Monday, July 27, 2026

နူးညံ့အိစက်နေတဲ့ ဝက်အချိုချက်လေး

 ဝက်သားဟင်းစာ၊းတဲ့အခါမှာ

အရမ်းမအီ‌အောင်
ဆီလုံးဝမထည့်ပဲ
အခုလိုအရည်ကျဲကျဲလေးနဲ့
နူးအိနေအောင်ချက်စားကြည့်နော်
ဒီနည်းလေးနဲ့ချက်မယ်ဆို
ကလေးရော လူကြီးပါ
အကုန်ကြိုက်ကြမှာ အမှန်ပဲရှင်
ချက်နည်းလေးကိုလည်း
သေချာလေးပြောပြပေးထားပါတယ်

1. ဝက်သုံးထပ်သားကို
ပဲငံပြာရည်အကျဲ၊ဆား
ခရုဆီ၊ကြာညို့ထည့်ထားမယ်
ဂျင်း၊ကြက်သွန်ဖြူ
ဓားပြားရို၊က်ထားတာပါထည့်မယ် 
အားလုံးထည့်ပြီးရင်
သေချာနယ်ပြီး မိနစ် ၃၀/
၁ နာရီ နှပ်ထားရပါမယ်
ဒယ်ထဲကို ဆီလုံးဝမထည့်ဘဲ
သကြား ၁ ဇွန်း ရေ ၃ ဇွန်းထည့်ထားပြီး
အခုလိုအရောင်ညိုသည်ထိထားပါမယ်
ပြီးရင် နယ်ထားတဲ့ဝက်သားနဲ့
နာနတ်ပွင့်ထည့်ပြီးလုံးထားမယ်
ရေခမ်းပြီး
အခုလိုအရောင်လှလာသည်ထိ
ကြာကြာလေးလုံးထားပေးမယ်
ဝက်သားမြုပ်ရုံ
ရေနွေးထည့်ပြီး
အဖုံးလေးအုပ်ကာ
ချက်ထားမယ်
ရေလေးခမ်းပြီး
ဝက်သားတွေနူးစပြုလာရင်
ကြက်သွန်နီလေးတွေထည့်မယ်
ရေနွေးခပ်ခပ်များများထည့်ပြီး
အဖုံးလေးအုပ်ကာ ချက်ထားမယ်
ကဲ...အခုဆိုရင်တော့
အရမ်းမအီဘဲ နူးညံ့အိစက်နေတဲ့
ဝက်အချိုချက်လေး ရပါပြီရှင်☺️🫶



No comments:

Post a Comment