ကြက်သားပေါင်း အိအိလေး ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ -
1. ကြက်ပေါင် - ၃ ချောင်း
2. ဆား - လက်ဖက်ရည်ဇွန်း တဝက်
3. ပဲငံပြာရည်အကြဲ- ထမင်းစားဇွန်း ၁ ဇွန်းခန့်
4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
5. ဂျင်း - လက်တဆစ်ခန့်
6. ကြွေပန်းကန်လုံး - တစ်လုံး
7. ပေါင်းခံဇကာပါ ပေါင်းအိုး - တစ်လုံး
၈. ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်းခန့်
ပြင်ဆင်ပုံ -
1. ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား ပဲငံပြာရည်အကြဲ ခရုဆီတို့နဲ့ အရသာဝင်အောင် နယ်ပေးထားပါ
2. ဂျင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
3. ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
4. အသင့်ပြင်ထားသော ကြွေပန်းကန်လုံးထဲမှာ အရသာနယ်ထားသော ကြက်သား ဂျင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပါ
5. အားလုံးအဆင်သင့် ဖြစ်ပါက ပေါင်းခံဇကာထဲ ထည့်ပေးပါ
ကြက်သားပေါင်းနည်း -
1. ပေါင်းအိုးအောက်ခံအိုးကို ရေ တဝက်သာသာထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
2. ကြက်သားထည့်ထားသော ပေါင်းဇကာကို အဖုံးအုပ်ပြီး ပေါင်းပေးပါ
3. ပေါင်းဇကာကို အဖုံးအုပ်ပြီး ၄၅မိနစ်ခန့် ပေါင်းပေးပါ
4. ကြက်သားပေါင်းနေစဉ် အောက်ခံရေနွေးအိုးမှာ ရေခမ်းတတ်တဲ့အတွက် အောက်ခံအိုးကို ရေထပ်ထပ်ထည့်ပေးပါ
5. ကြက်သားပေါင်းနေစဉ် ကြက်သားထဲမှ အချိုရည်များ ထွက်လာပါလိမ့်မယ်
6. ထိုထွက်လာသော ကြက်ပေါင်းရည်ကို အာဟာရ ပြည့်ဝစေရန် သောက်သုံးသင့်ပါတယ်
7. ကြက်သားပေါင်းချိန် ၄၅မိနစ်ပြည့်ပါက ကြက်ပေါင်းရည် ချိုချိုလေးနှင့် ကြက်သားနူးအိအိလေးနဲ့ ကြက်သားပေါင်း မွှေးမွှေးလေး ရပါပြီ...
#myself
ကြက်သားပေါင်း အိအိလေး ပြုလုပ်နည်း
ကြက်ပေါင်းရည် ချိုချိုလေးနဲ့ ကြက်သားအိအိလေးက နေမကောင်းတဲ့ သူတွေနဲ့ သင့်တော်သလို အားရှိအောင် ပေါင်းစားသင့်တဲ့ ကြက်သားပေါင်းနည်းလေးကို မျှဝေလိုက်ပါတယ်။
ကြက်သွန်ဖြူနဲ့ ဂျင်းအနံ့လေး မွှေးနေတဲ့အတွက် ခံတွင်းလိုက်မဲ့ ကြက်ပေါင်းလေးဖြစ်ပြီး ပေါင်းရတာလဲ အရမ်းလွယ်တဲ့အတွက် ကလေးလူကြီး သင့်တော်တဲ့အတွက် ပေါင်းစားသင့်ကြောင်းလဲ အကြံလေး ပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ -
1. ကြက်ရင်ပုံသား - 250 g
2. ဆား - လက်ဖက်ရည်ဇွန်း တဝက်
3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသား
4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
5. ဂျင်း - လက်တဆစ်ခန့်
6. ကြွေပန်းကန်လုံး - တစ်လုံး
7. ပေါင်းခံဇကာပါ ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပုံ -
1. ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ပေးထားပါ
2. ဂျင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
3. ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
4. အသင့်ပြင်ထားသော ကြွေပန်းကန်လုံးထဲမှာ အရသာနယ်ထားသော ကြက်သား ဂျင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပြီး ရေအနည်းငယ် ထည့်ပေးပါ
5. အားလုံးအဆင်သင့် ဖြစ်ပါက ပေါင်းခံဇကာထဲ ထည့်ပေးပါ
ကြက်သားပေါင်းနည်း -
1. ပေါင်းအိုးအောက်ခံအိုးကို ရေ တဝက်သာသာထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
2. ကြက်သားထည့်ထားသော ပေါင်းဇကာကို အဖုံးအုပ်ပြီး ပေါင်းပေးပါ
3. ပေါင်းဇကာကို အဖုံးအုပ်ပြီး ၄၅မိနစ်ခန့် ပေါင်းပေးပါ
4. ကြက်သားပေါင်းနေစဉ် အောက်ခံရေနွေးအိုးမှာ ရေခမ်းတတ်တဲ့အတွက် အောက်ခံအိုးကို ရေထပ်ထပ်ထည့်ပေးပါ
5. ကြက်သားပေါင်းနေစဉ် ကြက်သားထဲမှ အချိုရည်များ ထွက်လာပါလိမ့်မယ်
6. ထိုထွက်လာသော ကြက်ပေါင်းရည်ကို အာဟာရ ပြည့်ဝစေရန် သောက်သုံးသင့်ပါတယ်
7. ကြက်သားပေါင်းချိန် ၄၅မိနစ်ပြည့်ပါက ကြက်ပေါင်းရည် ချိုချိုလေးနှင့် ကြက်သားနူးအိအိလေးနဲ့ ကြက်သားပေါင်း မွှေးမွှေးလေး ရပါပြီ...
No comments:
Post a Comment