Sunday, June 9, 2024

Crypto အကြောင်း တစေ့တစောင်း

အစက မရေးတော့ဘူးလို့ဆုံးဖြတ်ထားပင်မဲ့ လာလာမေးကြလို့ မဆုသိသလောက် နှမ်းစိလောက် information လေးမျှဝေပေးလိုက်ပါတယ်။
💰Crypto ကိုဘာလုပ်ကြလဲ?
Crypto နဲ့ပတ်သက်ပြီးဆရာကြီးလဲမဟုတ်ပါဘူး။မဆုကိုယ်တိုင်လဲ မနေ့တစ်နေ့ကမှ အကောင့် တစ်ခု အောင်အောင်မြင်မြင်ဖွင့်နိုင်သွားပြီး Crypto currencies အချို့ ၀ယ် အောင်းထားရုံပါ။ တစ်ယောက်နဲ့ တစ်ယောက် အယူအစချင်းမတူတာမို့ Strategy ချင်းလဲ ကွာခြားနိုင်ပါတယ်။ မဆု သွားမဲ့ ဗျူဟာ က ဥပမာ မြေတွေ၀ယ်ထားပြီး ၁၀ နှစ်လောက် ထိုင်အောင်းထားပြီး မှ အစမတန် မြတ်တဲ့အချိန်ကျမှ ထုတ်ရောင်းမဲ့အကွက်ပေါ့။ သူက ကြားထဲမှာ အတက်အကျ ရှိတယ်။ အဲ့အတက်အကျပေါ်မှာ သွေးမကြောင် ပဲ သစ္စာရှိရှိဆက် ဥ ထားရပါမယ်။
နောက် တစ်နည်းက တော့ အချိန်နဲ့ အမျှ ၀ယ်လိုက်ရောင်းလိုက် မြတ်လိုက်ရှုံးလိုက်ပေါ့။ သူက တော့ စျေးတွေ နားလည်ရတယ်။ Trend တွေမြင်တက်ရပြီးတချိန်လုံး analyze လိုက်လုပ်နိုင်မှ တော်ကာကျမဲ့သဘောပေါ့။ သူကလဲ ရေတိုမှာ အမြတ် ကျန် တယ်တဲ့။
မဆု လုပ်ဆောင်တဲ့ ပထမနည်းက Psychology of money ထဲ မှာ stock market တွေ invest လုပ်တဲ့ concept အတိုင်းသွားထားတာဖြစ်ပါတယ်။ သူက နှစ်နဲ့ ချီပြီးစိတ်ရှည်ရပင်မဲ့ ရေရှည်ကျတော့ သူက လုံးကနဲ ခဲကနဲ မြတ်တယ်တဲ့။ ဒါပင်မဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် မိမိစိတ်ကြိုက်သာ လုပ်ဆောင်ကြပါ။
💰မဆု ၀ယ်ထားတဲ့ Crypto currencies တွေ။
အားလုံးသိကြတာ Bitcoin ပေါ့။။ Bitcoin ကတော့ ရေပန်းအစားဆုံးပဲ။ အလားတူ mainstream ဖြစ် လာတဲ့ currencies တွေလဲ ရှိပါ့။ မဆုတော့ အသေးစိပ် research မလုပ်ထားဘူး။ မိမိ invest ချင်ရင် invest ချင် တဲ့ currency ရဲ့ ယေဘုရ စျေးအတက်အကျ လေးတော့ အရင်ဆုံး တီးမိခေါက်မိ လေ့လာထားစေချင်တယ်။
မဆု လောလောဆယ် အောင်းထားတာ Bitcoin, USDT နဲ့ SOL ၃ ခု ပါ။ ဒီ ၃ ခုပဲ ကြားဖူးလို့ လောလောဆယ်ဒါပဲအရင် ၀ယ်စုထားတယ်။ (ပိုက်ဆံ အရေးပေါ် လို ခဲ့သည်ရှိသော် ပေါက်စျေးနဲ့ ပြန်ရောင်းမှာပါ)
✅Crypto account ဖွင့်ဖို့။
မဆု အခု ဖွင့်ထားတာက Bitkub ပါ။ သူက ထိုင်းမှာ legitimate အဖြစ်ဆုံးလို့ ပြောလို့ ရတယ်။ ထိုင်းဘဏ်အကောင်းနဲ့ ချိန်ဆက်လို့ ရပြီး currencies တွေ ၀ယ်ရောင်းလုပ်လို့ ရတယ်။ အများဆုံး transaction တစ်ခု ကို 20,000,000 ဘတ် အထိ ထုတ်လို့ ရတယ်။ ဘယ်လောက်ထုတ်ထုတ် transaction တစ်ခု ဘဏ်ထဲပြန်ထည့်ရင် တော့ ဘတ် ၂၀ transaction fees ဖြတ်ပါတယ်။
အကောင့်ကို အောက်ပါလင့်မှာ ၀င်ပြီး register လုပ်နိုင်ပါတယ်။
အရင် ဆုံး မိမိ passport နဲ့ register လုပ်နိုင်ပါတယ်။ register လုပ်ပြီးရင် crypto အကြောင်း Quiz လေးတွေဖြေရပါတယ်။ နောက် တစ်ဆင့်က အောက်ပါ တို့ အနက် မှ အနည်းဆုံး ၂ ခုရှိရင် verification လုပ်လို့ ရပါပြီ။
- TM 30
- ထိုင်းယဥ်မောင်းလိုင်ဆင်
- Work permit
- ကျောင်းသားဆိုရင် ကျောင်း နဲ့ ပတ်သက်တဲ့ စာရွက်စာတန်းတစ်ခုခု
အထက်ပါအဆင့် အောင်မြင်သွားပြီဆိုရင် နောက်ဆုံးအဆင့်အနေနဲ့ သူတို့ က email ပို့ ပြီး video Interview လုပ်ရပါတယ်။ Interview အတွက် ထိုင်း (သို့) အင်္ဂလိပ်ဘာသာ တစ်မျိုးရွေးနိုင်ပါတယ်။ အကယ်၍ နှစ်မျိုးလုံးအဆင် မပြေဘူးဆိုရင် translator တစ်ဦးခေါ်ထားနိုင်ပါတယ်။
အင်တာဗျူးပြီး ရက်အနည်းငယ်အကြာ verification အကုန်လုံးပွင့်သွားရင် မိမိ ထိုင်းဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး စတင် လှုပ်ရှားလို့ရပါပြီ။
တစ်ခုသတိထားရမှာက Crypto currencies တွေဟာ အတက်လဲရှိသလို လုံး၀ထိုးကျပြီး သုည အထိ ဆင်းသွားပြီး ပျောက်ကွယ်သွားတာတွေလဲရှိတာမို့ သတိလေးနဲ့ တော့ လုပ်ဆောင်စေချင်ပါတယ်။ မိမိရဲ့ saving အကုန် ထည့်ထားတာမျိုး က အရမ်းအန္တရာယ်များပါတယ်။ အဆုံးအရှုံးခံနိုင်တဲ့ ပမာဏလောက်ပဲ calculated risk ယူတာမျိုးကပိုမိုသင့်တော်ပါမယ်။
နောက်ထပ်အဆင်ပြေတဲ့အချက်က နိုင်ငံတကာက ငွေလွှဲ ငွေသွင်းတွေလုပ်တဲ့ အခါ transaction fees အရမ်းသက်သာပါတယ်။ ဘဏ်ကဆိုရင် exchange rate တွေဘာတွေက အရမ်းကွာတာမို့ ငွေးနည်းနည်းပွန်းနိုင်တာကြောင့် ဒီ crypto နဲ့ လွှဲပြီးမှ ဘဏ်အကောင့်ထဲပြန်သွင်းရင် ပိုသက်သာနိုင်ပါတယ်။
အခုနောက်ပိုင်း တော်တော်များများ BTC တို့ လို crypto တွေနဲ့ စီးပွားရေးလုပ်ကြတာ ငွေရှင်းကြတာတွေလဲ တွေ့နေရပါပြီ။ Online payment ဆိုရင် လဲ crypto တွေက option တစ်ခုအနေနဲ့ ရွေးချယ်နိုင်လာပါပြီ။
အဲဒါကြောင့် အကောင့်လေးတစ်ခု လောက်ဖွင့်ထားတာမမှားဘူးလို့ ထင်ပါတယ်။
(နောက်ပိုင်းဆို Verification က ကြပ်ရင် ကြပ် လာအုံးမှာ ပြောလို့ ရတာမဟုတ်ဘူး။)
Currencies တွေ အကြောင်းက တော့ စိတ်မ၀င်စားတော့ လေ့လာဖြစ်လိမ့်မယ်လဲမထင်ပါဘူး။ မဆုသိသလောက်ကတော့ ဒါပါပဲရှန်။
မဆု

No comments:

Post a Comment