Wednesday, June 12, 2024

"မျှော့ နင့် ကျန်းမာရေး ၊ ဂေဟစနစ် "

 https://www.facebook.com/permalink.php?story_fbid=pfbid02Y9vfHmweDEZKNFbETaURLHtQXMH7KNzqL6GMxbJ2AA8es9bkdx8CPbGcjYkuMQUHl&id=100009366928075&mibextid=xfxF2i



Tuesday, June 11, 2024

လက်ဝှေ့

 


ကိုယ်တွေ့ဓမ္မအတွေ့အကြုံစာအုပ်

 ကိုယ်တွေ့ဓမ္မစာအုပ်လက်ကျန် ခြောက်အုပ်က

" ကိုယ့်စိတ်ကိုယ်စစ်ကြစို့ " က
ဒီနှစ်အုပ်ပဲကျန်ပါတော့တယ် ။.
ကုန်ရင်တော့ ကျန်ဓမ္မစာအုပ် ငါးအုပ်ပဲ
မှာနိုင်တော့မှာပါ ။
ပြန်ရိုက်ဖို့ကလည်း ခေတ်အခြေအနေက မကောင်း....။
Vpn လေးအားကိုးနဲ့ ကျော်ခွသုံးနေရတဲ့ face book ကလည်း...
Vpn တွေပါ လာဒုက္ခပေးတော့ ယိုင်နဲ့နဲ့...
face book သာမရှိရင်တော့
စာရေးသူ စာဖတ်သူ အဆက်ပြတ်ပြီပေါ့ .. ။
messenger တို့ Viber တို့က
စာအုပ်မှာနိုင်မှာ မဟုတ်တော့ပါဘူး ။.
၀၉၇၉၆၅၅၉၆၉၇ ကို ဖုန်းဆက်(သို့)
စာတို (sMs) ပို့နဲ့ပဲ မှာလို့ရတော့မှာပါ ....။
ဒါမှမဟုတ် G mail (htinkyaw19459@gmail.com )ကဆက်သွယ်ပေါ့ ။
တရားဓမ္မဖြန့်ဖြူးချင်ရင်တော့ ကိုယ်ပိုင် website တစ်ခု၊ you tube channel တစ်ခု အကုန်အကျခံလုပ်ထားမှပါ ။
အသက်ရှုကြပ်စရာ ခေတ်ကြီးက
အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ပဲ
ဆုတောင်းရတာပါပဲ ။
Credit to:

ထင်ကျော်



ယောနသံစင်ရော်၏ နက်နဲသော ပဟေဠိများကို ဖွင့်ဆိုခြင်း

 တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ အောင်လံဆရာတော်ဘုရားကြီး ရေးသားထားသော “ယောနသံစင်ရော်၏ နက်နဲသော ပဟေဠိများကို ဖွင့်ဆိုခြင်း” စာအုပ်အား “ထာဝရငြိမ်းချမ်းရာ ရှာဖွေခြင်း” (The Journey to Eternal Peace) အမည်ပြောင်း၍ ကမ္ဘာအရပ်ရပ်သို့ဖြန့်မည့် စာမူကို Finland နိုင်ငံမှ Mr.Timo Törrönen ဖတ်ရှူပြီး အဖြေထုတ် သုံးသပ်ချက်

အောင်လံဆရာတော် : “ ထာဝရငြိမ်းချမ်းမှုဟူသော စကားရပ်သည် အလွန်မှလေးနက်သည်။ ထာဝရငြိမ်းချမ်းမှုရှိသည်ဟုဆိုလျှင် ဖတ်ရသူ၊ ကြားရသူတို့က ရယ်မောမိကြပေလိမ့်မည်။ ရူးများနေရော့သလားဟုပင် သုံးသပ်ကြလိမ့်မည်ဟု စာရေးသူတွက်ထားပြီးဖြစ်သည်။ မှန်ပါသည် ၊ အဘယ်ကြောင့်ဆိုသော် လူသားများသည် အဆုံးစွန်သော အမှန်တရားများကို
မသိမြင်နိုင်ကြခြင်းကြောင့်ဖြစ်သည်။ “
Timo : ဒီစာပိုဒ်က အလွန်ကောင်းမွန်ပြီး တစ်ယောက်ယောက်က ထာဝရငြိမ်းချမ်းမှုရတယ်လို့ပြောရင် ကျန်တဲ့သူတွေကဝိုင်းပြီးလှောင်ပြောင်သရော်ကြမဲ့ အမှန်တရားကို ဆွေးနွေးထားတဲ့အချက်ကိုသဘောကျမိပါတယ်။ ဘာလို့လဲဆိုတော့ Finland နိုင်ငံမှာလဲ တော်တော်များများက ကိုယ့်ရဲ့အပြုအမူတွေမှာ တခြားသောသူများရဲ့လွှမ်းမိုးမှုတွေခံနေရတာများလို့ပါ။
📙📙📙📙
အောင်လံဆရာတော် : “စစ်တိုက်သောနိုင်ငံအားလုံးရှုံးမည်ဖြစ်ပြီး စစ်မတိုက်သော နိုင်ငံများနိုင်မည့်ပွဲပင်ဖြစ်သည် ….. မည်သူမျှမသတ်ပဲ ေ သ ရမည့်လူသားချင်းအတူတူ မ ေ သ မီနေရမည့်အချိန်ကို ငြိမ်းချမ်းစွာမနေနိုင်ကြပေ”
Timo : “စစ်တိုက်သောနိုင်ငံအားလုံးရှုံးမည်ဖြစ်ပြီး စစ်မတိုက်သော နိုင်ငံများနိုင်မည့်ပွဲပင်ဖြစ်သည်” လို့ရေးထားတဲ့အချက်ကိုသဘောကျပါတယ်။ အဲ့ဒီလိုမျိုး ကမ္ဘာစစ်ပွဲတွေ ၊ ကြီးမားတဲ့အပျက်အစီးတွေကြောင့် ဘယ်တော့မှသာယာကြည်နူးဖွယ်ကောင်းလာမှာ ၊ ဂုဏ်ကျက်သရေရှိလာမှာမဟုတ်ပါဘူး။ အထူးသဖြင့် နောက်ဆုံးစာကြောင်းက “မည်သူမျှမသတ်ပဲ ေ သ ရမည့်လူသားချင်းအတူတူ မ ေ သ မီနေရမည့်အချိန်ကို ငြိမ်းချမ်းစွာမနေနိုင်ကြပေ” ဆိုတာ ထူးကဲသောရှူထောင့်ဖြင့်ရေးထားခြင်းပါ။
📙📙📙📙
အောင်လံဆရာတော် : “…ခုနစ်နှစ်သားအရွယ် နိဂြောဓသာမဏေ ဆွမ်းခံကြွနေသည်ကို တွေ့မြင်ရသည်… အကယ်၍ ဂေါတမဗုဒ္ဓ၏တရားတော်သည် လူသားအကျိုးပြုသည့် တရားစစ် တရားမှန်မဟုတ်ခဲ့လျှင် ဘုရင်ကြီးနှင့်သားသမီးများတို့သည် ကိုရင်လေးကို လွယ်လွယ်နှင့် ကိုးကွယ်ယုံကြည်ကြမည် မဟုတ်သလို ဘုရင့်သားသမီးတို့သည်လည်း မင်းသားမင်းသမီးဘဝကို လွယ်လွယ်နှင့်စွန့်ပြီး သာသနာ့ဘောင်သို့ ဝင်ကြမည်မဟုတ်ပေ။”
Timo : လောကီချမ်းသာအားလုံးကိုခံစားလို့ရနေတဲ့ပုဂ္ဂိုလ်တွေဖြစ်နေကြပါလျက် အကုန်စွန့်လွှတ်ပြီး ရဟန်းဝတ် သာသနာ့ဘောင်ဝင်သွားကြတယ်ဆိုတဲ့အချက်ကိုဖော်ပြထားတာ အမြော်အမြင်ကြီးကြီးနဲ့ကောင်းမွန်စွာဖော်ပြထားတာပါ။
📙📙📙📙
အောင်လံဆရာတော် : “ပထဝီဓာတ်ထင်ရှားသော ဆံပင် ၊ ….. (၃၂)ကောဋ္ဌာသဖြင့် သက်ရှိ သတ္တဝါများကို ဖွဲ့စည်းထားသည်။ ထိုအစိတ်အပိုင်းများကို ပေါင်းစုလိုက်သောအခါ ခြေ ၊ လက် ၊ ကိုယ် ၊ ခေါင်းဖြင့် ပေါင်းစုထားသည့် လူ ၊ တိရစ္ဆာန်ဟု ခေါ်ဝေါ်သမုတ်ထားသော သဏ္ဌာန်အမျိုးမျိုးတို့ ဖြစ်ပေါ်လာသည်။ ….”
Timo : (၃၂)ကောဋ္ဌာသအဖွဲ့အစည်း အကြောင်းရေးထားတာက ထူးကဲသောရေးသားခြင်းမျိုးပါ။ အဲ့ဒီလိုရေးသားထားတာက ကျိုးကြောင်းဆီလျော်ပြီး ဘယ်လိုစာဖတ်သူမျိုးအတွက်ဘဲဖြစ်ဖြစ် လွယ်လွယ်ကူကူသဘောပေါက်နားလည်နိုင်မှာပါ။
📙အနှစ်ချုပ်သုံးသပ်ချက်📙
Timo : ဒီစာအုပ်က စိတ်ဝင်စားဖို့ကောင်းပြီး စဉ်းစားမိအောင်စေ့ဆော်ပေးတဲ့ အချက်တွေပါတဲ့ ကောင်းမွန်ကျစ်လစ်သိပ်သည်းစွာရေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ယောနသံစင်ရော်နဲ့ဆက်စပ်ပြီးရေးထားတာတွေက တကယ်ကိုကောင်းမွန်ပြီး စာဖတ်သူတွေအတွက် စာအုပ်ရဲ့အဓိကဆိုလိုရင်းကို အခက်အခဲမရှိလွယ်လွယ်ကူကူသိနိုင်ပါတယ်။ ယောနသံစင်ရော်စာအုပ်တစ်အုပ်လုံးကို ယောနသံစင်ရော်ဇာတ်ကြောင်းထဲကအကြောင်းအရာတွေကို ပိုပြီးများများပါအောင်ထည့်ရေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်က ယောနသံစင်ရော်ထဲက အချက်တွေနဲ့တစ်ခုပြီးတစ်ခုထုတ်ရှင်းပြတိုင်း ရှင်းပြချက်တွေက အလွန်စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှုရှိလို့ပါ။
ဗုဒ္ဓရဲ့အတွေးအခေါ်အယူအဆတွေက ခုချိန်အထိဆန်းသစ်နေသေးတာဖြစ်လို့ Finland နိုင်ငံသားတွေအတွက် ဒီစာအုပ်ကအများကြီးအထောက်အကူဖြစ်စေမှာပါ။ လမ်းညွှန်ချက်တွေက ရှင်းလင်းပြီးနားလည်လွယ်ပါတယ်။ ပုံစံတွေနဲ့ဖော်ပြထားတာက ကြည့်လိုက်ရင်နားလည်ရခက်မယ်လို့ထင်ရပေမဲ့ အဲ့ဒီပုံတွေကဘဲပိုပြီးနားလည်သွားအောင် အကူအညီဖြစ်ပါတယ်။ ယောနသံစင်ရော်မူရင်းစာအုပ်ထဲက အကြောင်းအရာတွေကို နှိုင်းယှဉ်ရေးသားထားတဲ့အချက်တွေက ပိုပြီးမှတ်မိလွယ်စေပြီး စာဖတ်သူတွေကို တော်တော်နဲ့မေ့မသွားစေတဲ့အချက်တွေဖြစ်လို့ပါ။ ဘဝရဲ့အမှန်တရားတွေကိုပိုပြီးသိရှိအောင် အဲ့ဒီအချက်တွေကဘဲ အကျဉ်းချုံးနည်းနဲ့မှတ်မိလွယ် ပိုသိလွယ်လို့ပါ။
စာဖတ်သူတွေက ဘယ်သူဖြစ်ဖြစ် စင်ရော်တစ်ကောင်ကိုပုံဖော်လို့ရနိုင်တာဖြစ်လို့ ဒီနည်းလမ်းနဲ့ဖော်ပြခြင်းက စာဖတ်သူတွေကို လွယ်လွယ်နဲ့ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး ဆရာတော်သိစေချင်တဲ့နက်နဲတဲ့အဓိပ္ပာယ်တွေကို လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ့ နားလည်စေနိုင်ပါတယ်။ ဒီလိုမျိုးစင်ရော်တစ်ကောင်ရဲ့အကြောင်းကိုအခြေခံပြီး ဆရာတော်သိစေချင်တဲ့လမ်းညွှန်ချက်တွေကိုရေးသားထားတာက ကောင်းမွန်ပြီး အများကြီးအကျိုးရှိပါတယ်။ ဇယားတွေ ပုံစံတွေနဲ့ဖော်ပြထားတာကိုလဲသဘောကျပါတယ် ၊ အဲ့ဒီလိုဖော်ပြထားတာက စာဖတ်သူတွေကို ဆရာတော်သိစေချင်တဲ့အချက်ကို လွယ်လွယ်ပုံဖော်နိုင်ပြီး ပိုမှတ်မိအောင်ကူညီပေးနိုင်လို့ပါ။
ဒီစာအုပ်ကို Finland ဘာသာပြန်ရန်အတွက်ဖတ်ရတာက အလွန်စိတ်ဝင်စားစရာကောင်းပြီး အကျိုးကျေးဇူးက တရားထိုင်တဲ့နေရာမှာ လမ်းပြပေးသလိုဖြစ်နေပါတယ်။ ထူးခြားတာတစ်ခုက ဒီစာအုပ်ကိုပိုပြီးထဲထဲဝင်ဝင်ဖတ်လေ ပိုပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ The Journey to Eternal Peace စာအုပ်မှာ သစ္စာလေးပါးတရားတော် နဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို တစ်ကမ္ဘာလုံးက ဘယ်လူမျိုး ၊ ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ် နားလည်လွယ်အောင် အလွန်ရိုးရှင်းစွာနဲ့ သရုပ်ဖော်ရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Translated by : Kyi Phyu Hnin Khaing
Credit to:

Kyi Phyu Hnin Khaing




ဝက်သားနှီချက်

 ဝက်သားနှီချက်

**********

ပါဝင်ပစ္စည်းများ
**********

ဝက်သား( သုံးထပ်သား )...............၁ကီလို
ကြက်သွန်နီ................................၀.၄ ကီလို(ပါးပါးလှီး)
ချင်း+ကြက်သွန်ဖြူ......................၂ဝဝဂရမ်( ညက်အောင်ထောင်း)
သကြား....................................၂ဇွန်း( ထမင်းစားဇွန်း)
ပာင်းခတ်မှုန်. ............................၁ဇွန်း (........။........)
ပဲငံပြာရည်အပျစ်( ကြာညို.)...........၁ ဇွန်း (.......။........)
ပာင်းချက်အရက်.........................၁ ဇွန်း (.........။......)
ဆား.........................................သင့်တော်သလို
ဆီ............................................၂ ဇွန်း (ထမင်းစားဇွန်း)

ပထမဆုံးဝက်သားတွေကိုရေဆေးသန်.စင်ပြီး..၁လက်မခွဲအရွယ်လောက်တုံး
ကာပာင်းချက်အရက်၊ ဆားအနည်းငယ်တို.နှင့်(၁၀) မိနစ်ခန်.နှပ်ထားပါ။

ထိုစဉ်အချိန်အတွင်းကြက်သွန်နီလှီးဖြတ်တာ၊ ချင်း၊ကြက်သွန်ဖြူထောင်းတာ
တွေကိုပြုလုပ်နိူင်ပါတယ်..။

(၁၀) မိနစ်ခန်.ကြာရင်တော့..ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေး
ပြီး.ဝက်သားများကို..ရွှေညိုရောင်လေးရသည်အထိကြော်ပေးပါ..။နနွင်းမှုန်.
အနည်းငယ်ကိုလည်းပေါင်းထည့်ပါ..။

ဝက်သားတွေရွှေညိုရောင်လေးရပြီဆို..ချင်း၊ကြက်သွန်ဖြူထောင်းအရောကို
ထည့်ပြီးမွှေးလာသည်အထိ (၃) မိနစ်ခန်.ဆက်မွှေပေးပါ..။

ထို.နောက်ကြက်သွန်နီ၊ သကြား၊ ဆား ၊ ပဲငံပြာရည်အပျစ်တို.ထပ်ပေါင်းပြီး
ကြက်သွန်နီများလုံးဝနွမ်းသွားသည်အထိ (၁၀) မိနစ်ခန်.ဆက်မွှေပြီးလုံးချက်
ပုံစံမျိုးချက်ပေးပါ..။

ရေကို..ဝက်သားများမြှုပ်ရုံလေးထည့်ပြီး..အဖုံးပိတ်ပြီးချက်ပါ...။

တစ်ရေခမ်းသွားလျှင်...မီးကိုလျှော့ချပြီး...အနှစ်ကျပြီးဝက်သားများနှူးအိ
သည်အထိရေကိုလိုအပ်သလောက်သာအကြိမ်ကြိမ်ထည့်ကာ
ဆက်ပြီးအဖုံးပိတ်ချက်ပေးပါ..။

နောက်ဆုံးတစ်ရေခမ်းကာနီးမှာအရောင်တင်မှုန်.(လက်ဖက်ရည်ဇွန်း) ၁ဇွန်း
လောက်ထည့်ပြီးအရောင်ရယူပါ..။

ဝက်သားနီချက်က..အနှစ်အားလုံးခမ်းခြောက်ပြီးဝက်သားမှာကပ်နေရပါမယ်
ရေလည်းလုံးဝမကျန်ဖို.ဂရုပြုပါ..။
Credit to: 

တောဓလေ့

Copy from: https://www.facebook.com/photo/?fbid=122156251784196995&set=pcb.122156252270196995


တေဘုမ္မာ | မောင်မောင်ကြီး၊ ရီရီသန့်၊ တင်တင်မြ

 Credit to: ဓမ္မလမ်းညွှန်

Copy from: https://www.youtube.com/watch?v=5QUKgTvnxDs



သံသရာခရီးသည်

သာပါလိမ့်မယ် ရွှေကြီးညို (တွံတေးသိန်းတန်)

နိုရာ-သူဌေးဝါဒ

လက်ရည်တပြင်တည်း - ခက်ခက်မိုးဦး