ဒီနေ့ ဒေါ်မီမီဝင်းဘတ် ရဲ့ ဆွေးနွေးပွဲကို ရောက်ခဲ့တယ် ။ သူ့စကားတွေကို နားထောင်ရတာ အမေစု ကိုယ်ပွါး ရောက်လာပြီး စကားလာပြောသလိုပဲ ပညာရှင်ဆန်ပြီး စေတနာ ပါတော့ အရမ်းနားထောင်လို့ ကောင်းတယ် ။
ပွဲတက်ရောက်သူတွေရဲ့ မေးခွန်းတွေကို လည်း ဖြေကြားသွားတယ် ။
သူ့ရဲ့ အဓိက ပြောသွားတဲ့ အချက်ကတော့ ပြည်သူတွေ စည်းလုံးဖို့ ။
မင်းအောင်လှိုင် အလုပ်ကို အခမဲ့ လုပ်ပေးနေတဲ့ သူတွေလို့ ပြောသွားတယ် ။
အဲ့ဒီလူတွေကို ဖေ့ဘုတ်မှာ မြင်တွေ့နေရတော့ ကျုပ်ဖြင့် သူပြောသွားတာကို သဘောကျတယ်
ဒေါ်မီမီဝင်းဘတ် အပါအဝင် ပွဲတက်ရောက်တဲ့ သူတွေအားလုံးက မြန်မာပြည် လွတ်လပ်ရေး ရသော်လည်း ငွေကြေး အရ ဘာအကျိုးအမြတ်မှ ရမည့်သူတွေမဟုတ်ပါဘူး ။
သို့သော် ငါတို့ တိုင်းပြည်အတွက် လုပ်ပေးနိုင်ခဲ့တယ် ဆိုတဲ့ စိတ် နဲ့ အသေဖြောင့်ချင်လို့ တတ်နိုင်တဲ့ဘက်က ဝိုင်းပြီး ဆောင်ရွက်နေကြတာပါ
မုန့်လေးတွေ ရောင်းလို့ရတဲ့ တော်လှန်ရေး ရံပုံငွေနဲ့ စစ်အာဏာရှင်ကို တိုက်ရတဲ့အခါ အခက်အခဲတွေ မပြည့်စုံမှု့တွေ အများကြီး ရှိပါတယ် ။
ဒီလိုအခြေအနေနဲ့ စစ်အာဏာရှင်ကို အင်အားချိနဲ့ လာစေတဲ့အထိ တိုက်နိုင်ခဲ့တဲ့ စွမ်းရည်ကို ထင်ရှားစွာ မြင်နေရပါပြီ
ယခုထက်ပိုပြီး ဝိုင်းဝန်းဆောင်ရွက်ကြမယ် အားနည်းနေတဲ့နေရာမှာ အားရှိအောင် ကူညီကြမယ်ဆိုရင် အာဏာရှင် အမြစ်ပြတ်တာမြန်မှာပါ။
ကျုပ်ကတော့ ဒေါ်မီမီဝင်းဘတ် ရဲ့ ပညာရှင်စကား နားထောင်ရတာ အားရှိလာတယ် ခွန်အားတွေ ပိုဖြစ်လာတယ် ။

No comments:
Post a Comment