Saturday, June 15, 2024

မွေးမြူသူတိုင်းလေ့လာကြည့်သင့်တဲ့ Feedipedia

 မွေးမြူသူတိုင်းလေ့လာကြည့်သင့်တဲ့ Feedipedia

သက်ခိုင်
မွေးမြူရေးလုပ်ငန်းမှာ အကြီးမားဆုံး ကုန်ကျစရိတ်ဟာ အစာဖိုးကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် မွေးမြူရေးလုပ်ငန်းတစ်ခုရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် စုစုပေါင်းအနက် ၇၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အစာဖိုးကုန်ကျစရိတ် ဖြစ်ပါတယ်။
ဒါကြောင့် အစာဖိုးကုန်ကျစရိတ်ဟာ မွေးမြူရေးလုပ်ငန်းရဲ့ အကျိုးအမြတ်ရရှိနိုင်မှုအပေါ် သက်ရောက်မှု အလွန်ကြီးမားပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ မွေးမြူရေးသမားတွေအနေနဲ့ အစာအာဟာရနဲ့ ပတ်သက်ပြီး သိပ်ခေါင်းမစားခဲ့ရဘူးလို့ ဆိုလို့ရပါတယ်။ မိမိမွေးမြူတဲ့တိရစ္ဆာန်ရဲ့ အမျိုးအစား၊ မျိုး၊ အသက်အရွယ်၊ ထုတ်လုပ်မှုတွေအလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အတိအကျနီးပါး ရရှိနိုင်တဲ့ ရောစပ်စာတွေကို အစာကုမ္ပဏီတွေထံကနေ ဝယ်ယူပြီး အသုံးပြုရုံပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစာထုတ်လုပ်သူတွေက သူတို့ရဲ့ အစာတွေကို အရည်အသွေးမြင့်သည်ထက်မြင့်အောင်၊ တိရစ္ဆာန်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသည်ထက် ကိုက်ညီအောင် တီထွင်ကြံဆ ထုတ်လုပ်လာကြတာပါ။
🧑‍💻 ဒါကြောင့်‌ မွေးမြူသူအများစုဟာ တိရစ္ဆာန်ရဲ့ အစာအာဟာရ နဲ့ ပတ်သက်ပြီး လေ့လာစရာ မလိုတော့သလောက်နီးပါး ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အခုတော့ ပြဿနာ နည်းနည်းရှိလာပါပြီ။
ကမ္ဘာတလွှား တိရစ္ဆာန်အစာကုန်ကြမ်းဈေးနှုန်း မြင့်တက်လာနေတာရယ်၊ မြန်မာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေတွေရယ်ကြောင့် အစာဈေးနှုန်းတွေက အဆမတန်ဆိုတာထက်ကို ပိုပြီး မြင့်တက်လာနေပါတယ်။ ဒါကြောင့် မွေးမြူသူတွေ၊ အစာထုတ်လုပ်သူတွေဟာ အစာအတွက် ကုန်ကျစရိတ်ကို လျှော့ချချွေတာနိုင်ဖို့ စဉ်းစားလာကြပါတယ်။
အသားတိုးကြက်လို အမှားမခံတဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ သိပ်အပြောင်းအလဲ မလုပ်ကြပေမယ့် သိုး၊ ဆိတ်၊ နွားတို့လို အကြမ်းခံတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို မွေးမြူရာမှာ နဂိုကျွေးနေကျ အစာတွေအစား ပိုပြီးဈေးသက်သာ၊ ပိုပြီးပေါပေါများများရလွယ်တဲ့ အစာတွေကို ရှာဖွေကျွေးမွေးလာကြပါတယ်။ (ဥပမာအားဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းမှာ ယခင်က အသုံးမပြုခဲ့ဖူးတဲ့ တရုတ်ပဲကြီးကို ထည့်သွင်းအသုံးပြုလာကြတာမျိုးပါ။) ဒါကြောင့် အစာကုန်ကြမ်းအမယ်အသစ်တွေအကြောင်း ပိုမိုသိရှိဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။
🧑‍💻 အဲဒီလို အစာကုန်ကြမ်းတွေအကြောင်း သိရှိဖို့ လိုအပ်လာတဲ့အခါ အချက်အလက်တွေ ဘယ်လိုရှာဖွေရမလဲဆိုတာက ပြဿနာ တစ်ခုပါ။ ဒီပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်မယ့် ဝဘ်ဆိုဒ်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ Feedipedia (www.feedipedia.org) ဆိုတဲ့ ဝဘ်ဆိုဒ်ပါ။
အဲဒီ ဝဘ်ဆိုဒ်ဟာ ကမ္ဘာတလွှားက မွေးမြူသူတွေ၊ အာဟာရဗေဒပညာရှင်တွေ၊ အစာထုတ်လုပ်သူတွေ၊ ကျောင်းသားတွေ၊ မွေးမြူရေးဌာနဆိုင်ရာတွေ၊ စသည်ဖြင့် သက်ဆိုင်သူအားလုံးအတွက် အခမဲ့ အသုံးပြုခွင့်ပေးထားတဲ့ ဝဘ်ဆိုဒ်ဖြစ်ပါတယ်။ Feedipedia ကို ပြင်သစ်နိုင်ငံ စိုက်ပျိုးရေးသုတေသနအင်စတီကျူ့ (INRAE - French National Institute for Agricultural Research) ၊ ပြင်သစ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန စင်တာ (CIRAD - Centre de Coopération Internationale en Recherche Agronomique pour le Développement)၊ ပြင်သစ်နိုင်ငံ မွေးမြူရေးအသင်း (AFZ - French Association for Animal Production) နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။
🧑‍💻 Feedipedia ဟာ သူ့ရဲ့ နာမည်အတိုင်း တိရစ္ဆာန်အစာ (Feed) တွေအကြောင်း ရေးသားထားတဲ့ အွန်လိုင်း စွယ်စုံကျမ်း (Encyclopedia) တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတလွှားက တိရစ္ဆာန်အစာအမျိုးအစားပေါင်း ၁၄၀၀ ကျော်ရဲ့ အကြောင်းကို အဓိကအုပ်စုကြီး (၄) စု အဖြစ် ခွဲခြားဖော်ပြထားပါတယ် -
(၁) တိရစ္ဆာန်အစာကြမ်းပင်များ (Forage plants)
(၂) အပင်ထွက်ပစ္စည်း/ဘေးထွက်ပစ္စည်းများ (Plant products/By-products)
(၃) တိရစ္ဆာန်ထွက်ပစ္စည်းများ (Feed of animal origin)
(၄) အခြားအစာများ (Other)
အစာတစ်မျိုးချင်းစီရဲ့ ဒေသန္တရအမည်၊ သိပ္ပံအမည်၊ စသည်ဖြင့် အမည်တစ်ခုခုကို သိရှိရုံနဲ့ အဲဒီအစာရဲ့ အကြောင်းကို အသေးစိတ် လေ့လာနိုင်ပါတယ်။
✅ဘယ်ဒေသမှာ ဘယ်လို စိုက်ပျိုးလို့ရတဲ့ တိရစ္ဆာန်အစာပင်လဲ။
✅အာဟာရဓာတ်ပါဝင်မှု အချိုးအစားတွေက ဘယ်လိုလဲ။
✅ဘယ်တိရစ္ဆာန်တွေကို ကျွေးမွေးနိုင်သလဲ။
✅ဘယ်လောက်ပမာဏအထိ ကျွေးမွေးနိုင်သလဲ။ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲ။
✅အဆိပ်အတောက်နဲ့ မလိုလားအပ်တဲ့ ဓာတ်ပစ္စည်းတွေ ဘာတွေ ဘယ်လောက်နှုန်းလောက် ပါဝင်သလဲ။
✅ဘယ်လိုတန်ဖိုးမြှင့်တင် ထုတ်လုပ်ပြီး အသုံးပြုနိုင်မလဲ။
✅အဲဒီ့ အစာကို စိုက်ပျိုးထုတ်လုပ် အသုံးပြုမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်သလဲ။
စတာတွေကို အသေးစိတ် လေ့လာနိုင်ပါတယ်။
🧑‍💻 Feedipeida ဝဘ်ဆိုဒ်ကို စတင်လွှင့်တင်ကတည်းက ဝဘ်ဆိုဒ်မှာပါဝင်တဲ့ အချက်အလက်တွေကို ဘာသာ စကား အတော်များများနဲ့ လေ့လာဖတ်ရှုနိုင်အောင် စီစဉ်ထားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေအတွက်ကတော့ ယခင်က အင်္ဂလိပ်ဘာသာနဲ့ပဲ ဖတ်ရှု့လေ့လာနိုင်ခဲ့တာပါ။ အခုတော့ဖြင့် အဲဒီဝဘ်ဆိုဒ်ကို မြန်မာဘာသာနဲ့ အလွယ်တကူ လေ့လာနိုင်ပြီ ဖြစ်ပါတယ်။ ဒီမှာ သတိပြုရမှာက မြန်မာဘာသာပြန်ဆိုတာကို Google Translate က ထောက်ပံ့ကူညီထားတာဖြစ်ပြီး လွဲချော်မှုအချို့ ရှိနိုင်တယ်ဆိုတာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဝဘ်ဆိုဒ်ကနေ အခုရရှိနေတဲ့ ဝန်ဆောင်မှုနဲ့တင်ကိုပဲ မြန်မာ့မွေးမြူသူတွေ၊ စိုက်ပျိုးသူတွေအတွက် အများကြီး အထောက်အကူပြုနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း ဒီဝဘ်ဆိုဒ်လေးကို သွားရောက်လေ့လာကြည့်ကြဖို့ မိတ်ဆက်ပေးရခြင်း ဖြစ်ပါတယ်။ စာဖတ်သူများအတွက် တစုံတရာ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မိသလို သွားရောက်လေ့လာကြည့်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
Feedipedia ဝဘ်ဆိုဒ်ကို သွားရောက်လေ့လာပြီးတဲ့နောက် စာဖတ်သူတို့ရရှိတဲ့ အတွေ့အကြုံတွေ၊ အကျိုးရလဒ်တွေကိုလည်း ဒီဆောင်းပါးအောက်မှာ မှတ်ချက်ရေးပြီး ပြန်လည်မျှဝေပေးပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ရေးသားသူ - #သက်ခိုင်
.
.
.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဝီစကီCorn Whiskey

 Corn Whiskey

(9) ရက်သား
Barrel Entry Date :5 Jun 2024
Photo Date: 14 Jun 2024
100% Corn Spirit
Barrel Entry Proof 126 (ABV 63%)
ယမနေစည် ဂါလံ ၂၀ ဆံ့
မြင်းမူမြို့တွင်ဖြစ်သည်။
‌ကြေး ရေခေါင်းတွင် Ceramic Water Filter လေးတပ်ပြီး အကြည်ခံပါသည်။ အရောင်အနံ့ စမ်းကြည့်ယုံသာကြည့်၍ ပြန်ထည့်ပါသည်။
ပြောင်းဝီစကီတွေရဲ့ Sweetness ဖြစ်မှုကို ယမနေစည်နဲ့ အရသာသစ် ဘယ်လို့ရမလဲ ကြည့်ကြသေးတာပေါ့ဗျာ။
ဝီစကီ၊ ရမ်၊ ဘရန်ဒီ လုပ်နည်းဆိုင်ရာ ဗဟုသုတမှတ်စုများ
ဒီလို ယမနေသစ်စည်၊ ဝက်သစ်ချသစ်စည်တွေနဲ့ သက်ရင့်ယမကာတွေ ကိုယ်တိုင်ဖန်တီးဖို့ ဝါသနာပါရင်တော့ မုံရွာ~မန္တလေးလမ်းမကြီးပေါ်ရှိ မြင်းမူမြို့မှ "အညာသီယမ် သစ်သားစည်လုပ်ငန်း" ANYATHIAN COOPERAGE သို့ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
ANYATHIAN COOPERAGE
MYINMU
☎️ 09988936780
Credit to:

Handmade Anyathian Products




Friday, June 14, 2024

Harvard တက္ကသိုလ်က အခမဲ့Data science ပညာရပ်များ

 Harvard တက္ကသိုလ်က အခမဲ့သက်ကြားပေးတဲ့ သုတေသနလုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ Data science ပညာရပ်များကို စုစည်းတင်ဆက်ပေးထားပါတယ်။

၁။ Quantitative Methods for Biology
၃။ Introduction to Data Science with Python

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာလူမျိုးများ၏ ဘဝ

ဘယ်သူတွေကို protect လုပ်ဖို့ သူတို့က မြို့ထဲမှာ သေနတ်ကြီးကိုင်ပြီး စောင့်နေကြတာလဲ။

 Myanmar: Life Under Strict Military Junta Rule | Gold Pagodas, Golf & Freedom Struggles

Credit to: Ilya Varlamov

Spring Development Bank Motivation

 

Updated Bet Rate ဆိုပြီး messenger/ telegram/ whatsapp chatbox တွေကတဆင့်ရေးထည့်လိုက်။ မင်မင်တို့ဖက်က latest rate လေးရယ်ထိုးနိုင်မယ့် အမောင့်လေးရယ်ပြန်ပြောမယ်။ ကိုယ့်မှာကျန်တဲ့ budget လေးတွက်ချက်ပြီး A01ဘယ်လောက် A02 ဘယ်လောက် A04 ဘယ်လောက်လဲသာရေးထည့်လိုက်။ ပြီးရင် တော်လှန်ရေးသတင်းလေးတွေရှာဖတ် ရှာဖတ်ရမယ့်လင့်လေးတွေလည်းမင်မင်တို့ page မှာတင်ထားပြီးသား။ အဲ့လင့်တွေထဲက တနေရာရာမှာ သတင်းတွေ့ရင် chatbox ထဲပေါက်ပြီဆိုပြီး ငွေပြန်လွှဲရမယ့် QR codeလေးရယ် တွေ့တဲ့သတင်းလင့်လေးနဲ့အတူတူအမြန်ဆုံးပို့ချလိုက်။ မင်မင်တို့ရဲ့ခေါင်းဆောင်ကီး approve ပေးပြီးတာနဲ့နိုင်ငွေအမြန်ဆုံးပြန်ထည့်ပေးလိုက်မယ်။ ငွေပေးခါနီးခေါင်းဆောင်ကီးကပေသီးခေါက်နေရင် သူဆီကငွေပြန်ရှင်းပေးမယ့် approval ရဖို့ မင်မင်တို့တာဝန်သာထားလိုက်။ အော်မေ့တော့မလို့ သွေးကြီးတယ်လို့တော့မထင်နဲ့။ တော်လှန်ရေးအတွက်ရည်ရွယ်လို့ SDB ရယ် NUG pay ရယ်ပဲ ရမယ်။

If they see us they will bomb us

Please click and try to watch the video from below link.

The BBC spent a month inside Myanmar, where young medics, teachers and fighters are powering the revolution against the ruling military junta from jungle hideouts and front lines.

 https://www.bbc.com/news/articles/cxeevn4pe1jo

Thursday, June 13, 2024

ပုန်းသောသူများပေါ်လိမ့်မည် သေသောသူများရှင်လိမ့်မည်

ငယ်ငယ်တုန်းက ''ကမ္ဘာ့စည်ကြီးတီးလိမ့်မည် မျက်နှာမဲကြီးငိုလိမ့်မည် ပုန်းသောသူများပေါ်လိမ့်မည် သေသောသူများရှင်လိမ့်မည်'' ဆိုပြီး မိုးဦးကျချိန်မှာ မိုးချိမ်းတာ မိုးရွာတာ ဖားတွေထွက်ကြအော်ကြတာ အပင်တွေရှင်လာတာကို စကားထာ ဖွက်ခဲ့ကြတယ်။

ပုန်းနေတဲ့ဖားတွေ ထွက်လာတယ်၊ ဘာပင်မှမရှိတဲ့ မြေကွက်လပ်တွေမှာ မြက်ပင် သစ်ပင်တွေ ပေါက်လာတယ် ပြန်ရှင်လာတယ်။ ဒါက သက်ရှိတွေ ရေရှည် ရှင်သန်နိုင်ဖို့အတွက် အခြေအနေကောင်း မဟုတ်တဲ့ အချိန်ကို အသေလို ငြိမ်နေပြီး ကျော်ဖြတ်နိုင်ဖို့ လုပ်ခဲ့ကြတဲ့ (hibernate, dormancy) ဖြစ်စဥ် တချို့ပါ။
ကျောင်းက ဖားအကြောင်း သင်ခန်းစာမှာ ဖားဘိုက်ထဲမှာ fat bodies ဆိုတဲ့ စုဆောင်းထားတဲ့ အဆီတွေရှိလို့ နွေကာလမှာ ဖားတွေ အကြိုအကြားမှာ တွင်းထဲမှာ မစားမသောက် မလှုပ်မရှား အောင်းနေနိုင်တာ သင်ခဲ့ရတယ်။ မိုးရွာပြီး သူတိုရဲ့အစာဖြစ်တဲ့ ပိုးကောင်တွေ ပေါလာချိန်မှာ အပြင်ထွက်လာကြတာ။ တုံးအောက်ကဖား တွင်းထဲကဖားတွေ တွေ့ဖူးတော့ ဘယ်နားမှာ ပုန်းနေပြီး ပြန်ထွက်လာတာသိရတယ်။
မိုးဦကျချိန်မှာ နောက်ထပ်ပေါ်လာတဲ့ ပုန်းနေသူတွေက ပုစဥ်းရင်ကွဲပါ။ သစ်ပင်တောအုပ်နဲ့ နီးတဲ့နေရာမှာ နေထိုင်ကြသူတွေ မိုးစရွာပြီး သစ်ပင်တွေမှာ အရွက်သစ်တွေနဲ့ စိမ်းစိုလာချိန်မှာ ပုစဥ်းရင်ကွဲ တွေ ကောင်ရေ သိန်းသန်းချီပြီး အသားကုန်အော်တဲ့ အသံတွေ ကြားကြရတယ်။ ဘယ်နေရာမှာ ပုန်းနေခဲ့မှန်း မသိတဲ့ ဒီပိုးကောင်တွေ ရုတ်တရက် အမြောက်အများ ဘယ်ကနေထွက်လာကြသလဲ၊ ပြီးတော့ တစ်လလောက် အကြာမှာ ဘယ်တွေပျောက်သွားကြသလဲ စဥ်းစားမရခဲ့ဘူး။ The Nature Conservancy အဖွဲ့ကြီးရဲ့ Ecological Management Director ဖြစ်တဲ့ Deborah Landau ရေးသားတဲ့၂၀၂၄ မေလ ၁၂ ရက်က ''They are here! What you need to know about the double brood emergence of this noisy, natural wonder.'' ဆောင်းပါးကိုဖတ်ရမှ သဘောပေါက်သွားတယ်။
ပုစဥ်းရင်ကွဲ (cicada) ကို ​မြန်မာမှာသာမက အင်တာတိကာ ကလွဲလို့ ကမ္ဘာတိုက်​ကြီးအားလုံး မှာ တွေ့ရပြီး မျိုးစိတ်ပေါင်း ၃၀၀၀ လောက်ရှိတယ်လို့ဆိုတယ်။ မြန်မာအပါအဝင် အရှေ့တောင်အာရှနဲ့ ပစ်ဖိတ်ကျွန်းတွေမှာ မျိုးစိတ် ၂၀၀ ကျော် ရှိနေပါတယ်။ ရင်ကွဲမတတ် အော်နေကြတယ် ထင်ရတဲ့ အသံကို စွဲပြီး ပုစဥ်းရင်ကွဲလို့ ခေါ်ပေမဲ့ အကောင်က တစ်မျိုးထဲ မဟုတ်ဘူး။ Cicada Mania website မှာ မြန်မာပြည်မှာတွေ့ရတဲ့ ပုစဥ်းရင်ကွဲ မျိုးစိတ် ၁၂ ခုကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားတာတွေ့ရတယ်။ မြန်ပြည်မှာ နှစ်စဥ် တွေ့ရတယ်လို့ဆိုပေမဲ့ တချို့က ၂ နှစ်၊ ၄ နှစ်၊ အမေရိကန်ပြည်ထောင်စုရဲ့ တချို့ပြည်နယ်တွေမှာ ၁၃ နှစ်မှ တစ်ကြိမ် ပြန်တွေ့ရတာ နဲ့ ၁၇ နှစ် ကြာမှပြန်ပေါ်လာတဲ့ ပုစဥ်းရင်ကွဲ မျိုးတွေလဲရှိတယ် လို့ဆိုတယ်။
အခြေအနေ ကောင်းတဲ့အချိန်မှာ ပုစဥ်းရင်ကွဲဖြစ်လာမဲ့ သားလောင်း ဒုတိယအဆင့် (nymph stage) တွေ မြေအောက် တစ်ပေ တစ်ပေခွဲလောက်အနက်က ထွက်လာကြပြီး နီးရာအပင် အရွက်တွေပေါ်တွယ်တက်ကြ အရေခွံဟောင်းကိုခွာချပြီး တတိယအဆင့် ပုစဥ်းရင်ကွဲတွေဖြစ်လာကြတယ်။ အထီးတွေအရင် ထွက်လာကြပြီး အမတွေသိအောင် ကျယ်လောင်တဲ့ သီချင်းသံ ပေးကြတာလို့ဆိုတယ်။ အမနဲ့တွေ့လို့ မိတ်လိုက်ပြီး မကြာခင်မှာ အမတွေက သစ်ပင် အကိုင်းအသစ်တွေမှာ ဥတွေ ဥချကြတယ်။ ဥ ၁၀ လုံး အလုံး ၂၀ လောက် ဥပြီးရင် နေရာ ရွှေ့ပြီး ထပ်ခါထပ်ခါ ဥချကြတာ၊ အမတစ်ကောင်က ဥ ၅၀၀ - ၆၀၀ လောက် ဥကြတယ်လို့ဆိုတယ်။ မြေကြီးထဲက ထွက်လာပြီး ၅ ရက်လောက်မှာ အသံပေးကြတာ၊ တစ်လလောက်မှာ အသံတိတ်သွားကြတယ်။ ပုစဥ်းရင်ကွဲရဲ့ သက်တမ်းကလဲ အဲဒီလောက်ပဲရှိတာ။
သစ်ကိုင်းတွေမှာ ကပ်နေတဲ့ ဥတွေက ရက်သတ္တ ၆ ပတ်က ၁၀ ပတ်အတွင်း အကောင်ပေါက်လာကြတယ်။ ပေါက်လာတဲ့ သားလောင်း (nymph) တွေက မြေကြီးပေါ်ပြုတ်ကျပြီး သူတို့ရဲ့ သန်မာတဲ့ ခြေထောက်တွေနဲ့ မြေကြီးကိုတူးပြီး မြေအောက် တ​စ်ပေ တစ်ပေခွဲ အနက်မှာရှိတဲ့ သစ်မြစ်တွေက အရည်တွေကို စုပ်စားပြီး အသက်ရှင်နေကြတယ်။ (တချို့မျိုးစိတ်တွေက ရှစ်ပေလောက်အနက်အထိ တူးပြီးနေကြတယ်။) မြေအောက်မှာ ရှစ်လကျော် အောင်းနေပြီးမှ မြေပေါ်ကိုတက်လာပြီး ပုစဥ်းရင်ကွဲ ဘဝ ပြန်ရောက်ကြရတာ။
ပုန်းတဲ့သူချင်းတူသလိုရှိပေမဲ့ ဖားက ဖားအဆင့် နဲ့ ပုန်းတာ။ ပုစဥ်းရင်ကွဲက nymph သားလောင်း အဆင့်နဲ့ အကြာကြီး ပုန်းနေတာပါ။
သက်ရှိတွေမှာ အဆင်မပြေတဲ့ကာလကို ကျော်ဖြတ်နိုင်ဖို့ ဒါမှမဟုတ် အချိန်မတန်သေးလို့ အသေလို ငြိမ်ပြီး စောင့်ပေးရတဲ့ ကာလတွေ အိပ်ပျော်နေသလို အခြေအနေမျိုးတွေ ရှိတတ်ကြတယ်။ The sleeping beauty in the woods ပုံပြင်ထဲက မင်းသမီးလေးကတော့ နှစ်တစ်ရာကြာအောင် အိပ်ပျော်နေခဲ့တာ။
Biosciences Institute at Newcastle University, UK ရဲ့ ဦးဆောင် သုတေသီ Dr. Sergey Melnikov က 'We live on a dormant planet. Live is mainly about sleep.' လို့ဆိုတယ်။ Melnikov lab ရဲ့ ၆၊ ၁၊ ၂၀၂၃ ရက် မှာဖော်ပြတဲ့ ''Power naps: when molecules in our bodies like to nap'' စာတမ်းမှာ သိပ္ပံပညာရှင်တွေက လူတွေ မစားမသောက်ပဲ ရှစ်ရက်ထက် ပိုပြီး အသက်မရှင်နိုင်ဘူး လို့ဆိုတယ်။ တချို့ ၂၁ ရက်အထိ တောင့်ခံနိုင်တယ် လို့ ယူဆသူတွေလဲ ရှိတယ်။ North American grizzly bear (ဝက်ဝံညို) တွေက လူတွေနဲ့မတူပဲ မနက်စာကို စက်တင်ဘာ လလည်လောက်မှာစားပြီး ညစာကို ဧပြီလ ကျမှစားပြီး နေနိုင်ကြတယ်လို့ဆိုတယ်။ မစားပဲနေတဲ့ ကြားထဲက အချိန်မှာ အိပ်နေကြတာ။
Melnikov ရဲ့ စာအရ ရိုးရိုးအိပ်တာထက် အကြာကြီးအိပ်တာ (dormancy/ hibernate) ရဲ့ ဖြစ်စဥ်က အများကြီး ရှုပ်ထွေး နက်ရှိုင်းပါတယ်။ ဝက်ဝံညိုတွေ အကြာအိပ်နေချိန်မှာ ကိုယ်အပူချိန် 38 က 31°C ထိကျသွားတယ်။ နှလုံးခုန်နှုန်း 40-50 က 8-19/ minute ဖြစ်လာတယ်။ အသက်ရှူနှုန်းက တစ်မိနစ်ကို ၆ ကြိမ် ၈ ကြိမ် ရှူ​ နေရာက က တစ်ကြိမ်ပဲ ရှူတော့တာ။ အစာမစားသလို အညစ်အကြေး မစွန့်ပဲ ရက်သတ္တများစွာ နေနေကြတယ်။ ဆီးမသွားပဲ ဆီးမှာပါတဲ့ urea ကို ပရိုတင်း ပြန်တည်ဆောက်ပြီး အသုံးပြုတယ်။ ဒီလိုနဲ့ အေးပြီး အစာရှားတဲ့ အချိန်ကို ရှင်သန် ကျော်ဖြတ်ကြတာပါ။
အာတိတ်ဒေသက ရှဥ့်လေးတွေက ပတ်ဝန်းကျင်က -26°C ရှိချိန်မှာ သူ့ကိုယ်အပူချိန်ကို -3°C လောက်နဲ့ ထိန်းထားနိုင်တယ်။ တခြားတိရစ္ဆာန်တွေနဲ့ မတူပဲ ကိုယ်ထဲမှာ ရေခဲ crystal မဖြစ်စေကြလို့ အသက်ရှင်နေနိုင်တာ လို့ဆိုတယ်။ အကောင်ကြီးတွေ လိုပဲ သေးငယ်တဲ့ အင်းဆက်ပိုးတွေလဲ အိပ်ပြီး အကြာကြီး နားနေနိုင်ကြပါတယ်။ ရေဝက်ဝံ (water bear) ရေညှိဝက်ပေါက် (moss piglet) လို့လဲ ခေါ်ကြတဲ့ Tardigrades ဆိုတဲ့ မျက်စေ့နဲ့ မြင်ရတယ် ဆိုရုံလောက်ပဲရှိတဲ့ 0.5 mm အရွယ် အကောင်လေးတွေက တခြားတိရစ္ဆာန်တွေ မရှင်သန်နိုင်အောင် ပြင်းထန်တဲ့ အခြေအနေတွေမှာ ရှင်နိုင်ကြတယ်။ သူ့မှာ ခိုင်ခန့်တဲ့ အကာ နဲ့ဖုံးအုပ်ထားပြီး ခေါင်းပိုင်း နဲ့ ကိုယ်ထည် လေးဆစ် ပါရှိတယ်။ ကိုယ်ထည်အဆစ်တွေမှာ ခြေသည်း ၄ ချောင်းက ၆ ချောင်းအထိပါတဲ့ တောင့်တင်းတဲ့ ခြေထောက် တစ်စုံစီရှိလို့ ခူကောင်နဲ့ ဆင်ဆင်တူတယ်။ ကိုယ်တွင်းမှာ ဦးဏှောက်ကစပြီး အစာအိမ် မျိုးဥအိမ် စတဲ့အင်္ဂါစုံ ရှိနေတယ်။ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေ (-200°C လောက်အထိ အအေး၊ 150°C အထိ အပူ နဲ့ ဓာတ်ရောင်ခြည် အပြင်းစား) မျိုးမှာ သူတို့က ကိုယ်ထဲမှာရှိတဲ့ ရေဓာတ်ကို ကုန်သွားအောင် စွန့်ထုတ်ပြီး ခြောက်နေတဲ့ အဆင့် (dry-hibernation) နဲ့ မသေပဲ ရှိနေနိုင်ကြတာ။
ပိုပြီးသေးတဲ့ ဘက်တီးရီးယားတွေလဲ အစာပြတ်လာရင် သူတို့ကိုသေစေမဲ့ ဆေးဝါးတွေနဲ့ ကြုံတွေ့လာရင် အသက်ရှင်တဲ့အလုပ်တွေကို ရပ်ဆိုင်းပြီး ကြာရှည် အိပ်နေနိုင်ကြတယ်။ Greenland ရေခဲပြင်က ရပြီး အသက်ပြန်ရှင်လာတဲ့ Chryseobacterium greenlandensis ဆိုတဲ့ ဘက်တီးရီးယားဟာ နှစ်ပေါင်း ၁၂၀၀၀၀ ကြာအောင် မသေပဲ အိပ်ပျော်နေခဲ့တာ။ Sleeping beauty ထက် အဆအများကြီးပိုကြာတဲ့၊ သက်တမ်းအကြာဆုံး အိပ်ပျော်နေခဲ့တဲ့ သက်ရှိပါ။
၂၀၂၄ ခု ဇွန်လ ၅ ရက် Quanta Magazine မှာ Das Samorodnitsky က ''Most life on earth is dormant, after pulling an Emergency Brake'' လို့ ခေါင်းစဥ်တပ်ပြီး ဆဲလ်တွေ ပရိုတင်းအသစ် ထပ်မထုတ်ပဲ ရပ်သွားအောင် တားတဲ့အလုပ် လုပ်နိုင်တဲ့ Balon လို့အမည်မှည့်လိုက်တဲ့ သဘာဝပရိုတင်း အသစ်တစ်ခုကို သိပ္ပံပညာရှင်တွေ တွေ့လာကြောင်း ရေးတာကို ဖတ်လိုက်ရတယ်။ ၂၉၊ ၂၊ ၂၀၂၄ Nature ဂျာနယ်မှာ Sergey Melnikov တို့ သုတေသနအဖွဲ့ ဖော်ပြလိုက်တဲ့ ''A new family of bacterial ribosome hibernation factors'' စာတမ်းကို အခြေခံပြီး ရေးလိုက်တာပါ။
ပြီးခဲ့တဲ့ နှစ်တွေ အတွင်း သုတေသီတွေက အကောင်တွေ အပင်တွေရဲ့ hibernation factor အမျိုးမျိုးကို ရှာတွေ့ထားခဲ့ကြတဲ့အထဲမှာ တချို့က ဆဲလ်တွေ ရှင်သန်နေစေတဲ့ ယန္တရားကို ရပ်တန့် စေနိုင်ပြီး တစ်ချို့က genes တွေ အလုပ်မလုပ်အောင် တားပေးတဲ့ အစွမ်းရှိကြတယ်။ အခု Melnikov နဲ့ သူ့ကျောင်းသား Karla Helena-Bueno တို့ အာတိတ် ရေခဲလွှာပေါ်ကရတဲ့ Psychrobacter urativorans ဆိုတဲ့ အအေးကြိုက်တဲ့ ဘက်တီးရီးယား မှာ တွေ့ရတဲ့ hibernation factor က ribosome တွေ အလုပ်မလုပ်အောင် တားနိုင်တဲ့ ပရိုတင်းလို့ဆိုတယ်။ Melnikov တို့အဖွဲ့က Balon လို့ အမည်ပေးထားတဲ့ ဒီ ပရိုတင်းက ဆဲလ်မှာရှိတဲ့ ribosome အားလုံးကို အလုပ်မလုပ်စေပဲ ဆဲလ်တွေ အိပ်နေတဲ့ တစ်ချိန်လုံး ဒီ ribosomes တွေ ပျက်စီးမသွားအောင် အကာအကွယ် ပေးတယ်လို့ဆိုတယ်။
သက်ရှိတွေမှာ တစ်ကောင်လုံး အနားယူအိပ်စက် နေနိုင်တာ သာမက ကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေထဲမှာ တချို့က နှစ်ရှည် အလုပ်မလုပ်ပဲ အိပ်နေနိုင်သေးတယ်လို့ဆိုတယ်။ ၂၀၂၄ မေ ၁၃ ရက်၊ Quanta Magazine မှာ Meghan Willcoxon က လူကိုယ်မှာရှိတဲ့ ဆဲလ်တွေ ထဲမှာ အမျိုးသမီးတွေရဲ့ မျိုးဥ ဆဲလ်တွေ အလွန်စိတ်ရှည်ကြတယ် ဆိုတာကို ''How 'idle' egg cell defend their DNA from damage'' ခေါင်းစဥ်နဲ့ ရေးပြထားတာ တွေ့ရတယ်။
အမေ့ဝမ်းထဲ ရှိနေချိန်မှာ မိန်းခလေး သန္ဓေသားရဲ့ ကိုယ်ထဲမှာ မျိုးဥ (ovum) ဖြစ်လာမဲ့ ဆဲလ် (oocytes) တွေ ရှိနေကြပြီ။ မွေးလာချိန်မှာ oocyte တစ်သန်းက နှစ်သန်း လောက်အထိ ပါလာကြတယ်။ Oocytes တွေက မွေးလာပြီး နှစ်တွေအကြာကြီး၊ တခြားဆဲလ်တွေလို ပွားတာမျိုးမဖြစ်ပဲ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းရမဲ့ DNA လဲပျက်စီးမသွားအောင် ထိန်းသိမ်းထားပြီး အိပ်နေကြရတာ။ ဒါပေမဲ့ ပထမ ၁၀ နှစ်အတွင်း oocytes တွေ တဖြည်းဖြည်း ကြီးလာပြီး မူလအရွယ်အစားရဲ့ ၆၄ ဆလောက်ဖြစ်လာတယ်။ Oocytes တွေထဲကို အဓိက တိုးလာတာက ဆဲလ်တွေရဲ့ စွမ်းအင်ထုတ်လုပ်မှု စက်ရုံတွေလို့ ခေါ်တဲ့ mitichondria တွေပါ။ Oocytes တွေမှာ mitichondria အရေအတွက် တစ်သိန်းလောက်စီ ရှိကြတယ် (Sperm မှာ တစ်ထောင်လောက်ပဲပါတာ)။ ဒါပေမဲ့ သူတို့ကထူးတယ်။ တခြားဆဲလ်တွေမှာ mitochondria တွေ စွမ်းအင်ထုတ်လုပ်တဲ့အခါ free radicals ဆိုတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဘေးထွက်ပစ္စည်းတွေ ဖြစ်လာပေမဲ့ mitochondria အများကြီးရှိတဲ့ oocytes တွေထဲက mitochondria တွေက free radicals ထွက်တဲ့ စွမ်းအင်ထုတ်တဲ့အလုပ်ကို ရှောင်နေကြတယ် လို့ဆိုတယ်။ ကြီးထွားဖို့လိုသလောက်ပဲ စွမ်းအင်ထုတ်လုပ်ကြလို့ mitochondria ကြောင့် DNA ထိခိုက်မှု ဖြစ်မလာတာ။ အမျိုးသမီးတွေရဲ့ သားဥအိမ်ထဲမှာ မျိုးဥ တစ်သန်းလောက်စီ ရှိနေပေမဲ့ တစ်ကြိမ်မှာ တစ်ခုပဲ ထုတ်လွှတ်ပေးကြလို့ သက်တမ်းတလျှောက်လုံးမှာမှ မျိုးဥ ၄၀၀ - ၅၀၀ လောက်ပဲ သားဥအိမ်က ထွက်ခွာသွားနိုင်ကြတယ်။ သည်းခံ စောင့်ဆိုင်း နေခဲ့တဲ့ မျိုးဥတစ်သန်းနီးပါးက အိပ်နေတဲ့အဆင့်နဲ့ပဲ တာဝန် ပြီးဆုံး သွားကြတာပါ။
ပုန်းတဲ့သူတွေအကြောင်း နောက်စကားထာ တစ်ခုရှိပါတယ်။ ''တစ်နှစ် တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း'' တဲ့။ မှိုတွေက မျက်စေ့နဲ့ မမြင်နိုင်တဲ့ spore ဆိုတဲ့ မျိုးစေ့ လေးက အညှောက်ထွက်ပြီး hyphae ဆိုတဲ့ ချည်မျှင်လို အဆင့် ဖြစ်လာတာ။ အမျှင်တွေ ရှည်ထွက်ကြပြီး mycelium ဆိုတဲ့ အမျှင်ကွန်ယက် ဖြစ်လာတယ်။ မြေကြီးထဲမှာ mycelium တွေအနေနဲ့ အကြာကြီး ရိက္ခာတွေ ခွန်အားတွေ စုဆောင်းပြီး ပုန်းနေကြတာ။ သင့်တော်တဲ့ အခြေအနေ ရှိလာတဲ့အခါမှ မှိုဆိုတဲ့ အသီးကို အချိန်တိုအတွင်းမှာ ထုတ်လုပ်လိုက်ကြတာပါ။ သဘာဝအလျှောက် ပေါက်တဲ့မှိုတွေက နှစ်စဥ် သူ့အချိန်ရောက်ရင် အချိန်မှန် ပေါ်ထွက်လာနိုင်အောင် တစ်နှစ်လုံး ပုန်းပြီးနေခဲ့ကြတာပါ။
သစ်ပင်တွေလဲ အေးလွန်းတဲ့ဒေသမှာ အအေးဒဏ်ကြောင့်သေမသွားရအောင် အရွက်တွေအားလုံး ချွေချပြီး အသေနီးပါး အခြေအနေနဲ့ အသက်ဆက်ရှင်ဖို့ တောင့်ခံ ကြရ
သလို၊ ပူတဲ့ဒေသတွေက အပင်တွေလဲ ခြောက်သွေ့တဲ့နွေရာသီမှာ အရွက်တွေကို ချွေချလိုက်ပြီး မိုးရွာပြီး အစိုဓာတ်ရလာမဲ့အချိန်အထိ တောင့်ခံကြရတယ်။ ဒါမျိုးတွေက အပင်တွေ လုပ်နေကျ ကြာရှည် အိပ်တဲ့ dormanycy အလေ့အထပါ။
ဘက်တီးရီယားကစပြီး အကောင်တွေ အပင်တွေ အဆင်မပြေမဲ့ကာလအတွက် ကြိုတင်ပြင်ဆင်ပြီး ပုန်းနေ အိပ်နေဖို့ လုပ်ကြသလို လူသားတွေလဲ ကြုံလာနိုင်တဲ့ ဘေးဒုက္ခတွေကို တောင့်ခံ ကျော်ဖြတ် အသက်ရှင်နိုင်ဖို့ ပြင်ဆင်တာတွေ လုပ်ခဲ့ကြတယ်။ Cold war ကာလမှာ အမေရိကန်က အဆောက်အဦးတွေရဲ့ မြေအောက်ခန်း တွေမှာ သောက်ရေနဲ့ အစာခြောက်တွေ (high energy biscuits) တွေ သိုလှောင်ထားကြတယ်။ အဏုမြူစစ် ဖြစ်လာရင် မြေအောက်ခန်းမှာ ကြာကြာပုန်းနေနိုင်ဖို့အတွက်ပါ။ Y2K ဆိုတဲ့ သက္ကရာဇ် ၂၀၀၀ ပြည့်ချိန်မှာ ကွန်ပြူတာစံနစ်တွေ ဖောက်ပြန်ပြီး ဘေးဒုက္ခတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် စားသောက်ဆိုင်တွေမှာ ပစ္စည်းပြတ်ကုန်တဲ့အထိ ရိက္ခာစုဆောင်းတာတွေ လုပ်ခဲ့ကြပါသေးတယ်။ ဆူနာမီလို ရုတ်တရက်ပေါ်လာတဲ့ ဘေးကိုတော့ ရှောင်လို့ မလွတ်ခဲ့ကြဘူး။
မြတ်ဗုဒ္ဓသော်မှ ပြည်သူတွေ အငတ်ဘေးဆိုက်တဲ့ကာလမှာ ကုန်သည်တွေ လှူသွားတဲ့ မြင်းစားဂျုံကြမ်းတွေ ဘုန်းပေးပြီး အသက်ရှင်ခဲ့ရတာမျိုး ကြုံခဲ့ပါသေးတယ်။
မျှော်လင့် မမျှော်လင့် ကြုံလာသမျှ အခက်အခဲ ဘေးဒုက္ခအပေါင်းကို ပုန်းနိုင် ဖြတ်ကျော်နိုင် တောင့်ခံနိုင်ဖို့ ကြိုးစားအားထုတ်ကြရမှာ မဟုတ်ပါလား။
Credit to:

Aung Myint

ကိုယ် ပိုင်လုပ်ငန်း

 ကိုယ် ပိုင်လုပ်ငန်း လုပ်တော့မယ် လို့စဉ်းစား ရင် အောက်ပါအချက်တွေ ကို ဂရုစိုက်ပါ...။

၁) Financial ပိုင်း ကို တီးမိခေါက်မိရှိအောင်လုပ်ပါ။လုပ်ငန်းလုပ်ရင် မြတ်တဲ့အခါ လုပ်ငန်း ချဲ့ဖို့ သင့်မသင့် စဉ်းစား ရလို ရှုံးတဲ့ အခါ ထပ်ထည့်သင့်မသင့် စဉ်းစားရပါတယ်။အဲဒီအခါ ငွေကြေးစီမံခန့်ခွဲမှု သိပ်အရေးကြီးပါတယ်။
၂) မိမိလုပ်မယ့် Idea ကို လူများများကို ပြောပြပါ။ သူတို့ဆီကနေ ထင်မြင်ချက်တောင်းပါ။ သူတို့ အမြင်မှာ ကိုယ်ပြင်စရာလေးတွေ တွေ့ရင်ပြင်ပါ။
၃) ဥပဒေရေးရာမှာ အားကိုးလောက်တဲ့သူရှာထားပါ။ အရေးအကြောင်း ကြုံရင်သိပ်အသုံးဝင်ပါတယ်။
၄) အနည်းဆုံး Supervisor လောက်ကို မအုပ်ချုပ်ဘူးရင် ကိုယ်ပိုင်စီးပွားရေးမလုပ်ပါနဲ့။ ဝန်ထမ်းက ကိုယ့် အပေါ်ပြန်ခိုင်းသွားပါလိမ့်မယ်။
၅) တတ်နိုင်သလောက် Network ချဲ့ပါ။ ကိုယ့် အကြောင်း အကောင်း ပြောမယ့် Network တစ်ခု ကို တည်ဆောက်ပါ။ လုပ်ငန်းစစချင်းမှာ ကိုယ့် ကို ယုံလို့လူတွေ က ကိုယ့်လုပ်ငန်း ကို ယုံကြည်ကြမှာပါ။
၆) လုပ်ငန်း နဲ့ပတ်သက်တဲ့ ရည်မှန်းချက်ထားပါ။ ၅နှစ်မှာ ဘာဖြစ်ချင်လဲ သိအောင်လုပ်ပါ။ နောက် တစ်နှစ်ချင်းစီ လျှော့သွားပြီး ဒီနှစ်ကုန်မှာ ဘာဖြစ်သင့်နေလဲ ဆိုတာ စဉ်းစားပါ၊ ပြီးရင် ဖြစ်အောင်လုပ်ပါ
၇) အလုပ်ကြိုးစားပါ။ ဝန်ထမ်းဘဝက ကြိုးစားတာထက် ၃ ၄ ဆ ပိုကြိုးစားပါ။ ကိုယ်မကြိုးစားရင် ကိုယ့်ဝန်ထမ်း က ထိုင်နေပါလိမ့်မယ်။
၈) ပြတ်သားပါ။ အားမနာပါနဲ့။ ဒါပေမယ့် ယဉ်ကျေးပါ။ရည်မွန်ပါ။ ကူညီနိုင်တာ ကူညီပါ။
၉) လုပ်ငန်း စစချင်းမှာ ဦးတည်ချက် ၁ ခုပဲထားပါ။ လုပ်ငန်း တစ်ခုပဲ လုပ်ပါ။့ Focus ပျောက်ချင်းဟာ လုပ်ငန်း ကို ဆုံးရှုံးစေပါတယ်။
၁၀)လုံလောက်တဲ့ အရင်းအနှီး ရှာထားပါ။ လုပ်ငန်း တစ်ခုကို ငွေအလုံအလက်မရှိပဲစတင်တာ ဟာ စစ်ပွဲတစ်ခု ကို တပ်အင်အားမပါပဲ တိုက်တာနဲ့တူတူ ပါပဲ။
ခ်စ္ခင္စြာ
Credit to:

Michael