Google ရဲ့ Gemini
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Monday, June 10, 2024
AI
ကကောင်းတယ်ဒါပေမယ့် 
အဲ့ဒါကထင်သလောက်
powerful မဖြစ်ဘူးဗျ limit တွေရှိတယ်
တခြား Ai တွေမှာ API key နဲ့သုံးဖို့
ပိုက်ဆံပေးရတာရှိပေမယ့်
Gemini ကို API key နဲ့သုံးဖို့ကတော့
တပြားမှကိုမပေးရပါဘူးခင်ဗျာ
Free API key ကို ရယူရန်
အဲ့ API key ကိုဘယ်မှာ
ထည့်သုံးရမလဲမရသိရင်
လှပသေသပ်တဲ့
Google Gemini interface လေးရှိပါတယ်
ဒီမှာသွားသုံးပါ
API နဲ့သုံရင် ဘာတွေ
ပိုကောင်းသွားလဲလို့မေးရင်
Context window လို့ခေါ်တဲ့
စာအရှည်ကြီးတွေကိုလက်ခံသွားနိုင်ပါတယ်
ဥပမာအနေနဲ့ Joe Rogan ရဲ့ podcast လိုမျိုး
၃ နာရီလောက်ကြာတဲ့ episode ရဲ့
Transcript တွေကိုယူပြီး
summarize လုပ်ခိုင်းမယ် ဆိုပါစို့
ရိုးရိုး user တွေသုံးနေတဲ့
gemini website မှာဆို text box ထဲကို
စာအကုန်တောင် copy ကူးပြီး
paste လုပ်လို့မရပါဘူး 
Api နဲ့သုံးတဲ့ နေရာမှာတော့ အေးဆေးပါပဲ 
GPT 4o တောင် အဲ့လောက်များရင်မရပါဘူး
Google Gemini ကို API နဲ့ သုံးတာကရပါတယ် 
GPT 4o ကို သုံးချင်ရင်
ဒီမှာတင်ထားပေးပါတယ်
မြန်မာနိုင်ငံသားများ
နောက်ကောက်မကျစေရန်
စေတနာများစွာဖြင့်
############
Telegram မှာလဲဖတ်နိုင်ပါတယ် 
ပြည်သူတွေ စည်းလုံးဖို့ (ဒေါ်မီမီဝင်းဘတ်)
ဒီနေ့ ဒေါ်မီမီဝင်းဘတ် ရဲ့ ဆွေးနွေးပွဲကို ရောက်ခဲ့တယ် ။ သူ့စကားတွေကို နားထောင်ရတာ အမေစု ကိုယ်ပွါး ရောက်လာပြီး စကားလာပြောသလိုပဲ ပညာရှင်ဆန်ပြီး စေတနာ ပါတော့ အရမ်းနားထောင်လို့ ကောင်းတယ် ။
ပွဲတက်ရောက်သူတွေရဲ့ မေးခွန်းတွေကို လည်း ဖြေကြားသွားတယ် ။
သူ့ရဲ့ အဓိက ပြောသွားတဲ့ အချက်ကတော့ ပြည်သူတွေ စည်းလုံးဖို့ ။
မင်းအောင်လှိုင် အလုပ်ကို အခမဲ့ လုပ်ပေးနေတဲ့ သူတွေလို့ ပြောသွားတယ် ။
အဲ့ဒီလူတွေကို ဖေ့ဘုတ်မှာ မြင်တွေ့နေရတော့ ကျုပ်ဖြင့် သူပြောသွားတာကို သဘောကျတယ်
ဒေါ်မီမီဝင်းဘတ် အပါအဝင် ပွဲတက်ရောက်တဲ့ သူတွေအားလုံးက မြန်မာပြည် လွတ်လပ်ရေး ရသော်လည်း ငွေကြေး အရ ဘာအကျိုးအမြတ်မှ ရမည့်သူတွေမဟုတ်ပါဘူး ။
သို့သော် ငါတို့ တိုင်းပြည်အတွက် လုပ်ပေးနိုင်ခဲ့တယ် ဆိုတဲ့ စိတ် နဲ့ အသေဖြောင့်ချင်လို့ တတ်နိုင်တဲ့ဘက်က ဝိုင်းပြီး ဆောင်ရွက်နေကြတာပါ
မုန့်လေးတွေ ရောင်းလို့ရတဲ့ တော်လှန်ရေး ရံပုံငွေနဲ့ စစ်အာဏာရှင်ကို တိုက်ရတဲ့အခါ အခက်အခဲတွေ မပြည့်စုံမှု့တွေ အများကြီး ရှိပါတယ် ။
ဒီလိုအခြေအနေနဲ့ စစ်အာဏာရှင်ကို အင်အားချိနဲ့ လာစေတဲ့အထိ တိုက်နိုင်ခဲ့တဲ့ စွမ်းရည်ကို ထင်ရှားစွာ မြင်နေရပါပြီ
ယခုထက်ပိုပြီး ဝိုင်းဝန်းဆောင်ရွက်ကြမယ် အားနည်းနေတဲ့နေရာမှာ အားရှိအောင် ကူညီကြမယ်ဆိုရင် အာဏာရှင် အမြစ်ပြတ်တာမြန်မှာပါ။
ကျုပ်ကတော့ ဒေါ်မီမီဝင်းဘတ် ရဲ့ ပညာရှင်စကား နားထောင်ရတာ အားရှိလာတယ် ခွန်အားတွေ ပိုဖြစ်လာတယ် ။
Binance P2P
နွေဦးဘဏ်ချစ်သူတို့ရေ.. Binance ရဲ့ P2P မှာ SDB ကို payment တခုအဖြစ် လုံခြုံစိတ်ချစွာ အသုံးပြုလို့ရနိုင်ပြီ ဖြစ်ကြောင်းကို အားလုံးလည်း သိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Binance အကောင့်ရှိထားသူများအနေနဲ့ မိမိရဲ့ Account Setting > Payment Method > P2P Payment Method သို့ ဝင်ရောက်ပြီး Add a new payment method ကို နှိပ်ကာ “Spring Development Bank” ကို ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။
ဒီနေ့မှာတော့ " Binance P2P မှာ SDB payment method ကို သုံးပြီး USDT ဘယ်လိုရောင်းရမလဲ"ဆိုတဲ့ မေးခွန်းများအတွက် နည်းပညာအထူးပြု မိတ်ဖက်ကောင်းဖြစ်တဲ့ Myan Crypto ရဲ့ Step by Step Guide လေးကို အားလုံးသိရအောင် မျှဝေပေးလိုက်ပါတယ်။
ခေတ်မီနည်းကျ Binance P2P မှာ SDB ကို အသုံးပြုကြ။
Sunday, June 9, 2024
အချိန်နဲ့ ဒီရေသည် လူကိုမစောင့်
အရင်ကလုပ်ခဲ့တဲ့ "ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွါးရေးဇုံ" ကို မအလဟာ ရုရှားနဲ့လုပ်ဖို့ စကားပြောနေပြီး ရုရှားဖက်ကလည်း စိတ်ဝင်စားကာ တန်ချိန် ၂၀၀,၀၀၀ (နှစ်သိန်း) နဲ့အထက်ရှိတဲ့သဘ်ောတွေအတွက် ရေနက်ဆိပ်ကမ်းဆောက်ဖို့ပါ ညှိနိုင်းနေကြပါတယ်။
တရုတ်က ထားဝယ်ရေနက်ဆိပ်ကမ်းကို စိတ်ဝင်စားပေမယ့် မအလက တရုတ်ကို balance ညှိတဲ့အနေနဲ့ ရုရှားနဲ့စကားပြောပြီး အပေးအယူလုပ်တာကြောင့် တရုတ်က မအလကို အတော်မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။
✓မအလရဲ့ရေတပ်ဟာ ရုရှားကိုသွားပြီး အမေရိကန်ဒေါ်လာ ၃၅ သန်း (ဘတ်ငွေသန်းပေါင်း ၁၂၈၈ သန်း) တန်ဖိုးရှိတဲ့ သဘောတူညီချက်စာချုပ်တွေ ချုပ်ဆိုခဲ့တာအပြင်...၊
✓အမေရိကန်ဒေါ်လာ ၄၀၆ သန်း တန်ဖိုရှိတဲ့ Sukhoi တိုက်လေယာဉ်များနှင့် ဒုံးပစ်လောင်ချာများအပါအဝင် စစ်လက်နက်တွေပံ့ပိုးနေတဲ့ အကြီးဆုံးနိုင်ငံဖြစ်ကြောင်း။
✓ဒါ့အပြင် စနိုက်ပါနှင့် စစ်ရေးမှာအသုံးပြုတဲ့ ဒရုန်တွေအတွက် ရုရှားမှ မအလကိုလေ့ကျင့်ပေးနေကြောင်း။
✓မအလဟာ Wagner နှင့် Vega Strategic Services စတဲ့ကုမ္ပဏီတွေကိုအသုံးပြုပြီး လေ့ကျင့်မှုတွေလုပ်နေကြောင်း။
✓မအလဟာ မော်စကိုရဲ့အကူအညီနဲ့ Rosatim အမည်ရှိ "ရုရှားနျူကလီးယားနည်းပညာကုမ္ပဏီ" ဆီကနေ အကူအညီတွေရယူနေတာကြောင့် ထိုင်းအနေနဲ့ သတိထားစောင့်ကြည့်နေကြောင်း...
သိရပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တရုတ်၊ ထိုင်းနှင့် အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ချဉ်းကပ်ရာမှာ ပိုမိုအဆင်ပြေစေမှာဖြစ်ကြောင်း အသိပေးလိုက်ရသလို၊ သက်ဆိုင်သူများအနေနဲ့လည်း ရရှိလာတဲ့အခွင့်အရေးကို အသုံးချတတ်ပါစေကြောင်းနှင့်၊ "အချိန်နဲ့ ဒီရေသည် လူကိုမစောင့်" ဆိုတဲ့စကားပုံကို သတိမူကြဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်...။
Crypto အကြောင်း တစေ့တစောင်း
အစက မရေးတော့ဘူးလို့ဆုံးဖြတ်ထားပင်မဲ့ လာလာမေးကြလို့ မဆုသိသလောက် နှမ်းစိလောက် information လေးမျှဝေပေးလိုက်ပါတယ်။
Crypto နဲ့ပတ်သက်ပြီးဆရာကြီးလဲမဟုတ်ပါဘူး။မဆုကိုယ်တိုင်လဲ မနေ့တစ်နေ့ကမှ အကောင့် တစ်ခု အောင်အောင်မြင်မြင်ဖွင့်နိုင်သွားပြီး Crypto currencies အချို့ ၀ယ် အောင်းထားရုံပါ။ တစ်ယောက်နဲ့ တစ်ယောက် အယူအစချင်းမတူတာမို့ Strategy ချင်းလဲ ကွာခြားနိုင်ပါတယ်။ မဆု သွားမဲ့ ဗျူဟာ က ဥပမာ မြေတွေ၀ယ်ထားပြီး ၁၀ နှစ်လောက် ထိုင်အောင်းထားပြီး မှ အစမတန် မြတ်တဲ့အချိန်ကျမှ ထုတ်ရောင်းမဲ့အကွက်ပေါ့။ သူက ကြားထဲမှာ အတက်အကျ ရှိတယ်။ အဲ့အတက်အကျပေါ်မှာ သွေးမကြောင် ပဲ သစ္စာရှိရှိဆက် ဥ ထားရပါမယ်။
နောက် တစ်နည်းက တော့ အချိန်နဲ့ အမျှ ၀ယ်လိုက်ရောင်းလိုက် မြတ်လိုက်ရှုံးလိုက်ပေါ့။ သူက တော့ စျေးတွေ နားလည်ရတယ်။ Trend တွေမြင်တက်ရပြီးတချိန်လုံး analyze လိုက်လုပ်နိုင်မှ တော်ကာကျမဲ့သဘောပေါ့။ သူကလဲ ရေတိုမှာ အမြတ် ကျန် တယ်တဲ့။
မဆု လုပ်ဆောင်တဲ့ ပထမနည်းက Psychology of money ထဲ မှာ stock market တွေ invest လုပ်တဲ့ concept အတိုင်းသွားထားတာဖြစ်ပါတယ်။ သူက နှစ်နဲ့ ချီပြီးစိတ်ရှည်ရပင်မဲ့ ရေရှည်ကျတော့ သူက လုံးကနဲ ခဲကနဲ မြတ်တယ်တဲ့။ ဒါပင်မဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် မိမိစိတ်ကြိုက်သာ လုပ်ဆောင်ကြပါ။
အားလုံးသိကြတာ Bitcoin ပေါ့။။ Bitcoin ကတော့ ရေပန်းအစားဆုံးပဲ။ အလားတူ mainstream ဖြစ် လာတဲ့ currencies တွေလဲ ရှိပါ့။ မဆုတော့ အသေးစိပ် research မလုပ်ထားဘူး။ မိမိ invest ချင်ရင် invest ချင် တဲ့ currency ရဲ့ ယေဘုရ စျေးအတက်အကျ လေးတော့ အရင်ဆုံး တီးမိခေါက်မိ လေ့လာထားစေချင်တယ်။
မဆု လောလောဆယ် အောင်းထားတာ Bitcoin, USDT နဲ့ SOL ၃ ခု ပါ။ ဒီ ၃ ခုပဲ ကြားဖူးလို့ လောလောဆယ်ဒါပဲအရင် ၀ယ်စုထားတယ်။ (ပိုက်ဆံ အရေးပေါ် လို ခဲ့သည်ရှိသော် ပေါက်စျေးနဲ့ ပြန်ရောင်းမှာပါ)
မဆု အခု ဖွင့်ထားတာက Bitkub ပါ။ သူက ထိုင်းမှာ legitimate အဖြစ်ဆုံးလို့ ပြောလို့ ရတယ်။ ထိုင်းဘဏ်အကောင်းနဲ့ ချိန်ဆက်လို့ ရပြီး currencies တွေ ၀ယ်ရောင်းလုပ်လို့ ရတယ်။ အများဆုံး transaction တစ်ခု ကို 20,000,000 ဘတ် အထိ ထုတ်လို့ ရတယ်။ ဘယ်လောက်ထုတ်ထုတ် transaction တစ်ခု ဘဏ်ထဲပြန်ထည့်ရင် တော့ ဘတ် ၂၀ transaction fees ဖြတ်ပါတယ်။
အကောင့်ကို အောက်ပါလင့်မှာ ၀င်ပြီး register လုပ်နိုင်ပါတယ်။
အရင် ဆုံး မိမိ passport နဲ့ register လုပ်နိုင်ပါတယ်။ register လုပ်ပြီးရင် crypto အကြောင်း Quiz လေးတွေဖြေရပါတယ်။ နောက် တစ်ဆင့်က အောက်ပါ တို့ အနက် မှ အနည်းဆုံး ၂ ခုရှိရင် verification လုပ်လို့ ရပါပြီ။
- TM 30
- ထိုင်းယဥ်မောင်းလိုင်ဆင်
- Work permit
- ကျောင်းသားဆိုရင် ကျောင်း နဲ့ ပတ်သက်တဲ့ စာရွက်စာတန်းတစ်ခုခု
အထက်ပါအဆင့် အောင်မြင်သွားပြီဆိုရင် နောက်ဆုံးအဆင့်အနေနဲ့ သူတို့ က email ပို့ ပြီး video Interview လုပ်ရပါတယ်။ Interview အတွက် ထိုင်း (သို့) အင်္ဂလိပ်ဘာသာ တစ်မျိုးရွေးနိုင်ပါတယ်။ အကယ်၍ နှစ်မျိုးလုံးအဆင် မပြေဘူးဆိုရင် translator တစ်ဦးခေါ်ထားနိုင်ပါတယ်။
အင်တာဗျူးပြီး ရက်အနည်းငယ်အကြာ verification အကုန်လုံးပွင့်သွားရင် မိမိ ထိုင်းဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး စတင် လှုပ်ရှားလို့ရပါပြီ။
တစ်ခုသတိထားရမှာက Crypto currencies တွေဟာ အတက်လဲရှိသလို လုံး၀ထိုးကျပြီး သုည အထိ ဆင်းသွားပြီး ပျောက်ကွယ်သွားတာတွေလဲရှိတာမို့ သတိလေးနဲ့ တော့ လုပ်ဆောင်စေချင်ပါတယ်။ မိမိရဲ့ saving အကုန် ထည့်ထားတာမျိုး က အရမ်းအန္တရာယ်များပါတယ်။ အဆုံးအရှုံးခံနိုင်တဲ့ ပမာဏလောက်ပဲ calculated risk ယူတာမျိုးကပိုမိုသင့်တော်ပါမယ်။
နောက်ထပ်အဆင်ပြေတဲ့အချက်က နိုင်ငံတကာက ငွေလွှဲ ငွေသွင်းတွေလုပ်တဲ့ အခါ transaction fees အရမ်းသက်သာပါတယ်။ ဘဏ်ကဆိုရင် exchange rate တွေဘာတွေက အရမ်းကွာတာမို့ ငွေးနည်းနည်းပွန်းနိုင်တာကြောင့် ဒီ crypto နဲ့ လွှဲပြီးမှ ဘဏ်အကောင့်ထဲပြန်သွင်းရင် ပိုသက်သာနိုင်ပါတယ်။
အခုနောက်ပိုင်း တော်တော်များများ BTC တို့ လို crypto တွေနဲ့ စီးပွားရေးလုပ်ကြတာ ငွေရှင်းကြတာတွေလဲ တွေ့နေရပါပြီ။ Online payment ဆိုရင် လဲ crypto တွေက option တစ်ခုအနေနဲ့ ရွေးချယ်နိုင်လာပါပြီ။
အဲဒါကြောင့် အကောင့်လေးတစ်ခု လောက်ဖွင့်ထားတာမမှားဘူးလို့ ထင်ပါတယ်။
(နောက်ပိုင်းဆို Verification က ကြပ်ရင် ကြပ် လာအုံးမှာ ပြောလို့ ရတာမဟုတ်ဘူး။)
Currencies တွေ အကြောင်းက တော့ စိတ်မ၀င်စားတော့ လေ့လာဖြစ်လိမ့်မယ်လဲမထင်ပါဘူး။ မဆုသိသလောက်ကတော့ ဒါပါပဲရှန်။
မဆု
Credit to:
မဆု - Ma Su
Subscribe to:
Posts (Atom)









