မွေးမြူသူတိုင်းလေ့လာကြည့်သင့်တဲ့ Feedipedia
သက်ခိုင်
မွေးမြူရေးလုပ်ငန်းမှာ အကြီးမားဆုံး ကုန်ကျစရိတ်ဟာ အစာဖိုးကုန်ကျစရိတ်ပဲ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် မွေးမြူရေးလုပ်ငန်းတစ်ခုရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် စုစုပေါင်းအနက် ၇၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အစာဖိုးကုန်ကျစရိတ် ဖြစ်ပါတယ်။
ဒါကြောင့် အစာဖိုးကုန်ကျစရိတ်ဟာ မွေးမြူရေးလုပ်ငန်းရဲ့ အကျိုးအမြတ်ရရှိနိုင်မှုအပေါ် သက်ရောက်မှု အလွန်ကြီးမားပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ မွေးမြူရေးသမားတွေအနေနဲ့ အစာအာဟာရနဲ့ ပတ်သက်ပြီး သိပ်ခေါင်းမစားခဲ့ရဘူးလို့ ဆိုလို့ရပါတယ်။ မိမိမွေးမြူတဲ့တိရစ္ဆာန်ရဲ့ အမျိုးအစား၊ မျိုး၊ အသက်အရွယ်၊ ထုတ်လုပ်မှုတွေအလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အတိအကျနီးပါး ရရှိနိုင်တဲ့ ရောစပ်စာတွေကို အစာကုမ္ပဏီတွေထံကနေ ဝယ်ယူပြီး အသုံးပြုရုံပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစာထုတ်လုပ်သူတွေက သူတို့ရဲ့ အစာတွေကို အရည်အသွေးမြင့်သည်ထက်မြင့်အောင်၊ တိရစ္ဆာန်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသည်ထက် ကိုက်ညီအောင် တီထွင်ကြံဆ ထုတ်လုပ်လာကြတာပါ။
ဒါပေမယ့် အခုတော့ ပြဿနာ နည်းနည်းရှိလာပါပြီ။
ကမ္ဘာတလွှား တိရစ္ဆာန်အစာကုန်ကြမ်းဈေးနှုန်း မြင့်တက်လာနေတာရယ်၊ မြန်မာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေတွေရယ်ကြောင့် အစာဈေးနှုန်းတွေက အဆမတန်ဆိုတာထက်ကို ပိုပြီး မြင့်တက်လာနေပါတယ်။ ဒါကြောင့် မွေးမြူသူတွေ၊ အစာထုတ်လုပ်သူတွေဟာ အစာအတွက် ကုန်ကျစရိတ်ကို လျှော့ချချွေတာနိုင်ဖို့ စဉ်းစားလာကြပါတယ်။
အသားတိုးကြက်လို အမှားမခံတဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ သိပ်အပြောင်းအလဲ မလုပ်ကြပေမယ့် သိုး၊ ဆိတ်၊ နွားတို့လို အကြမ်းခံတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို မွေးမြူရာမှာ နဂိုကျွေးနေကျ အစာတွေအစား ပိုပြီးဈေးသက်သာ၊ ပိုပြီးပေါပေါများများရလွယ်တဲ့ အစာတွေကို ရှာဖွေကျွေးမွေးလာကြပါတယ်။ (ဥပမာအားဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းမှာ ယခင်က အသုံးမပြုခဲ့ဖူးတဲ့ တရုတ်ပဲကြီးကို ထည့်သွင်းအသုံးပြုလာကြတာမျိုးပါ။) ဒါကြောင့် အစာကုန်ကြမ်းအမယ်အသစ်တွေအကြောင်း ပိုမိုသိရှိဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။
အဲဒီ ဝဘ်ဆိုဒ်ဟာ ကမ္ဘာတလွှားက မွေးမြူသူတွေ၊ အာဟာရဗေဒပညာရှင်တွေ၊ အစာထုတ်လုပ်သူတွေ၊ ကျောင်းသားတွေ၊ မွေးမြူရေးဌာနဆိုင်ရာတွေ၊ စသည်ဖြင့် သက်ဆိုင်သူအားလုံးအတွက် အခမဲ့ အသုံးပြုခွင့်ပေးထားတဲ့ ဝဘ်ဆိုဒ်ဖြစ်ပါတယ်။ Feedipedia ကို ပြင်သစ်နိုင်ငံ စိုက်ပျိုးရေးသုတေသနအင်စတီကျူ့ (INRAE - French National Institute for Agricultural Research) ၊ ပြင်သစ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန စင်တာ (CIRAD - Centre de Coopération Internationale en Recherche Agronomique pour le Développement)၊ ပြင်သစ်နိုင်ငံ မွေးမြူရေးအသင်း (AFZ - French Association for Animal Production) နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။
(၁) တိရစ္ဆာန်အစာကြမ်းပင်များ (Forage plants)
(၂) အပင်ထွက်ပစ္စည်း/ဘေးထွက်ပစ္စည်းများ (Plant products/By-products)
(၃) တိရစ္ဆာန်ထွက်ပစ္စည်းများ (Feed of animal origin)
(၄) အခြားအစာများ (Other)
အစာတစ်မျိုးချင်းစီရဲ့ ဒေသန္တရအမည်၊ သိပ္ပံအမည်၊ စသည်ဖြင့် အမည်တစ်ခုခုကို သိရှိရုံနဲ့ အဲဒီအစာရဲ့ အကြောင်းကို အသေးစိတ် လေ့လာနိုင်ပါတယ်။
စတာတွေကို အသေးစိတ် လေ့လာနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဝဘ်ဆိုဒ်ကနေ အခုရရှိနေတဲ့ ဝန်ဆောင်မှုနဲ့တင်ကိုပဲ မြန်မာ့မွေးမြူသူတွေ၊ စိုက်ပျိုးသူတွေအတွက် အများကြီး အထောက်အကူပြုနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း ဒီဝဘ်ဆိုဒ်လေးကို သွားရောက်လေ့လာကြည့်ကြဖို့ မိတ်ဆက်ပေးရခြင်း ဖြစ်ပါတယ်။ စာဖတ်သူများအတွက် တစုံတရာ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မိသလို သွားရောက်လေ့လာကြည့်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
Feedipedia ဝဘ်ဆိုဒ်ကို သွားရောက်လေ့လာပြီးတဲ့နောက် စာဖတ်သူတို့ရရှိတဲ့ အတွေ့အကြုံတွေ၊ အကျိုးရလဒ်တွေကိုလည်း ဒီဆောင်းပါးအောက်မှာ မှတ်ချက်ရေးပြီး ပြန်လည်မျှဝေပေးပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:
Post a Comment