Monday, January 6, 2025

ကြက်အသည်း Chicken liver

 ကြက်အသည်း Chicken liver

ကြက်အသည်းဟာ အမေရိကန် နိုင်ငံမှာ အတော်လေးကို ဈေးချိုပါတယ်။
စားတဲ့လူ သိပ်မရှိလို့ ထင်ပါရဲ့။
Korean grocery store မှ တစ်ထုပ်ဝယ်လိုက်ပြီး ခွဲထားရင် ၄ ခါလောက်စားရပါတယ်။
ကြက်အသည်းရဲ့ အာဟာရကြွယ်ဝပုံ nutritional value ကို မသိကြတာ များပါတယ်။
ကြက်အသည်း၏ အာဟာရဓာတ်များ
Proteinများများ /Fat အလယ်အလတ် / Carbohydrate အနည်းအကျဉ်း ပါပါတယ်။
Calcium/ Iron/ Magnesium/ Phosphorus/Potassium/ Zinc
B vitamins,copper and selenium, vitamin C.
စုံနေတာပါပဲ။
လူအတော်များများ မသိသေးတဲ့ amino acid ဓာတ်တွေလည်း အတော်များများပါနေပါတယ်။
ကြွက်သားတွေ သန်စွမ်းနေစေဖို့ For muscles
ဦးနှောက်နဲ့ အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ brain and nerves
ကလာပ်စည်းစွမ်းအင်တွေ အားကောင်းနေစေဖို့ အထူးလိုအပ်တဲ့ဓာတ်တွေ ဖြစ်ပါတယ်။
ကြက်အသည်းမှာ ပမာဏများများ ပါနေပါတယ်။
၁.Creatine
၂.Carnitine
၃.Choline
၄.Carnosine
၅.Taurine.
ဒီကနေ့ Zoom session မှာ အသေးစိတ်ပြောပြထားပါတယ်။
“ကြွက်သားတွေနှင့် ဦးနှောက်နှင့်အာရုံကြော” အားရှိစေရန် အထူးလိုအပ်သည့်ဓာတ်တွေ ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုတွေ
သတ်သတ်လွတ်စားသူတွေ
( ဟင်းသီးဟင်းရွက်မှာ မပါသောဓာတ်များ ဖြစ်ပါတယ်။ )
ကြွက်သားအားယုတ်သည့်ရောဂါ ဖြစ်နေသူတွေ
ဦးနှောက်နှင့်အာရုံကြောရောဂါ ဖြစ်နေသူတွေ
သတိမေ့တဲ့ရောဂါဖြစ်နေသူတွေ မှာ အထူးလိုအပ်နေသောဓာတ်တွေ ဖြစ်ပါတယ်။
ချက်နည်းကလဲ အရေးကြီးပါတယ်။
အကြာကြီးချက်နေရင် အသည်းဟာ မာပြီးခြောက်သွားတာကြောင့် စားမကောင်းတော့ပါ။
B vitamins အထူးသဖြင့် folate လျော့ပါးသွားတတ်ပါတယ်။
ရိုးရိုးရှင်းရှင်း မြန်မြန်ဆန်ဆန် ချက်လိုက်ပါ။
အသည်းကို ရေဆေး
ဆားအနည်းငယ်ထည့် ( ဆနွင်းမသုံးပါ - မညှီပါ )
အိုးထဲမှာဆီ အနည်းငယ်ထည့် ဆီအနည်းငယ်ပူလာလျှင် အသည်း + ရေအနည်းငယ်ထည့်
အဖုံးဖုံးထား
မီးကို medium low မှာထား
နာရီဝက်လောက်ဆိုရင် ရပါပြီ။
မာတောင့်နေအောင် မချက်သင့်ပါ။
ကြက်ဆွပ်ပြုတ်ထဲမှာ ထည့်သောက်ရင် အလွန်ကောင်းပါတယ်။
အရသာလဲရှိ
အာဟာရဓာတ်တွေကလဲ ကြွယ်သလား မပြောပါနဲ့တော့။
Super food လို့ ဆိုရမှာပါပဲ။


No comments:

Post a Comment