြည် ဖြစ်နေပြီ ...
မဆုတ်မနစ် ကြံ့ကြံခံလုံ့ပြီး လုံ့လရှိခြင်း
လူတွေမှာ တချို့ talent သိပ်လဲ ကောင်းလှတယ်မဟုတ်ပဲနဲ့ ဘာလို့အောင်မြင်ကြသလဲဆိုတာ စိတ်ပညာရှင်တွေ လေ့လာထားတာရှိတယ် စိတ်ဝင်စားဖို့ကောင်းတယ်။ (အသေးစိတ်ကတော့ Angela Duckworth ရဲ့ paper သွားဖတ်ပေါ့ )
Monday, July 27, 2026
❝ ဘဝမှာ “လွှတ်ထားတတ်ခြင်း” က “ကြိုးစားခြင်း” လောက် အရေးကြီးပါတယ် ❞
ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေကို လိုက်ထိန်းချုပ်ဖို့ ကြိုးစားနေရသရွေ့… ကိုယ့်ဘဝက မလိုအပ်တဲ့ ပင်ပန်းမှုတွေနဲ့ ပြည့်နေဦးမှာပါ။စီးပွားရေးလုပ်လာတဲ့ နှစ်တွေတလျှောက်ရော၊ ဘဝအတွေ့အကြုံတွေများလာတာနဲ့အမျှရော… ကျမ သင်ယူခဲ့ရတဲ့ အရေးကြီးဆုံး သင်ခန်းစာတွေထဲက တစ်ခုကတော့ “ထိန်းချုပ်နိုင်တာနဲ့ မထိန်းချုပ်နိုင်တာကို ခွဲသိတတ်ခြင်း” ပါပဲ။ငယ်ငယ်တုန်းကတော့… လူတိုင်းကို ကိုယ်နားလည်စေချင်ခဲ့တယ်။ ကိုယ့်စေတနာကို လူတိုင်းမြင်စေချင်ခဲ့တယ်။ ကိုယ်မှန်နေရင် နောက်ဆုံးမှာ လူတိုင်းလက်ခံမယ်လို့ ထင်ခဲ့ဖူးတယ်။
ဒါပေမယ့်… အတွေ့အကြုံတွေက သင်ပေးလိုက်တာကတော့ အဲဒီလို မဟုတ်ဘူးဆိုတာပါ။တချို့လူတွေက ကိုယ့်ကို ကြိုက်မယ်။တချို့လူတွေက မကြိုက်ဘူး။တချို့က အားပေးမယ်။တချို့က ဝေဖန်မယ်။တချို့က ကိုယ်မလုပ်တဲ့အရာကိုတောင် ကိုယ်လုပ်တယ်လို့ ပြောမယ်။အဲဒီအရာတွေထဲက အများစုဟာ… ကျမ ထိန်းချုပ်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး။အစပိုင်းမှာတော့ အဲဒါတွေကို လိုက်ရှင်းပြဖို့ ကြိုးစားခဲ့တယ်။လူတိုင်းနားလည်အောင် လုပ်ဖို့ ကြိုးစားခဲ့တယ်။လူတိုင်းကျေနပ်အောင် နေဖို့ ကြိုးစားခဲ့တယ်။
နောက်ဆုံးမှာ ပင်ပန်းသွားတာက… ကိုယ်ပဲ ဖြစ်တယ်။
အဲဒီနေ့ကစပြီး ကျမ စဉ်းစားပုံ ပြောင်းလိုက်တယ်။လူတွေ ဘာပြောမလဲဆိုတာထက်… ကျမ ဘာလုပ်မလဲဆိုတာကို ပိုအာရုံစိုက်တယ်။Customer တွေအားလုံးကို မထိန်းချုပ်နိုင်ဘူး။ဈေးကွက်အခြေအနေကို မထိန်းချုပ်နိုင်ဘူး။စီးပွားရေးအတက်အကျကို မထိန်းချုပ်နိုင်ဘူး။
တခြားသူရဲ့ အတွေးအမြင်ကိုလည်း မထိန်းချုပ်နိုင်ဘူး။
ဒါပေမယ့်…ကိုယ့်ရဲ့ အလုပ်လုပ်ပုံကိုတော့ ထိန်းချုပ်နိုင်တယ်။ကိုယ့်ရဲ့ စကားပြောပုံကိုတော့ ထိန်းချုပ်နိုင်တယ်။ကိုယ့်ရဲ့ ရိုးသားမှုကိုတော့ ထိန်းချုပ်နိုင်တယ်။ကိုယ့်ရဲ့ သင်ယူမှုနဲ့ ကြိုးစားမှုကိုတော့ ထိန်းချုပ်နိုင်တယ်။
စီးပွားရေးလောကမှာ အောင်မြင်တဲ့သူတွေကို ကြည့်လိုက်ရင်… သူတို့အချိန်အများစုကို တခြားသူတွေ ဘာလုပ်နေသလဲဆိုတာ ကြည့်ရင်း မကုန်ဆုံးကြဘူး။သူတို့က ကိုယ်လုပ်သင့်တဲ့အရာကို နေ့တိုင်း ပိုကောင်းအောင် လုပ်နေကြတာပါ။ဘဝမှာလည်း အတူတူပါပဲ။ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် စိတ်ပူနေတဲ့ မိနစ်တိုင်းဟာ… ကိုယ်တိုးတက်နိုင်မယ့်အချိန်တွေကို ဆုံးရှုံးနေတာပါ။ကျမ သဘောပေါက်လာတာ တစ်ခုရှိတယ်။အင်အားကြီးတဲ့သူဆိုတာ… အရာအားလုံးကိုထိန်းချုပ်နိုင်တဲ့သူ မဟုတ်ဘူး။ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေကိုပဲ စိတ်ရှည်ရှည်နဲ့ အာရုံစိုက်နိုင်တဲ့သူ ဖြစ်တယ်။
အဲဒီစိတ်ဓာတ်က လူတစ်ယောက်ကို တည်ငြိမ်စေတယ်။
ဆုံးဖြတ်ချက်တွေကို ပိုမှန်စေတယ်။စီးပွားရေးမှာလည်း ရေရှည်အောင်မြင်မှုကို တည်ဆောက်ပေးတယ်။နောက်ဆုံးမှာ…ဘဝကို ပင်ပန်းစေတာက ပြဿနာတွေ မဟုတ်ပါဘူး။ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေကို လက်မလွှတ်နိုင်သေးတဲ့ စိတ် ဖြစ်ပါတယ်။ဘဝကို ပိုပေါ့ပါးချင်ရင် အရင်ဆုံး လွှတ်ထားတတ်ဖို့ သင်ယူပါ။ဘဝကို ပိုအင်အားကြီးချင်ရင်…ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ်မှာပဲ နေ့တိုင်း အာရုံစိုက်ပါ။ဘာလို့လဲဆိုတော့…ကိုယ့်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တာက… ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ကိုယ်နေ့တိုင်း ရွေးချယ်ပြီး လုပ်ဆောင်နေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
မာလာမှုန့် ပြုလုပ်နည်း
လူ ၁၀၀မှာ ၉၉ယောက်လောက်ကြိုက်ကြတဲ့… မာလာရှမ်းကောတို့၊ မာလာဒုတ်ထိုးတို့၊ မာလာဟင်းတို့ စားတဲ့အခါ အဓိက အသက်က "မာလာမှုန့်" ပဲမလား?
ကဲ... ပါဝင်ပစ္စည်းလေးတွေနဲ့ လုပ်နည်းကို ကြည့်လိုက်ရအောင်နော်
ငါးမျိုးစပ် ပေါင်ဒါမှုန့် (Five Spices Powder) - ၁ ထုပ်
(သစ်ဂျပိုးခေါက်၊ နာနတ်ပွင့်၊ လေးညှင်းပွင့်၊ ဇီယာစေ့၊ စမုန်စပါး ကြိတ်ထားသော အမှုန့်)
အထုံစေ့ (Sichuan Pepper) - ၁ ထုပ်
နှမ်း - ၁ ထုပ် (ထောင်းရန်အတွက် တစ်ဝက်ချန်ထားပါ)
ငရုတ်သီး အလှော်မှုန့် - ၂ ဇွန်း
ငရုတ်သီး ပေါင်ဒါမှုန့် (သို့) အရောင်တင်မှုန့် - ၁ ထုပ်
ဆား - မိမိစိတ်ကြိုက် (အချိုးအစားအလိုက်)
ကြက်သားမှုန့် (သို့) အချိုမှုန့် - မိမိစိတ်ကြိုက်
သကြား - နည်းနည်း (တရုတ်အရသာ စစ်စစ် ကြိုက်နှစ်သက်သူများအတွက်)
အဆင့် (၁) - ပါဝင်ပစ္စည်းများ လှော်ခြင်း
၁။ အရင်ဆုံး နှမ်းတွေကို အိုးထဲထည့်ပြီး မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း မွှေးလာပြီး အရောင်ပြောင်းတဲ့အထိ လှော်ပေးပါ။
၂။ ပြီးရင် အထုံစေ့ကိုလည်း အိုးထဲထည့်ပြီး လှော်ပေးပါ။ (
၃။ နောက်ဆုံးမှာတော့ ဝယ်ထားတဲ့ ငါးမျိုးစပ် ပေါင်ဒါအမှုန့်လေးကိုလည်း မီးအေးအေးလေးနဲ့ မွှေးသွားအောင် ခဏလှော်ပေးရပါမယ်။
အဆင့် (၂) - ထောင်းခြင်းနှင့် ရောစပ်ခြင်း
၄။ လှော်ထားတဲ့ အထုံစေ့ကို ညက်သွားအောင် အရင်ဆုံး ထောင်းပေးပါ (ကြိတ်စက်ရှိရင် ကြိတ်စက်နဲ့ ကြိတ်လို့ရပါတယ်ရှင်)။
၅။ အထုံစေ့ ညက်ပြီဆိုရင် ခုနကလှော်ထားတဲ့ နှမ်းတစ်ဝက်ကို ထည့်ပြီး "မညက်တညက်လေး" ထပ်ထောင်းပေးပါ။
၆။ ပြီးရင်တော့ ဇလုံတစ်ခုထဲမှာ ထောင်းထားတဲ့ အထုံစေ့နဲ့ နှမ်း၊ လှော်ထားတဲ့ ငါးမျိုးစပ် ပေါင်ဒါမှုန့်၊ ငရုတ်သီးအလှော်မှုန့် (၂ ဇွန်း) နဲ့ ငရုတ်သီးပေါင်ဒါမှုန့် (သို့) အရောင်တင်မှုန့်တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။
အဆင့် (၃) - အရသာသွင်းခြင်း
၇။ အကုန်လုံး သမသွားပြီဆိုရင် အရသာအတွက် ဆား၊ ကြက်သားမှုန့် (သို့) အချိုမှုန့် ထည့်ပါ။ တရုတ်အရသာစစ်စစ်လေး ကြိုက်ရင် သကြားနည်းနည်း ထည့်နိုင်ပြီး၊ မြန်မာတွေအကြိုက်ဆိုရင်တော့ သကြားမထည့်ဘဲ စားနိုင်ပါတယ်ရှင်။
၈။ မိမိစိတ်ကြိုက် အရသာ အပေါ့အငန် မြည်းပြီး လိုအပ်တာ ထပ်ဖြည့်လိုက်ရင်တော့ ရှယ်ကျကျ ကွက်တိ မာလာမှုန့်လေး ရပါပြီနော်။