Wednesday, August 5, 2026

မဆုတ်မနစ် ကြံ့ကြံခံလုံ့ပြီး လုံ့လရှိခြင်း

 လူတွေမှာ တချို့ talent သိပ်လဲ ကောင်းလှတယ်မဟုတ်ပဲနဲ့ ဘာလို့အောင်မြင်ကြသလဲဆိုတာ စိတ်ပညာရှင်တွေ လေ့လာထားတာရှိတယ် စိတ်ဝင်စားဖို့ကောင်းတယ်။ (အသေးစိတ်ကတော့ Angela Duckworth ရဲ့ paper သွားဖတ်ပေါ့ )

GRIT လို့ခေါ်တာ။ Grit ဆိုရင်တော့ မဆုတ်မနစ် ကြံ့ကြံခံလုံ့ပြီး လုံ့လရှိခြင်းလို့ အဓိပ္ပာယ်ဖွင့်ရမယ်။ အဓိက ဒေါက်တိုက်‌လေးခုရှိတယ်။
1.Gut
သတ္တိ ဒါမှမလုပ် လုပ်ရဲကိုင်ရဲတာ။ Risk ရှိနေရင်တောင် အဓိပ္ပာယ်ရှိတာကို လုပ်ရဲတာဆိုတဲ့ သဘောပဲ။ ဒါဖြစ်ဖို့ ဘာလိုမလဲ ဆိုတော့ ကြောက်စရာ risk တွေရှိရင်တောင် ကိုယ်လိုချင်တာက တန်ဖိုးရှိတယ်ဆိုတာနားလည်မယ်၊ ဒါကို လုပ်သင့်တယ်ဆိုတာကို စိတ်ပိုင်းဖြတ်ပြီး သေချာလုပ်မယ်။
2. Resilience
လူတိုင်းလုပ်သမျှသာဖြစ်နေရင် လူတိုင်း လူတော်ဖြစ်ပြီး လူတိုင်းချမ်းသာ အောင်မြင် ကုန်ကြမှာပဲ။ လုပ်တိုင်းတော့ မဖြစ်ကြဘူး။ ဒါပေသိ အောင်မြင် သွားတဲ့သူတွေကျတော့ ခုနက လို အခက်အခဲ ပြဿနာတွေ ကျရှုံးမှု့တွေ အဆင်မပြေတာတွေနဲ့ ရင်ဆိုင်ရရင်တောင် အရှုံးမပေးသွားပဲ ကြံ့ကြံံခံ ဆက်လုပ်ကြတာမျိုးကို Resilience လို့ ဆိုလိုတာ။ Resilience ရှိဖို့ ဘာလိုမလဲ အားပေးနိုင် ထောက်ပံ့နိုင်တဲ့ emotional ဖြစ်ဖြစ် financial ဖြစ်ဖြစ် အားပေးတာဖြစ်ဖြစ် လုပ်ပေးတတ်တဲ့ ပတ်ဝန်းကျင်မျိုး၊ အသိုင်းအဝိုင်းမျိုး နောက် ကိုယ်တိုင်ကလဲ emotional healing လုပ်နိုင်တာမျိုး ဒါတွေလိုတယ်။ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာကျန်းမာတာ ကောင်းမွန်တဲ့ အတွေးမျိုးရှိတာ( တခုခုမှာ ကျရှုံးသွားရင်တောင် ငါတော့ သင်ခန်းစာ ရလိုက်တာပါလား ငါဒါကနေ ဘာသင်ယူလို့ရလိုက်လဲလို့ တွေးတာမျိုး အဲ့လိုမျိုးမဟုတ်ပဲ ငါကတော့ ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုရင်တော့ healthy မဖြစ်ဘူးပေါ့)
3. Initiative
ခိုင်းမှလုပ်တာထက် ကိုယ်တိုင်က အစပြုပြီးလုပ်တာမျိုး၊ ဥပမာ ကျောင်းသားဘဝဆို မိဘက စာကျက်ခိုင်းမှ ကျက်တဲ့သူမျိုး မဟုတ်ပဲ ကိုယ်ပိုင် အသိစိတ်နဲ့ လုပ်တတ်တဲ့သူမျိုး။ ဒါမျိုးကျ ကိုယ့်ကိုကိုယ် တာဝန်ယူတတ်တဲ့သူမျိုး ဖြစ်တယ်။ အဲ့တော့ အောင်မြင်တာ ကျရှုံးတာက သူများနဲ့ မဆိုင်ပဲ ကိုယ်နဲ့ပဲ လုံးလုံးဆိုင်တယ်။ အဲ့တော့ သူများလွှဲမချဘူး ကိုယ့်ကိုကိုယ် ပြင်မယ် ပိုတိုးတတ်မယ်ပေါ့။ အော် လုပ်သမျှ မဖြစ်တာငါ့ကြောင့်မဟုတ်ဘူးဆိုရင်တော့ ဖြစ်မလာဘူးပေါ့။ Initiative ဒါဖြစ်ဖို့ ဘာလိုလဲဆိုတော့ ကိုယ်တိုင် အသိစိတ်နဲ့ စလုပ်ဖို့လိုတယ်။ လုပ်တဲ့အခါ ရည်မှန်းချက်ရှိဖို့လိုတယ်။ ဇွဲရှိဖို့ ကောက်ရိုးမီးမဖြစ်ဖို့လိုတယ်။
4. Tenacity
သူ့ကျတော့ Goal directed action ‌ပေါ့။ Goal directed action ဆိုတာကလဲ ရှုပ်တယ်။ လူတွေမှာကြိုးတော့ကြိုးစားတယ် အားတော့ထုတ်တယ် မဟုတ်တာတွေ ချည်းပဲ ဆိုလဲ ကောင်းတာဖြစ်လာမှာမဟုတ်ဘူး။ ဥပမာ ရန်ကုန်ကနေ မန္တလေး သွားချင်တဲ့သူက သူသွားနေတာက မန္တလေး ရောက်တဲ့ လမ်းမဟုတ်ရင် ဘယ်လောက်ကြိုးစားကြိုးစား မန္တလေး ရောက်မှာမဟုတ်ဘူး။ ကိုယ်သွားနေတာ လမ်းမှန်သလား ကိုယ်လုပ်နေတာဟုတ်ရဲ့လားဆိုတာကလဲ အရေးကြီးသေးတယ်။ ဒါမို့ မဂ္ဂင် ၈ ပါးမှာ သမ္မာဝါယာမ ကနောက်မှလာပြီး သမ္မာဒိဌိက ရှေ့ကလာတာနေမယ်။
ဆိုချင်တာက ကိုယ်လိုချင်တဲ့ လမ်းရောက်ဖို့ လမ်းမှန်ဖြစ်ရဲ့လားဆိုတဲ့ ဉာဏ်ဦီးစီးတဲ့ လုံ့လမျိုးကိုဆိုချင်တာ။

No comments:

Post a Comment