"အရိုးပြုတ်ရည်အကြောင်း"
~~~~~~~~~~~~~~~~အရိုးပြုတ်ရည်အကြောင်းပြောလို့ကျွန်တော်
နှစ်ပေါင်းများစွာသင်္ဘောပေါ်မှာအတူတူလက်တွဲ
အလုပ်လုပ်ခဲ့တဲ့ကိုရီးယားလူမျိုးတွေရဲ့ရိုးရာဓလေ့
အစားစာထဲမှာကင်ချီမုံ့ညှင်းချဉ်ပါတ်၊တနင်္ဂနွေနေ့
စပယ်ရှယ်အနေနဲ့ကိုရီးယားဂျင်စင်းကြက်ပေါင်းမှာ
ဇီးသီးစေ့လေးတွေပါတယ်၊နောက်တခုကတော့သူ
တို့တန်ဖိုးထားပြီးသောက်ကြတဲ့အမဲရိုးပြုတ်ရည်
ပြုတ်နည်းအကြောင်းလေးပြောပြပါမယ်။
ကိုးရီယားပြုတ်ကိုပိုမိုနှစ်သက်ရတဲ့အကြောင်းရင်းကတော့အရိုးတွေပြုတ်ရည်တွေပြုတ်ပြီးတာနဲ့တိရစ္ဆာန်အဆီတွေကိုဖယ်ထုတ်ပြစ်လိုက်ပြီးလိုအပ်တဲ့ကော်လက်ဂျင်နဲ့ဂလူကိုမင်တွေကယ်လဆီယမ်စသည်ဖြင့်ဗီတာမင်တွေကိုရယူလိုက်တာပါ၊အရိုးပြုတ်ရည်ကိုအရိုးတွေထည့်ပြုတ်ပြီးတခါထဲစားသုံးတာမျိုးဆိုရင်တိရစ္ဆာန်အဆီတွေပါစားသုံးသလို့ဖြစ်လို့သိပ်မပြေပါဘူး၊အဲဒါကြောင့်ကိုရီးယားအရိုးပြုတ်ရည်နည်းစနစ်ပိုနှစ်သက်မိပါတယ်။
အမဲရိုးကိုသန့်စင်အောင်ဆေးကြောပြီးအရိုးကိုရေ
မြုတ်အောင်ထည့်ပြီးအိုးကိုရေဆူအောင်High heat
ပေးပြီးရေဆူတာနဲ့Low heat လျှော့ချလိုက်ပြီးအရိုး
ပြုတ်ရည်အိုးကိုချလိုက်ပြီးအရိုးပြုတ်ရေတွေသွန်ချလိုက်ပြီးအရိုးတွေကိုရေအေးနဲ့သန့်ရှင်းအောင်ဆေးကြောပြစ်ပါလိုက်ပါ၊ပြီးတာနဲ့အရိုးအိုးပြုတ်ထဲကိုအရိုးမြုတ်အောင်ထည့်ပြီးမီးဖိုကိုHigh heat ပြန်တင်ပေးပြီးအိုးရေဆူတာနဲ့မီးကိုလျှော့ချလိုက်ပြီးSlow cook နဲ့ဆက်တည်ထားပါ၊စွပ်ပြုတ်ရည်ပေါ်တက်လာတဲ့အမြှုပ်တက်ရင်ဇွန်းနဲ့ခတ်ထုပ်ပြစ်ပါ၊အရိုးပြုတ်ရင်းတက်လာတဲ့အညစ်အကြေးတွေခပ်ထုတ်ပြစ်ပါ၊
Slow cook နဲ့ဘယ်နာရီပြုတ်ရမလဲဆိုရင်အနည်းဆုံး၈နာရီပြုတ်ပေးရပါမယ်၊အရည်ခမ်းရင်အရိုးမြုတ်ရုံရေထပ်ထပ်ထည့်ပေးရပါမယ်၊ဒီနေရာမှာSlow cookerရှိတဲ့သူဆိုရင်ပိုအဆင်ပြေပါမယ်၊Pressue cookerနဲ့ပြုတ်လို့အဆင်မပြေပါ၊ဘာလို့လဲဆိုတော့အညှီအဟောက်အမြှိုပ်တွေခပ်ထုပ်ပြစ်ဘို့အဆင်မပြေလို့ပါဘဲ၊အဲလိုခပ်ထုပ်ပြစ်မှကောင်းတဲ့အနံအသက်တွေထုတ်နိုင်မှာဖြစ်ပါတယ်။
အဲလို၈နာရီလောက်ပြုတ်ပြီးရင်အရိုးပြုတ်ရည်ကို
အအေးခံလိုက်ပါ၊အရည်အေးသွားရင်အရည်ကို
ဇကာတခုဖြင့်စစ်ပြစ်လိုက်ပြီးအရိုးပြုတ်ရည်သန့်
သန့်လေးရပါပြီ၊ပြီးရင်ရေခဲသေတ္တာအောက်အဆင့်
မှထည့်ဘို့ဘူးများဖြင့်ခွဲထည့်ပါ။
အရိုးပြုတ်ရည်ပြုတ်ဘို့၈နာရီဆိုတာတချိန်ထဲလုပ်
ဘို့အချိန်မရရင်၂ရက်၊၃ရက်နာရီအလိုက်မှတ်ထား
ပြီးပြုတ်ရပါမယ်၊ကျွန်တော်ဆိုရင်၂ရက်ပြုတ်
ပါတယ်ခင်ဗျာ။
နောက်နေ့နံနက်ကျရင်အရိုးပြုတ်ဘူးများကိုထုတ်
ယူပြီးအရိုးပြုတ်ရည်အပေါ်လွှာမှာအဆီများခပ်ပြီး
စွန့်ပြစ်လိုက်ပါ၊အရည်အောက်အလွှာကဂျယ်လီ
လိုအဖြူရောင်ရည်ပြစ်ပြစ်ရပါလိမ့်မယ်၊အဲဒီအ
ရိုးပြုတ်ရည်ကသန့်စင်ပြီးအသင့်စားသုံးလိုပါပြီ
အဲဒီမှလိုအပ်သလိုတရုတ်နံနံ၊မုံ့လာဥနီ၊မုံ့ညှင်းတို့
နဲ့ရေအနည်းငယ်ရောစပ်ပြီးအရသာမှုန့်လိုအပ်သလို
ထည့်စားလို့ရပါပြီ၊ခေါက်ဆွဲ၊ကြာဆံပြုတ်တို့လည်း
လုပ်သောက်လို့ရပါတယ်။
အမဲရိုး၊ဆိတ်ရိုး၊ဝက်ရိုး၊ကြက်ရိုးအဆင်ပြေတဲ့အရိုး
နဲ့ပြုတ်သောက်လို့ရပါကြောင်းအတွေ့အကြုံကို
Sharingလုပ်လိုက်ပါတယ်။
အရိုးပြုတ်ရည်ကိုရေခဲသေတ္တာအောက်ခန်းမှာဆိုရင်၁၀ရက်ထားလို့ရတယ်၊အပေါ်ခန်းမှာတလလောက်ခဲထားလို့ရတယ်၊ကျွန်တော်ဆိုဝက်ရိုးပြုတ်
ရည်ဆိုရင်တခါတလေကြေးအိုးလုပ်စားရင်လည်း
ရသေးတယ်။
ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းရေးတဲ့ အရိုးပြုတ်နည်းနဲ့ သူ့ရဲ့အကျိုးကျေးဇူးကိုတော့ အောက်မှာဖတ်ကြည့်ပါနော်
အရိုးပြုတ်ရည်ဟာ ရောဂါတွေသက်သာလာစေဖို့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
အစာလမ်းကြောင်းဟာ ကျန်းမာရေးအတွက် အဓိကအရေးကြီးတဲ့အကြောင်းတခု ဖြစ်တယ်ဆိုတာ သိလာကြပါပြီ။
ရောဂါတော်တော်များများ ဖြစ်ကြတာကလည်း အစာလမ်းကြောင်းမှာရှိနေတဲ့ပိုးတွေ မမျှတမှုကြောင့်ဖြစ်ပါတယ် သကြားတွေအများကြီးစားကြပြီး အကျိုးပြုပိုးတွေ နည်းနေခြင်းဖြစ်ပါတယ်။ အစာလမ်းကြောင်းပြဿနာတွေ အဆစ်တွေနာနေသူတွေ (ကျီးပေါင်းတက်နေသူတွေ)အတွက် အရိုးပြုတ်ရည်ဟာ အင်မတန် သင့်တော်ပါတယ်။
ရောဂါအတော်များများဟာ အူလမ်းကြောင်းမလုံခြင်း leaky gut ကြောင့် ဖြစ်လေ့ရှိကြပါတယ်။အထူးသဖြင့် allergies, autoimmune diseases တွေဖြစ်ပါတယ်။အရိုးပြုတ်ရည်မှာပါနေတဲ့ collagen ခေါ် ပရိုတိန်းဓာတ်တမျိုးဟာ အူနံရံကို ပြန်ပြီးပြုပြင်ပေးနိုင်စွမ်း ရှိလို့ဖြစ်ပါတယ်။အရိုးပြုပ်ရည်မှာ ပါတဲ့ အဟာရတွေဟာ ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင်ပြီး ရောဂါများ သက်သာစေနိုင်ရန် အသုံးချနိုင်ပါတယ်။
အရိုးပြုတ်ရည်မှာ ပါနေတဲ့အဓိကအဟာရများကတော့ -
၁. Calcium, phosphorus နှင့်အခြားသတ္ထုဓါတ်များ
၂. Glucosamine နှင့် chondroitin sulfate အရိုးအဆစ်တွေအတွက် အဓိကသဘာဝဓာတ်များ(Move Free မှာပါနေတဲ့များ သဘာဝဓါတ်များ)
၃.အရိုးမှာ ပါဝင်နေတဲ့ ပရိုတင်း collagen
၄.ရိုးတွင်းချဉ်ဆီ
၅.ခန္ဓာကိုယ်ကလိုအပ်တဲ့ amino acid များဖြစ်ကြတဲ့ glutamine (အူလမ်းကြောင်းပြန်ပြင်ရမှာ အဓိကလိုအပ်တဲ့ဓာတ်)၊Proline နဲ့ Glycine တို့ဖြစ်ပါတယ်။
ဂလူတမင်း(Glutamine)ဆိုတာ အသားဓါတ်ဖြစ်တဲ့ ပရိုတိန်းဓါတ်ကို ခန္ဓာကိုယ်ထဲမှာ အစာခြေပြီးထွက်လာတဲ့ Amino Acid ဖြစ်ပါတယ်။ခန္ဓာကိုယ် ကျန်းမာရေးအတွက် အလွန်ရေးကြီးတဲ့ဓါက်တမျိုးဖြစ်ပါတယ်။အစာမှစွမ်းအင်သို့ ကူးပြောင်းပြီး ကြီးထွားအောင်ပြုတဲ့ ဓါတုဖြစ်စဉ် တိုင်းလိုလိုမှာ ပါနေလို့ဖြစ်ပါတယ်။ဒီဓါတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ သွေး ဦးဏှောက် ကလီစာ(Organs)နဲ့ကြွက်သားတွေမှာ အတော်များများ ပါဝင်နေပါတယ်။
Glutamine ဟာ အူနံရံကျန်းမာရေးအတွက်ဖြစ်ပါတယ်။အူနံရံမပေါက်ပျက်ဘူးဆိုရင် ခန္ဓာကိုယ်ခုခံအား ကောင်းလာမှာဖြစ်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောတွက်အလွန်ကောင်းပါတယ်။
ကြွက်သား တည်ဆောက်ရာမှာ အဓိက ပါဝင်တာမို့ အသက်ကြီးလာတဲ့အခါ ကြွက်သားတွေ လျော့ပါးလာတတ်တာကြောင့် ကြွက်သားထု ပြန်လည်အားကောင်းလာရအောင် အထောက်အကူပေးပါတယ်။အထူးသဖြင့် အသက်ကြီးလာတာနဲ့အမျှ ယောက်ျားမိန်းမတိုင်းလိုလိုဟာ အရိုးပါးလာတတ်ကြပါတယ်။အရိုးကို ထောက်ကူပေးနေတာ ကြွက်သားစုများ ဖြစ်တာကြောင့် ကြွက်သား အားကောင်းလာရင် အရိုးလွယ်လွယ်ကူကူ ကျိုးခြင်းမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အထူးသင့်တော်တာကတော့ အရိုးပါးနေသူများ အတွက် ဖြစ်ပါတယ်။
အရိုးအဆစ်များ ချို့ယွင်းနေသူများအတွက်လည်း အလွန်သင့်တော်ပါတယ်။အရိုး အရိုးနုတွေကို ပြန်လည်ပြုပြင် ပေးနိုင်စွမ်းလည်း ရှိပါတယ်။
ကင်ဆာဖြစ်သည့်အခါ ဓါတ်ကင်ခြင်း chemotherapy ကီမိုဆေးပေးခြင်းကြောင့် အူနံရံကလာပ်စည်းတွေ ပျက်စီးသွားတာကိုလည်း ပြုပြင်နိုင်စွမ်းရှိပါတယ်။
အရိုးပြုတ်ရည်၏အကျိုးအာနိသင်များ
၁.အရိုးအဆစ်ရောင်အမ်းခြင်းမှ သက်သာစေခြင်း။
၂.နှာစေးချောင်းဆိုးကို ဖြစ်စေတတ်တဲ့ virus ပိုးများကိုတားမြစ်စေနိုင်ခြင်း။ခန္ဓာကိုယ်ခုခံအား ကောင်းစေပါတယ်။
၃.ခန္ဓာကိုယ်တွင်း ယောင်ကိုင်းခြင်းမှ သက်သာစေပါတယ်။
၄.အရိုးတွေကိုခိုင်ခံ့ကျန်းမာစေပါတယ်။
၅.ဆံပင်နဲ့လက်သည်းခြေသည်း ကျန်းမာရေးတွက်လည်း ကောင်းပါတယ်။
၆.ဦးဏှောက်နှင့်အာရုံကြော အတွက်လည်း အလွန်ကောင်းပါတယ်။Autism ကလေး တွေကိုလည်း တိုက်ကြည့်စေချင်ပါတယ်လိုစသည်ဖြင့်ရေးသားထားကြောင်းသိရပါတယ်။
ကျွန်တော်ပြောတာမရှင်းလင်းရင်လည်းကိုရီးယား
အမဲရိုးစွတ်ပြုတ်လုပ်နည်းကိုYoutube မှာလေ့လာ
နိုင်ပါကြောင်း။
မူရင်းပိုင်ဆိုင် ဒေါက်တာဒေါ်ခင်နွယ်ဝင်း