Friday, February 6, 2026

Elite Society မှာ Dark Sides တွေ ဘာကြောင့် ပိုများလဲ?

 အထက်တန်းလွှာ (Elite Society) မှာ သာမာန်လူတွေ စဉ်းစားလို့တောင်မရတဲ့ အမှောင်ခြမ်း(Dark Sides)တွေ ဘာကြောင့် ပိုများလဲ?


ပုံမှန်ဆို ဒီလို Extensive Topics တွေကို ဝင်ပြောလေ့မရှိတော့တာကြာပြီဆိုပေမဲ့ ဒီတစ်ခေါက် social media မှာပါ viral အရမ်းဖြစ်လာတဲ့ Jeffery Epstein ရဲ့ leaked files တွေအကြောင်း လိုက်ဖတ်ရင်းနဲ့ ညတောင်အိပ်မပျော်ခဲ့ဘူး ဘယ်လိုတောင်ရက်စက်နိုင်ကြလဲ ဆိုပြီးပေါ့။ အဲ့တာနဲ့ပဲ စိတ်ပညာရှုထောင့်ကနေ ဆောင်းပါးဆန်ဆန် စာတစ်ပုဒ်ရေးမိတယ်ပေါ့လေ။ စာမရေးတာကြာတော့ စာတွေထောက်နေရင်တော့ သည်းခံပေါ့။

အထက်တန်းလူ့အဖွဲ့အစည်းကို လူအများက လှပမှု၊ ခမ်းနားမှု၊ငွေကြေး၊ အာဏာ၊ အထူးအခွင့်အရေးတွေနဲ့ တွဲပြီး မြင်ကြ အားကျ ကြတယ်ပေါ့လေ။ အဲ့လိုအပေါ်ယံတွေကိုကြည့်ပြီး သူတို့မှာရှိတဲ့အရာအားလုံးက ခြောက်ပစ်ကင်းသဲလဲစင်ဆိုပြီး ယေဘူယျအားဖြင့်သတ်မှတ်လိုက်မိကြတယ် (Halo effect ) ပေါ့ ဒါပေမယ့် စိတ်ပညာဘက်ကနေ ကြည့်မယ်ဆိုရင်
အလွန်အကျူးရရှိနေတဲ့ လုပ်ပိုင်ခွင့်တို့ အခွင့်အရေးတွေက ကြောက်ခမန်းလိလိ လူ့စိတ်ကို မညှာမတာ ပြောင်းလဲပစ်နိုင်ပါတယ်။

လုပ်ပိုင်ခွင့် လုပ်နိုင်ခွင့်တွေ အလွန်အကျူးရလာလေလေ ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းဘောင်တွေကို လွယ်လွယ်ကျော်လို့ရလာလေလေ လူ့စိတ်ထဲမှာရှိပြီးသား အမှောင်ခြမ်းတွေက ပိုပြီး ထွက်ပေါ်လာတတ်ပါတယ်။

⸻
⚫️ ၁။ အခွင့်ထူးခံလုပ်ပိုင်ခွင့်တွေက ဦးနှောက်ကို ပြောင်းလဲစေပါတယ်

အမြောက်အများသော သုတေသနတွေရဲ့ ကောက်နှုတ်ချက်တွေအရတော့
အာဏာရှိလာလေလေ အခြားသူတွေအပေါ် သနားကြင်နာမှု လျော့သွားပြီး ကိုယ်လိုချင်တာကို ချက်ချင်း လုပ်ချင်စိတ် ပိုလာတယ် ဆိုတာပါ။

လုပ်ပိုင်ခွင့်များများပိုရတဲ့ အာဏာရှိတဲ့လူတွေက အခြားလူတွေကို
လူသားအနေနဲ့ မမြင်တော့ဘဲ
အသုံးချနိုင်တဲ့ အရာ၊ ခြိမ်းခြောက်မှု၊ သို့မဟုတ် ပိုင်ဆိုင်ရမယ့် အရာလို မြင်လာတတ်ကြပါတယ်။

ဒါကြောင့် အထက်တန်းလူတွေ အချို့ဟာ စိတ်ပိုင်းဆိုင်ရာ အေးစက်သွားကြပါတယ်။

⸻

⚫️ ၂။ ကန့်သတ်ချက်တွေ ပျောက်သွားတဲ့အခါ စိတ်အမှောင်ဘက် ထွက်လာတယ်

သာမန်လူတွေမှာ လူ့ဘောင်စည်းတစ်ခုခုကိုကျော်မိရင်
အပြစ်ပေးမယ်၊ လူ့အမြင်မကောင်းဘူး၊ ဒဏ်ခတ်ခံရမယ် ဆိုတဲ့
ကြောက်ရွံ့မှုတွေက ကိုယ့်အပြုအမူ အပြောအဆို အနေအထိုင်ကို ထိန်းထားပေးပါတယ်။

ဒါပေမယ့် အထက်တန်းလူတွေမှာ
ငွေ၊ ဆက်ဆံရေး၊ အာဏာကြောင့်
ဒီကန့်သတ်ချက်တွေ မှေးမှိန်ပျောက်ကွယ်သွားတတ်တယ်။

ဒါကို စိတ်ပညာမှာ Disinhibition လို့ခေါ်ပါတယ် —
မလုပ်သင့်ဘူးလို့ တားထားတဲ့ စိတ်ပိုင်းဆိုင်ရာ ဘရိတ်တွေ ပျက်သွားခြင်းပါ။

အဲ့ဒီအခါ
လူ့စိတ်ထဲမှာ ဖုံးကွယ်ထားတဲ့ အာဏာလိုချင်မှု၊ လွန်ကဲမှု၊ ထိန်းချုပ်ချင်စိတ် တွေ ထွက်လာပါတယ်။

⸻

⚫️ ၃။ ကလေးဘဝဒဏ်ရာ +အခွင့်ထူးခံလုပ်ပိုင်ခွင့် = အန္တရာယ်ရှိတဲ့ ကိုယ်ရည်ကိုယ်သွေး

အထက်တန်းမိသားစုများစွာမှာ
ကလေးတွေကို ချစ်ခြင်းမဲ့ပြီး ဖိအားများတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းစေတတ်ပါတယ်။

သူတို့ ငယ်ဘဝကတည်းက သင်ယူရတာက—

“ငါတန်ဖိုးရှိဖို့ အောင်မြင်ရမယ်၊ အာဏာရှိရမယ်”

ဒီလို attachment wound (ချစ်ခြင်းဆိုင်ရာ ဒဏ်ရာ) ရှိတဲ့သူက
အာဏာရလာတဲ့အခါ
ကိုယ့်ကိုယ်ကို မလုံခြုံဘဲ အလွန်အကျွံ ကိုယ်ကိုကြီးမြတ်တယ်လို့ ထင်လာ တတ်ပါတယ်။

အာဏာဟာ သူတို့အတွက် ချစ်ခြင်းရဲ့ အစားထိုးဖြစ်လာပါတယ်။

⸻

⚫️ ၄။ ချစ်ခြင်းအစား ထိန်းချုပ်ခြင်းကို ရွေးကြတယ်

ချစ်ခြင်းဆိုတာ
အားနည်းမှု၊ ဖွင့်ဟမှု လိုအပ်ပါတယ်။

ဒါပေမယ့် ကလေးဘဝမှာ ချစ်ခြင်းမရခဲ့သူတွေက
အားနည်းမှုကို ကြောက်တတ်ကြပါတယ်။

ဒါကြောင့်
ချစ်မယ့်အစား
ထိန်းချုပ်တတ်၊ ငွေနဲ့ ဝယ်တတ်၊ လွှမ်းမိုးတတ် ကြပါတယ်။

အထက်တန်းမှာ ဆက်ဆံရေးတွေက
စျေးကွက်လို ဖြစ်လာပါတယ် —
သစ္စာကို ဝယ်တယ်
မေတ္တာကို ညှိနှိုင်းတယ်
တိတ်ဆိတ်ငြိမ်ခံနေမှုကို ငွေနဲ့ ပိတ်တယ်

⸻

⚫️ ၅။ လှုံ့ဆော်မှု မရှိတော့တဲ့ ဦးနှောက်

အမြဲတမ်း လှပမှု၊ ခရီးသွားမှု၊ အာရုံစိုက်မှု ရနေတဲ့ ဦးနှောက်က
နောက်ဆုံးမှာ အထိမခံ (over stimulation) ဖြစ်လာတတ်ပါတယ်။

အဲ့ဒီအခါ
သာမန်အပျော်တွေ မလုံလောက်တော့ဘဲ
အန္တရာယ်ရှိတဲ့ အတွေ့အကြုံတွေ၊ တားမြစ်ထားတဲ့ အရာတွေကို လိုက်ရှာတတ်ပါတယ်။

သူတို့ ပျော်ချင်တာမဟုတ်တော့ဘဲ
တစ်ခုခုကို ခံစားချင်နေတာပါ။

⸻

အမှန်တရား

အထက်တန်းမှာ
ငွေက စိတ်ဒဏ်ရာတွေကို မကုသပေးပါဘူး —
ဖုံးကွယ်ပေးတာပဲ ဖြစ်ပါတယ်။

အာဏာက လူကို ကောင်းအောင်မလုပ်ဘဲ
သူ့အတွင်းရှိပြီးသားအရာကို ပိုမိုကြီးထွားစေပါတယ်။

ဒါကြောင့် အထက်တန်းမှာ
အလှအပအောက်မှာ
အထီးကျန်မှု၊ ကြောက်ရွံ့မှု၊ မယုံကြည်နိုင်မှု၊
နဲ့ စိတ်အမှောင်ဘက်တွေ ဖုံးကွယ်နေတတ်ပါတယ်။

အခွင့်ထူးခံ လုပ်ပိုင်ခွင့်ရှိသော်လည်း စိတ်ဓါတ်မပျက်စီးအောင် ဘယ်လိုနေကြမလဲ?

အာဏာ၊ ငွေ၊ အောင်မြင်မှုတွေက လူကို ကောင်းအောင်လုပ်မပေးပါဘူး။
အဲ့ဒီအရာတွေက လူ့အတွင်းရှိပြီးသားအရာကို ပိုမိုကြီးထွားစေ ပါတယ်။

ဒါကြောင့်
စိတ်ကောင်းမရှိသူ လိုအပ်တာထက် လုပ်ပိုင်ခွင့်ရရင် ပိုဆိုးလာနိုင်သလို
စိတ်ကောင်းရှိသူ အာဏာရရင် လူတွေအတွက် အလင်းဖြစ်နိုင်ပါတယ်။

လုပ်ပိုင်ခွင့်အာဏာ ငွေကြေး အောင်မြင်မှုရှိသော်လည်း အတွင်းလူသားဆန်စွာ နေနိုင်ဖို့ အရေးကြီးဆုံး စည်းကမ်းတွေကိုလေ့လာမိသလောက် ဝေမျှချင်ပါတယ်

⸻

⚫️ ၁။ ကိုယ့်စိတ်အမှောင်ဘက်ကို သိထားပါ

လူတိုင်းမှာ
လုပ်ပိုင်ခွင့်အာဏာလိုချင်စိတ်
မနာလိုစိတ်
ထိန်းချုပ်ချင်စိတ်
ရှိပါတယ်။

အဲ့ဒါတွေ မရှိဘူးလို့ ငြင်းလေလေ
အဲ့ဒါတွေက ပိုပြီး ထိန်းချုပ်လာတတ်ပါတယ်။

ကိုယ့်ကိုယ်ကို အမြဲမေးပါ—

“ငါ ဒီလိုလုပ်တာ အာဏာလိုချင်လို့လား
ဒါမှမဟုတ် အမှန်တရားကြောင့်လား?”

⸻

⚫️ ၂။ ကိုယ့်ကို မကြောက်တဲ့ လူတွေကို အနားမှာထားပါ

အာဏာရှိလာတဲ့အခါ
လူအများစုက
အမှန်မပြောတော့ဘဲ
ကိုယ့်ကို စိတ်ချမ်းသာအောင် ဝမ်းသာအောင်ပဲ ပြောလာတတ်ပါတယ်။

ဒါက အန္တရာယ်အကြီးဆုံးပါ။

မင်းကို—
• မကြောက်တဲ့သူ
• မင်းမှားရင် ပြောရဲတဲ့သူ
• မင်းကို လူသားလို ဆက်ဆံတဲ့သူ

ကို အနားမှာ ထားထားရပါမယ်။

⸻

⚫️ ၃။ မင်းရဲ့ဘဝကို စိတ်ဝိညာဉ်(soul)မရှိအောင် မလုပ်ပါနဲ့

ငွေကြေး အာဏာ အောင်မြင်မှုက
လူကို စက်လို ဖြစ်သွားစေနိုင်ပါတယ်။

ဒါကြောင့်—
• အနုပညာ
• သဘာဝ
• တိတ်ဆိတ်ချိန်
• လူအမှန်တွေ

နဲ့ ဆက်နေပါ။

ဒီအရာတွေက
မင်းကို လူသားဆန်နေသေးကြောင်းပြန်သတိပေးပါတယ်။

⸻

⚫️ ၄။ ကိုယ်ကရော ကိုယ့်ကိုရော အကြောင်းအရင်းတစ်စုံတစ်ရာမလိုအပ်တဲ့သူတွေနဲ့လည်း ဆက်နေပါ

မင်းဆီက
ဘာမှ မရနိုင်တဲ့သူတွေ ကိုယ်ကလဲ သူ့ဆီကဘာမှမရနိုင်တဲ့—
လူတွေနဲ့ ဆက်နေပါ။

ဒါက မင်းကို—

“ငါတန်ဖိုးရှိတာ ငွေကြေး အာဏာ အောင်မြင်မှုကြောင့်မဟုတ်ဘူး
လူဖြစ်နေတာကြောင့်ပါ”

ဆိုတာ သတိပေးပါတယ်။

⸻

⚫️ ၅။ လုပ်ပိုင်ခွင့် အောင်မြင်မှုကို ကိုယ့်ကိုယ်တိုးချဲ့ဖို့ မသုံးပါနဲ့

Superficial things တွေက
ကိုယ့်အနာတွေ ဖုံးဖို့ သုံးရင်
လူက အတွင်းပိုင်း ပိုကွဲသွားတတ်ပါတယ်။

လုပ်ပိုင်ခွင့်ကို—
• ကူညီဖို့
• ကာကွယ်ဖို့
• တရားမျှတမှု တိုးစေဖို့သုံးတဲ့အခါ
လူတွေစိတ်က မပျက်ယွင်းတော့ပါဘူး။

⸻

အဆုံးသတ် အနေနဲ့ပြောရရင်တော့

လုပ်ပိုင်ခွင့် အာဏာဟာ စမ်းသပ်ချက်တစ်ခုပါ။
လူကို မပြောင်းပါဘူး —
ရှိပြီးသားအတွင်းစိတ်အမှန်ကို ဖော်ထုတ်ပေးတာပါ။

ကိုယ့်ရဲ့မှန်ကန်တဲ့ ပုံရိပ်ကို နေ့တိုင်း ပြန်ရှာတွေ့နေနိုင်ရင်
မင်း အမြင့်ကို တက်သွားလည်း
မင်းရဲ့ စိတ်က ကျပြီး မကျန်ခဲ့ပါဘူး 🌿

February 4th, 2026

မအလကြောင့် စိုးရိမ်စရာမြန်မာ

 စိုးရိမ်စရာ ကောင်းပါတယ်။


မူလက ခန့်မှန်းတာ သူ့ကို ICC မှာ တရားစွဲမှာ ကြောက်လို့ ဒီလိုလုပ်တယ်။ ဒါအကျိုးအကြောင်း ဆီလျော်ပါတယ်။
နောက်တော့ သူတို့ ရက်ရက်စက်စက်ကြီး ပြည်သူတွေ အပေါ် လုပ်နေတာ၊ နိုင်ငံတကာ အကျိုးဆက် မစဥ်းစားတော့ပဲ လုံးဝ ဦးနှောက် မသုံးတော့တာကို ကြည့်ပြီး သမ္မတရူးတယ် ယူဆမိပါတယ်။

သို့သော် ဒီ ရှေ့အဖြစ်အပျက်တွေ နောက်ဆုံး အဖြစ်အပျက်တွေဖြစ်တဲ့
-နိုင်ငံတော် အတိုင်ပင်ခံ သဘောမျိုး အတိုင်ပင်ခံကောင်စီဖွဲ့တာ၊
-ကိုယ်ခန့်ထားတဲ့ တက္ကသိုလ်ပါမောက္ခချုပ် ဆီကနေ ဒေါက်တာဘွဲ့ယူတာ၊
ဘွဲ့ယူတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်လိုယူတာ၊
ဒီ အချက် သုံးချက်ဟာ မူ မမှန်ပါဘူး။

အတိုင်ပင်ခံ ကောင်စီဖွဲ့တာကို အာဏာကို လက်မလွှတ်ချင်လို့ ဆိုတဲ့ ယူဆချက်နဲ့ ပုံမှန်ဦးအနေနဲ့ တွေးလို့ ရပေမယ့် ၊ ဒေါက်တာဘွဲ့ကိုယ့်ကိုပေးတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်လို ဝတ်တာတွေဟာ စိတ်ရောဂါ အခြေအနေ ကိုတွေ့ရပါတယ်။

စစ်ဗိုလ်ချုပ်တွေ ဟာ ပုံမှန်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို မကြည်လင်ကြဘူး ဆိုပေမယ့်၊ သန်းရွှေ၊ ခင်ညွန့် ဘယ်သူကမှ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်တယ်ဆိုတာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို လဲ မမြင်လိုက်ရတာ ပါ မယ်။ သူတို့ က ဒေါ်အောင်ဆန်းစုကြည်ကို အောက်နှိမ့်ထားပြီး ထိမ်းချုပ်ထားနိုင်တယ်လို့ ယူဆ လို့လဲဖြစ်ပါမယ်။ မင်းအောင်လှိုင်ကျတော့ ကမ္ဘာ့အမြင်ရော၊ တနိုင်ငံလုံးရဲ့ အမြင်မှာပါ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်အောက်မှာနေ ခဲ့ရတဲ့သဘောဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခန်းနား ထည်ဝါ မှုတွေကို မထင်မှတ်လောက်အောင် ရင်သပ်ရှုမော မြင်ခဲ့ရပုံပါပဲ။

ကျနော်တို့ စိတ်ကူးယဉ် စိတ္တဇ ကားတွေ မှာတွေ့ဖူးမယ်ထင်ပါတယ်။ လူတစ်ယောက်ကို တအားမုန်းတီး၊ သို့သော် တအား အားကျ တဲ့အခါ သူ့လို ဝတ်စားပြီးနောက်ဆုံးမှာ အဆုံးစီရင်လိုက်တာ၊ ဒါကို စိတ်ပညာအရ ရောဂါလို့ သတ်မှတ်ပါတယ်။
စိတ်ပညာမှာ Obsessive Fixation (တစ်စုံတဦးကို အစွဲအလမ်းလွန်ခြင်း), Mirroring ပုံတူကူးချခြင်း ကနေ တဆင့် Psychological Identity Theft စိတ်ပိုင်းဆိုင်ရာ သူတပါးရဲ့ တည်ရှိမှုကို ခိုးယူလိုခြင်း ဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီအခြေအနေ တွေမှာ စိတ်ပညာအရ ဆင့်ကဲအခြေအနေ ၃ ရပ် ဖြစ်လာပါတယ်။

- Borderline Personality Disorder (BPD)
အားကျဖို့ ကောင်းလွန်းနေပေမယ့် ဘယ်လိုမှ မဖြစ်နိုင်လို့ အရမ်းမုန်းတီးသွားပါတယ်၊
ကိုယ်ရည်ကိုယ်သွေး မရှိသလို ခံစားရပြီးနိမ့်ကျသွားတဲ့ အတွက် သူများရဲ့ ပုံစံကို ကူးယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်တတ်ပါတယ်။

-Narcissistic Envy စိတ်ရောဂါကြီးမားတဲ့ မနာလိုမှု
ကိုယ်အရမ်းဖြစ်ချင်တဲ့ ပုံစံမျိုးရှိနေတဲ့သူကို မြင်တဲ့အခါ အားကျတာထက် "ငါ့မှာမရှိတာ သူမှာရှိနေတယ်" ဆိုတဲ့ ပြင်းထန်တဲ့ မနာလိုမှု (Pathological Envy) ဖြစ်ပေါ်လာတာပါ။
ဒီအခါမှာ အဲ့ဒီလူကို ဖျက်ဆီးပစ်ချင်စိတ် ပေါ်လာတတ်သပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေ ခင်ညွနိ့တို့လို ထိမ်းချုပ်တာမျိုး မဟုတ်တော့ပဲ ထောင်သွင်း အနှိပိစက်တာမျိုးတွေထိလုပ်ခဲ့တာပါ။ တစ်ဖက်မှာလည်း အဲ့ဒီလူရဲ့ အရှိန်အဝါကို လိုချင်တာကြောင့် သူ့လိုမျိုး လိုက်တုပ ဝတ်ဆင်တာမျိုး လုပ်တတ်ပါတယ်။ ရုရှားက ဘွဲ့ပေးတယ် ဆိုပြီး လုပ်ပြီးပါပြီ၊ အခုဟာ ဒုတိယ အကြိမ်ပါ။ သန်းရွှေ ခင်ညွန့် ဒါမျိုးတွေ မလုပ်ပါ။

Identification with the Aggressor
ဒါကတော့ကိုယ်က အရမ်းကြောက်ရ/အားကျရတဲ့သူ (Power ရှိတဲ့သူ) ရဲ့ ပုံစံကို ကူးယူလိုက်တာပါ။ သူတစ်ပါးရဲ့ စရိုက်တွေကို ကိုယ့်ထဲကို သွတ်သွင်းလိုက်တာကို စိတ်ပညာမှာ Introjection လို့ ခေါ်ပါတယ်။

နောက်ဆုံး ဖြစ်တတ်တာကတော့ စိတ်ဖောက်ပြန်မှု ဖြစ်ပါတယ်။
တကယ်တော့ ငါဟာ သူပဲ၊ ငါရဲ့ အောင်မြင်မှုတွေကို သူက ခိုးယူတာကြောင့် သူ့ကို ရှင်းပစ်ပြီး သူ့နေရာ ငါဝင်ယူရမယ်ဆိုတဲ့ စိတ်ဖောက်ပြန်တဲ့ အတွေးပါ။

ကျနော် မည်သည့် စိတ်ပညာ ရှင်နဲ့ မဆို ဒီအခြေအနေတွေကို ဆွေးနွေးရဲပါတယ်။ မင်းအောင်လှိုင်မှာ ဒီအခြေနေတွေ တစိတ်တပိုင်း၊ ဒါမှ မဟုတ် အတော်များများ ဖြစ်နေပြီ ဆိုတာ သေချာသလောက် ရှိနေပါတယ်။

သူ့အောက်က လူတွေ၊ သူ့ အနီးအနားကလူတွေ မြန်မြန် သဘောပေါက်ဖို့ လိုပါတယ်၊ ကျနော် ပြောတာကို မယုံရင် ဒါတွေနဲ့ တိုက်စစ်ကြည့်ပါ။ ခင်ဗျားတို့ အဘ၊ ခင်ဗျားတို့ တပ်ချုပ်ကြီးမှာ ဒီလို အခြေအနေတွေ တွေ့ရပါလိမ့်မယ်။

- စိတ်အစွန်းရောက် ပြောင်းလဲတတ်ပါတယ်။
လူတစ်ယောက်ကို တချိန်မှာ အကောင်းဆုံးလို့ ချီးမွမ်းပြီး ၊ နောက်တချိန်မှာ အဲ့ဒီလူကို ရန်သူလို သတ်မှတ်ပြီးမုန်းတီးတတ်ပါတယ်၊ ရုတ်တရက် အသေးအဖွဲ ကိစ္စလေးတွေမှာ ပေါက်ကွဲပြီး ပြဿနာ ရှာတတ်ပါတယ်။
သူ့ရဲ့ စိတ်ထဲမှာ အမြဲတမ်း ဟာနေတယ်လို့ ခံစားရပါတယ်၊ ဒါကြောင့် ဘေးနားက တခြားတယောက်ယောက်ကို အလွန်အမင်း အားကိုး တတ်ပါတယ်၊

- ကိုယ်ပိုင်သတ်မှတ်ချက်ပျောက်ဆုံးနေတတ်ပါတယ်။
သူနဲ့ နီးစပ်တဲ့ သူရဲ့ ဝါသနာ အကြိုက် ၊ အဝတ်အစား ပုံတွေ ရုတ်တရက်ပြောင်းလဲ တတ်ပါတယ်၊
သူရဲ့ ယုံကြည်ချက်၊ ရည်မှန်းချက်တွေ ခဏခဏ ပြောင်းတတ်ပါတယ်။

- စွန်ပစ်ခံရမှာကို အလွန်အမင်းကြောက်ရွံတတ်ပါတယ်၊
ပတ်ဝန်းကျင်ကလူတွေ သူ့ကို ဂရု မစိုက်တော့မှာ ကို တအား ကြောက်နေပါတယ်။
ဒါနဲ့ပဲ လက်အောက်ငယ်သားတွေကို နည်းမျိုးစုံနဲ့ ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်။

-လိုချင်တာ မရတဲ့ အတွက် ကမူးရှူးတိုးလုပ်ဆောင်ခြင်း။
သူ့မှာ ဘယ်လိုမှ မရှိတဲ့ အရာတွေ ကြောင့် စိတ်အမြဲထိခိုက်နေတဲ့ အတွက်စိတ်လိုက်မာန်ပါဆုံးဖြတ်ချက်တွေ ချတတ်ပါတယ်။

အရေးအကြီးဆုံးက သူရဲ့ မုန်းတီးမှုဟာ - ငါ့မှာ မရှိတာတွေ၊ ငါအရမ်းလိုချင်တာတွေ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှိနေတဲ့ ဆိုတဲ စိတ်ဒဏ်ရာက လာတာပါ။

သွက်သွက်ခါ လု နီးနီး ဖြစ်နေတဲ့ သူကို အမြန်ဆုံး ထိမ်းချုပ် နိုင်ကြပါစေ။ မဟုတ်ရင်တော့ နိုင်ငံရော၊ တန်ဖိုးရှိတဲ့ လူတွေအတွက်ရော မတွေးရဲအောင်ပါပဲ။ နောက်ဆုံး သူ့ဘေးနားက သူ့ရဲ့ သစ္စာခံတွေကိုပါ သံသယနဲ့ ရန်ရှာလာတော့မှာ ကျိန်းသေပါပဲ။

#မောင်ဝင်းဦး

ကြက်စပါလင်ဆီပြန်အနှစ်ချက်

 ကြက်သားဟင်းကို အနှစ်လေးနယ်ပြီး စားရဒါကြိုက်သူတွေ ကြက်စပါလင်ဆီပြန်အနှစ်လေး ချက်ကြည့်ဗျာ

ပဲပြုတ်ထမင်းကြော်

 မြန်မာအငွေ့သက်က ပဲပြုတ်ထမင်းကြော်

စတီးအိုးနဲ့ အိုးမကပ်အောင် ငါးကြော်နည်း

 စတီးအိုးနဲ့ အိုးမကပ်အောင် ငါးကြော်နည်းလေးပါ။

စတီးဒယ်အိုး ပူလာလို့ ရေထည့်လိုက်ရင်
ရေလုံးလေးက ပြေးနေရင် စကြော်လို့ရပါပြီ။
အခုလို ရေထည့်လိုက်လို့ ရေငွေ့ပြန်သွားရင်
အိုးက မပူသေးပါ။
ရေက ကြာရွက်ပေါ် ရေမတင်သလို
ပြေးနေဖို့လိုပါတယ်။
ဆီထည့်ပါ။
ဆီတွေက အခုလို လှိုင်းပုံလေးထနေပြီဆိုရင်
မီးကို ပိတ်ပေးပါ။
ငါးကို ရေမရှိအောင် သုတ်ပေးပါ။
မီးပြန်ဖွင့်ပေးပါ။
အမြီးပိုင်းအရင်ထည့်ပြီး လှုပ်ပေးပါ။
ပြီးမှ တကောင်လုံးထည့်ပါ။
စက္ကန့် ၂၀ လောက် ခဏ ထားပြီးမှ အိုးကို လှည့်ပေးပါ။
အခုဆို ငါးက ဒယ်အိုးမှာ မကပ်တော့ပါဘူး။
တဖက်ကလုံးဝ ကျက်သွားပြီဆိုမှ နောက်တဖက်လှန်ပေးပါ။
ဒါဆို ကြွပ်ပြီးမွှေးတဲ့ ငါးကြော်ရပါပြီ။ #ဟင်းချက်နည်း #CookheartRecipe #မုန့်လုပ်နည်း #Cookheart

ဂျိုဆီယာ ဇေနာ (ဘိုင်အို ဟက်ကာ) (သို့) ဗီဇပြုပြင်ရေးကို အိမ်မှာတင် လူတိုင်းလုပ်နိုင်စေချင်သူ

 


၂၀၁၇ တုန်းက ဆန်ဖရန် စစ္စကို မှာ Global Synthetic Biology Summit ပွဲကြီးကျင်းပနေတယ်။ ထိပ်တန်း ဇီဝနည်းပညာရှင်တွေ အခန်းနဲ့အပြည့် တက်ရောက်နေကြတယ်။ အဲ့ဒီမှာ ထူးထူးခြားခြား တီရှပ်အမဲရောင်၊ ဂျင်းဘောင်းဘီ အဖြူဖင်ကြပ်နဲ့ လူတယောက် စင်ပေါ်တက်လာတယ်။ နားမှာလည်း နားကွင်းတွေ အပြည့်နဲ့။ ဂျိုဆီယာ ဇေနာ တဲ့။

သူ့ကားဂိုဒေါင်ထဲမှာ တီထွင်ဖန်တီးထားတဲ့ ကိုယ်တိုင်လုပ် “ဖားရဲ့ ဗီဇကို ပြုပြင်ရေးကိရိယာစုံ” ဆိုတဲ့ ပစ္စည်းလေးကို မိတ်ဆက်ရှင်းပြတာ။ အွန်လိုင်းမှာ ၂၉၉ ဒေါ်လာနဲ့ တင်ရောင်းနေပြီး ဖားရဲ့ ကြွက်သားတွေကို ၂ဆ ကြီးထွားလာစေတဲ့ CRISPR gene editing kit လို့ဆိုပါတယ်။ အရွယ်ရောက်ပြီးတဲ့နောက် ကြွက်သားအဆမတန်ကြီးထွားမှုကို ဟန့်တားပေးတဲ့ Myostatin ကို ထုတ်ပေးနေတဲ့ ဗီဇကို အလုပ်ဆက်မလုပ်အောင် ပိတ်လိုက်တဲ့ နည်းပညာပေါ့။

ဒါက လူမှာလည်း အလုပ်ဖြစ်တယ်လို့ ဇေနာ က ပြောသေးတာ။
အဲ့မှာ အောက်က ပွဲတက်လာသူတွေက ပညာရှင်တွေချည်းပဲကိုး။ တချို့ကလည်း ဟာသ အနေနဲ့ ရီကြတာပေါ့။ တချို့ကလည်း “အာ့ဆို မင်းဘာသာ ဘာလို့ မစမ်းကြည့်တာလဲ” ဆိုကြတာပေါ့။

ဇေနာ ကလည်း ကျနော့်ကို စမ်းပြစေချင်တာလား ဆိုပြီး ဘောင်းဘီအိတ်ထဲက Kit ကို ထုတ်ရင်းမေးလိုက်တော့ ဝိုင်းမြှောက်ပေးလိုက်ကြတာပေါ့။ တချို့ကလည်း သက်ပြင်းချကြ၊ တချို့ကလည်း တီးတိုးတီးတိုး သဖန်းပိုး လုပ်ကြ တချို့က ရယ်ကြနဲ့ တခန်းလုံး ဆူညံသွားတယ်။

အဲ့ဒီမှာ ဇေနာ က Kit ထဲက ဆေးထိုးအပ်နဲ့ ဆေးပုလင်းထဲက ဆေးကို ဆွဲထုတ်ပြီး သူ့ရဲ့ လက်ဖျံထဲထိုးထည့်လိုက်တယ်။ “သူ့ ကြွက်သားတွေလည်း ကြီးထွားလာလိမ့်မယ်လို့ ပါပြောသွားသေးတာ။

ဒါက တကယ့် ပညာရပ်ဆိုင်ရာ ထိပ်တန်း ကွန်ဖရင့် လိုနေရာမှာ လုပ်ပြသွားတာ။

ဒီအပေါ်မှာဝေဖန်မှုတွေလည်းပဲ သောသောညံသွားတာပေါ့။
ဒီမတိုင်ခင်ကပဲ သူ့ရဲ့ အစာအိမ်အူလမ်းကြောင်း အတွက်ဆိုပြီး ဝမ်းကောင်းတဲ့ သူတယောက်ရဲ့ မစင်ကို ဆေးလုပ်ပြီး မြိုချပြခဲ့သေးတာ။ ၂၀၂၀ ကိုဗစ်တွေဖြစ်‌တော့လည်း သူက ကာကွယ်ဆေးကို မီးဖိုချောင်ထဲမှာ တီထွင်စမ်းသပ်ပြမယ်လုပ်သေးတယ်။

သူက ဒီပညာရပ့်ပတ်သက်ရင် ဘုမသိ ဘမသိ သာမန်လူတယောက်တော့မဟုတ်ဘူးဗျ။ Biohacking လောက ကို Revolution လုပ်ပစ်မယ် ဆိုတဲ့ လူမျိုး။ Biohacker ခံယူထားသူ။ နေထိုင်ပုံကလည်း သိပ္ပံပညာရှင်များလို သပ်သပ်ရပ်ရပ် သားသားနားနား မဟုတ်၊ ကျနော်တို့ ငယ်ငယ်က ပန့်ခ် အဆိုတော်တွေ ဒီဇိုင်း။

သူ့စမ်းသပ်ခန်းကလည်း ဓာတ်ခွဲခန်းကြီးတွေနဲ့ ကျကျနနမဟုတ်ပြန်ဘဲ၊ ကားဂိုထောင်ထဲမှာ စမ်းတာ။ သူ့အဆိုအရ Biohacking တို့ Bioengineering တို့ကို စိတ်ဝင်စားရင် လူတိုင်းက ကြိုက်တဲ့နေရာ လုပ်နိုင် ရမယ်ဆိုတယ်၊ သန်းနဲ့ချီတဲ့လူတွေ အိမ်မှာတင် Bio engineering ကို အပျော်တမ်း လုပ်နိုင်စေဖို့ သူ့ရည်မှန်းချက်ပါလို့ဆိုတယ်။ Digital revolution လုပ်ပြီး code တွေကို Open source operating system လုပ်ပေးခဲ့တဲ့ Linus Torvalds တို့ကို အားကျပုံရတယ်။

ဒီ ဇေနာ ဆိုသူက နှယ်နှယ်ရရတော့ မဟုတ်ဘူး။ ဆယ်ကျော်သက်တုန်းက မော်တိုရိုလာ ဖုန်း ကုမ္ပဏီမှာ ပရိုဂရမ်မာ ပဲ။ နောက်တော့ ကောလိပ်တက်ပြီး Southern Illinois University ကနေ Plant Biology နဲ့ ဘွဲ့ရတယ်။ University of Chicago ကနေ Molecular Biophysics နဲ့ PhD ရတယ်။ Post Doc ကို Synthetic Biology အကူအညီနဲ့ အင်္ဂါဂြိုလ် ပေါ် ဘယ်လိုနယ်မြေချဲ့ထွင်မလဲ ဆိုတဲ့ စာတမ်း‌ရေးပြီး နာဆာ (NASA) မှာ အလုပ်ရဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ အလွတ်တမ်း Biohacker ခံယူပြီး ODIN ဆိုတဲ့ Biotech Company ထောင်ထားတယ်။ ဒီ Company ကနေပဲ အထက်ကဖော်ပြခဲ့တဲ့ Genetic Engineering DIY Kit ထုတ်ကုန်တွေ ‌ရောင်းနေခဲ့တာ။

၂၀၁၆ မှာ သူ့ကုမ္ပဏီထောင်ပြီး ဒီလိုတွေ လုပ်နေတုန်း Genetic Engineering လောကရဲ့ ရှေ့ဆောင်လမ်းပြကြီး ဖြစ်တဲ့ ဟားဗတ် တက္ကသိုလ်က ဂျော့ချ်ချာ့ရှ် ဆီက “မင်းလုပ်နေတာလေးတွေ သဘောကျသား” ဆိုတဲ့ အီးမေးလ် တောင် လက်ခံရရှိသတဲ့။ အဲ့ဒီနောက် ဂျော့ချ်ချာ့ရှ် နဲ့ စကားတွေ အများကြီးပြောဖြစ်ပြီး သူ့ကုမ္ပဏီရဲ့ “Scientific and Business Advisor” တောင် ခန့်လိုက်တယ် ဆိုပါတယ်။

ဂျော့ချ်ချာ့ရှ် က တကယ်ပဲ Genetic Engineering ဝါသနာရှင်ကို အားပေးသလား? သူ့ရဲ့ ထင်ရာစိုင်း လုပ်နေတာတွေကို လမ်းမှန်ရောက်အောင် ထိမ်းပေးဖို့ပဲလားတော့ သေချာမသိပါဘူး။ ဒါပေမယ့် ဂျော့ချ်ချာ့ရှ် ကိုယ်တိုင်ကလည်း innovative idea တွေကို နှစ်ခြိုက်ပုံရတယ်၊။ အရင် တရုတ်ပညာရှင် He Jiankui တယောက် တကမ္ဘာလုံး ကျင့်ဝတ်အရ တားထားတဲ့ သန္ဓေသားလောင်းဆဲလ်မှာ ဗီဇပြုပြင်တာ လုပ်တော့ ကျန်တဲ့ ဆရာတွေ ဝိုင်းရှုတ်ချနေတဲ့ကြားက သူကတော့ ဖေးဖေးမမ ပြောပေးခဲ့သေးတယ်။

သူရဲ့ လုပ်ရပ်နောက်ဆက်တွဲအနေနဲ့ ကယ်လီဖိုးနီးယားမှာလည်း ဒီလိုမျိုး Genetic Engineering DIY တွေ အထိန်းကွပ်မဲ့ လုပ်မရအောင် ဥပဒေတွေ ပြဌာန်းလိုက်ပါသေးတယ်။ နောက်တခုက Oxford Nanopore Sequencing နည်းပညာ ကလည်း ဒီလိုမျိုးလူတွေကို စိုးရိမ်လို့ထင်ပါရဲ့ သူ့ရဲ့ MinION MK1C ဆိုတဲ့ Sequencer လေးစုံစမ်းတော့ ဘယ်က ဝယ်မှာလဲ?ဘယ်သူသုံးမှာလဲ? ဘယ် Project မှာ သုံးမှာလဲ အစရှိသဖြင့် မေးခွန်းပေါင်းမြောက်များစွာကို ဖြေဆိုပေးရပါတယ်။ ဘာလို့ဆို ဒီ Sequencer လေးတွေက ဈေးသက်သာပြီး အဆင့်မြင့် မော်လီကျူလာ ဓာတ်ခွဲခန်းကြီးတွေ မလိုအပ်ဘဲ Laptop တလုံးနဲ့ field sequencing လုပ်လို့ရတော့ ဂျိုဆီယာ ဇေနာ တို့လို လူတွေအတွက် အကြိုက်ပေါ့။

ဒါ့ကြောင့်လည်း အနောက်နိုင်ငံများက ဒီနည်းပညာတွေအပေါ် ကျင့်ဝတ်တွေ (ethics) ဥပဒေတွေ (Laws) တွေနဲ့ အကြီးအကျယ် ထိန်းကွပ်ကြတာဖြစ်ပါတယ်။

#geneticengineering
#diy
#Zayner