Friday, February 6, 2026

မအလကြောင့် စိုးရိမ်စရာမြန်မာ

 စိုးရိမ်စရာ ကောင်းပါတယ်။


မူလက ခန့်မှန်းတာ သူ့ကို ICC မှာ တရားစွဲမှာ ကြောက်လို့ ဒီလိုလုပ်တယ်။ ဒါအကျိုးအကြောင်း ဆီလျော်ပါတယ်။
နောက်တော့ သူတို့ ရက်ရက်စက်စက်ကြီး ပြည်သူတွေ အပေါ် လုပ်နေတာ၊ နိုင်ငံတကာ အကျိုးဆက် မစဥ်းစားတော့ပဲ လုံးဝ ဦးနှောက် မသုံးတော့တာကို ကြည့်ပြီး သမ္မတရူးတယ် ယူဆမိပါတယ်။

သို့သော် ဒီ ရှေ့အဖြစ်အပျက်တွေ နောက်ဆုံး အဖြစ်အပျက်တွေဖြစ်တဲ့
-နိုင်ငံတော် အတိုင်ပင်ခံ သဘောမျိုး အတိုင်ပင်ခံကောင်စီဖွဲ့တာ၊
-ကိုယ်ခန့်ထားတဲ့ တက္ကသိုလ်ပါမောက္ခချုပ် ဆီကနေ ဒေါက်တာဘွဲ့ယူတာ၊
ဘွဲ့ယူတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်လိုယူတာ၊
ဒီ အချက် သုံးချက်ဟာ မူ မမှန်ပါဘူး။

အတိုင်ပင်ခံ ကောင်စီဖွဲ့တာကို အာဏာကို လက်မလွှတ်ချင်လို့ ဆိုတဲ့ ယူဆချက်နဲ့ ပုံမှန်ဦးအနေနဲ့ တွေးလို့ ရပေမယ့် ၊ ဒေါက်တာဘွဲ့ကိုယ့်ကိုပေးတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်လို ဝတ်တာတွေဟာ စိတ်ရောဂါ အခြေအနေ ကိုတွေ့ရပါတယ်။

စစ်ဗိုလ်ချုပ်တွေ ဟာ ပုံမှန်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို မကြည်လင်ကြဘူး ဆိုပေမယ့်၊ သန်းရွှေ၊ ခင်ညွန့် ဘယ်သူကမှ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်တယ်ဆိုတာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို လဲ မမြင်လိုက်ရတာ ပါ မယ်။ သူတို့ က ဒေါ်အောင်ဆန်းစုကြည်ကို အောက်နှိမ့်ထားပြီး ထိမ်းချုပ်ထားနိုင်တယ်လို့ ယူဆ လို့လဲဖြစ်ပါမယ်။ မင်းအောင်လှိုင်ကျတော့ ကမ္ဘာ့အမြင်ရော၊ တနိုင်ငံလုံးရဲ့ အမြင်မှာပါ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်အောက်မှာနေ ခဲ့ရတဲ့သဘောဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခန်းနား ထည်ဝါ မှုတွေကို မထင်မှတ်လောက်အောင် ရင်သပ်ရှုမော မြင်ခဲ့ရပုံပါပဲ။

ကျနော်တို့ စိတ်ကူးယဉ် စိတ္တဇ ကားတွေ မှာတွေ့ဖူးမယ်ထင်ပါတယ်။ လူတစ်ယောက်ကို တအားမုန်းတီး၊ သို့သော် တအား အားကျ တဲ့အခါ သူ့လို ဝတ်စားပြီးနောက်ဆုံးမှာ အဆုံးစီရင်လိုက်တာ၊ ဒါကို စိတ်ပညာအရ ရောဂါလို့ သတ်မှတ်ပါတယ်။
စိတ်ပညာမှာ Obsessive Fixation (တစ်စုံတဦးကို အစွဲအလမ်းလွန်ခြင်း), Mirroring ပုံတူကူးချခြင်း ကနေ တဆင့် Psychological Identity Theft စိတ်ပိုင်းဆိုင်ရာ သူတပါးရဲ့ တည်ရှိမှုကို ခိုးယူလိုခြင်း ဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီအခြေအနေ တွေမှာ စိတ်ပညာအရ ဆင့်ကဲအခြေအနေ ၃ ရပ် ဖြစ်လာပါတယ်။

- Borderline Personality Disorder (BPD)
အားကျဖို့ ကောင်းလွန်းနေပေမယ့် ဘယ်လိုမှ မဖြစ်နိုင်လို့ အရမ်းမုန်းတီးသွားပါတယ်၊
ကိုယ်ရည်ကိုယ်သွေး မရှိသလို ခံစားရပြီးနိမ့်ကျသွားတဲ့ အတွက် သူများရဲ့ ပုံစံကို ကူးယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်တတ်ပါတယ်။

-Narcissistic Envy စိတ်ရောဂါကြီးမားတဲ့ မနာလိုမှု
ကိုယ်အရမ်းဖြစ်ချင်တဲ့ ပုံစံမျိုးရှိနေတဲ့သူကို မြင်တဲ့အခါ အားကျတာထက် "ငါ့မှာမရှိတာ သူမှာရှိနေတယ်" ဆိုတဲ့ ပြင်းထန်တဲ့ မနာလိုမှု (Pathological Envy) ဖြစ်ပေါ်လာတာပါ။
ဒီအခါမှာ အဲ့ဒီလူကို ဖျက်ဆီးပစ်ချင်စိတ် ပေါ်လာတတ်သပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေ ခင်ညွနိ့တို့လို ထိမ်းချုပ်တာမျိုး မဟုတ်တော့ပဲ ထောင်သွင်း အနှိပိစက်တာမျိုးတွေထိလုပ်ခဲ့တာပါ။ တစ်ဖက်မှာလည်း အဲ့ဒီလူရဲ့ အရှိန်အဝါကို လိုချင်တာကြောင့် သူ့လိုမျိုး လိုက်တုပ ဝတ်ဆင်တာမျိုး လုပ်တတ်ပါတယ်။ ရုရှားက ဘွဲ့ပေးတယ် ဆိုပြီး လုပ်ပြီးပါပြီ၊ အခုဟာ ဒုတိယ အကြိမ်ပါ။ သန်းရွှေ ခင်ညွန့် ဒါမျိုးတွေ မလုပ်ပါ။

Identification with the Aggressor
ဒါကတော့ကိုယ်က အရမ်းကြောက်ရ/အားကျရတဲ့သူ (Power ရှိတဲ့သူ) ရဲ့ ပုံစံကို ကူးယူလိုက်တာပါ။ သူတစ်ပါးရဲ့ စရိုက်တွေကို ကိုယ့်ထဲကို သွတ်သွင်းလိုက်တာကို စိတ်ပညာမှာ Introjection လို့ ခေါ်ပါတယ်။

နောက်ဆုံး ဖြစ်တတ်တာကတော့ စိတ်ဖောက်ပြန်မှု ဖြစ်ပါတယ်။
တကယ်တော့ ငါဟာ သူပဲ၊ ငါရဲ့ အောင်မြင်မှုတွေကို သူက ခိုးယူတာကြောင့် သူ့ကို ရှင်းပစ်ပြီး သူ့နေရာ ငါဝင်ယူရမယ်ဆိုတဲ့ စိတ်ဖောက်ပြန်တဲ့ အတွေးပါ။

ကျနော် မည်သည့် စိတ်ပညာ ရှင်နဲ့ မဆို ဒီအခြေအနေတွေကို ဆွေးနွေးရဲပါတယ်။ မင်းအောင်လှိုင်မှာ ဒီအခြေနေတွေ တစိတ်တပိုင်း၊ ဒါမှ မဟုတ် အတော်များများ ဖြစ်နေပြီ ဆိုတာ သေချာသလောက် ရှိနေပါတယ်။

သူ့အောက်က လူတွေ၊ သူ့ အနီးအနားကလူတွေ မြန်မြန် သဘောပေါက်ဖို့ လိုပါတယ်၊ ကျနော် ပြောတာကို မယုံရင် ဒါတွေနဲ့ တိုက်စစ်ကြည့်ပါ။ ခင်ဗျားတို့ အဘ၊ ခင်ဗျားတို့ တပ်ချုပ်ကြီးမှာ ဒီလို အခြေအနေတွေ တွေ့ရပါလိမ့်မယ်။

- စိတ်အစွန်းရောက် ပြောင်းလဲတတ်ပါတယ်။
လူတစ်ယောက်ကို တချိန်မှာ အကောင်းဆုံးလို့ ချီးမွမ်းပြီး ၊ နောက်တချိန်မှာ အဲ့ဒီလူကို ရန်သူလို သတ်မှတ်ပြီးမုန်းတီးတတ်ပါတယ်၊ ရုတ်တရက် အသေးအဖွဲ ကိစ္စလေးတွေမှာ ပေါက်ကွဲပြီး ပြဿနာ ရှာတတ်ပါတယ်။
သူ့ရဲ့ စိတ်ထဲမှာ အမြဲတမ်း ဟာနေတယ်လို့ ခံစားရပါတယ်၊ ဒါကြောင့် ဘေးနားက တခြားတယောက်ယောက်ကို အလွန်အမင်း အားကိုး တတ်ပါတယ်၊

- ကိုယ်ပိုင်သတ်မှတ်ချက်ပျောက်ဆုံးနေတတ်ပါတယ်။
သူနဲ့ နီးစပ်တဲ့ သူရဲ့ ဝါသနာ အကြိုက် ၊ အဝတ်အစား ပုံတွေ ရုတ်တရက်ပြောင်းလဲ တတ်ပါတယ်၊
သူရဲ့ ယုံကြည်ချက်၊ ရည်မှန်းချက်တွေ ခဏခဏ ပြောင်းတတ်ပါတယ်။

- စွန်ပစ်ခံရမှာကို အလွန်အမင်းကြောက်ရွံတတ်ပါတယ်၊
ပတ်ဝန်းကျင်ကလူတွေ သူ့ကို ဂရု မစိုက်တော့မှာ ကို တအား ကြောက်နေပါတယ်။
ဒါနဲ့ပဲ လက်အောက်ငယ်သားတွေကို နည်းမျိုးစုံနဲ့ ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်။

-လိုချင်တာ မရတဲ့ အတွက် ကမူးရှူးတိုးလုပ်ဆောင်ခြင်း။
သူ့မှာ ဘယ်လိုမှ မရှိတဲ့ အရာတွေ ကြောင့် စိတ်အမြဲထိခိုက်နေတဲ့ အတွက်စိတ်လိုက်မာန်ပါဆုံးဖြတ်ချက်တွေ ချတတ်ပါတယ်။

အရေးအကြီးဆုံးက သူရဲ့ မုန်းတီးမှုဟာ - ငါ့မှာ မရှိတာတွေ၊ ငါအရမ်းလိုချင်တာတွေ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှိနေတဲ့ ဆိုတဲ စိတ်ဒဏ်ရာက လာတာပါ။

သွက်သွက်ခါ လု နီးနီး ဖြစ်နေတဲ့ သူကို အမြန်ဆုံး ထိမ်းချုပ် နိုင်ကြပါစေ။ မဟုတ်ရင်တော့ နိုင်ငံရော၊ တန်ဖိုးရှိတဲ့ လူတွေအတွက်ရော မတွေးရဲအောင်ပါပဲ။ နောက်ဆုံး သူ့ဘေးနားက သူ့ရဲ့ သစ္စာခံတွေကိုပါ သံသယနဲ့ ရန်ရှာလာတော့မှာ ကျိန်းသေပါပဲ။

#မောင်ဝင်းဦး

No comments:

Post a Comment