စိတ်ထားပုပ်သူလူညစ်ပတ်များနှင့်ဆက်ဆံနည်း။
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=
"ကျွန်တော်တို့အများစုသည်ပင် စိတ်ဖိစီးမှုနဲ့ကြုံတဲ့အခါ
စိတ်ပုပ် စိတ်ဆိုးများ ရှိတတ်ပါတယ်။ တကယ့်စိတ်ထား
ပုပ်သူ လူညစ်ပတ်တွေကတော့ တစ်မူထူးခြားတာပေါ့။
စိတ်ထားပုပ်လာချိန်မှာ အဲဒီသူတွေဟာ တခြားသူတွေကို
နာကျင်ခံစားသွားရအောင် လုပ်ချင်တဲ့သူတွေပါ"လို့ စိတ်
ပညာရှင် အလန် လွိုင်း မက်ဂနီစ် ကဆိုပါတယ်။
"စိတ်ထားဆိုးသူတစ်ဦးက သင့်ကိုခြိမ်းခြောက်ဖို့ကြိုးစား
လာပါက တစ်စုံတစ်ရာပြုမူတုံ့ပြန်လိုက်ပါ။ ငြိမ်ခံနေပါကဆိုးသူကိုအားပေးရာရောက်ပါလိမ့်မယ်"လို့ စီးပွားရေးအကြံပေးပညာရှင် ရစ် ကာ့ရ်ှနာက အကြံပြုပါတယ်။ လူညစ်ပတ်တွေဟာ သဘောလွယ်သူတွေကို ပစ်မှတ်ထားကြတယ်။ ပြောရဲဆိုရဲရှိပါ။ ပြတ်ပြတ်သားသားပြောဆိုတတ်ပါ။
"ကိုယ့်ကို ရိုင်းပြတင်စီးစွာ ခြိမ်းခြောက်ဆက်ဆံလာတာကိုကျွန်မတို့ ယဉ်ကျေးးစွာ ငြင်းပယ်ကန့်ကွက်နိုင်ပါ
တယ်။ဒါဟာလုပ်သင့်တဲ့အရာပါ"လို့ ဂျုဒစ်မာတင် ခေါ်ဆောင်းပါးရှင်က အကြံပြုပါတယ်။
၁။ ထိပ်တိုက်ရင်ဆိုင်ပါ။
မိမိအပေါ်နိုင်ထက်စီးနင်း ခြိမ်းခြောက်လာပါက ကျွန်
တော်တို့ စိတ်ညစ် စိတ်ဓါတ်ကျရမှာ အမှန်ပါပဲ။ သည်းခံ
မှုအတိုင်းအတာတစ်ခုသတ်မှတ်ပြီး ကျော်လွန်လာပါက
မိမိအပေါ်ထိုသို့ပြုမူခြင်းကို လက်မခံနိုင်ပါကြောင်း ပြတ်
ပြတ်သားသားပြောပါ။ ထိုသို့လုပ်ဆောင်၍မှ အလုပ်မ
ဖြစ်လျှင် မိမိအပေါ်ဆက်၍ စော်ကားနေသေးလျှင် သူ့အထက်လူကြီးနဲ့တွေ့ခွင့်တောင်းလိုက်ပါ။
၂။ ပါးနပ်လိမ္မာသောလူမှုပရိယာယ်သုံးပါ။
ထိပ်တိုက်ရင်ဆိုင်ခြင်းဟာ အင်အားကြီးမားတဲ့လက်နက်ဖြစ်ပါတယ်။ သို့သော် သူ့ထက်ပိုသိမ်မွေ့တဲ့နည်းလည်းရှိပါတယ်။ ဥပမာ-ကိုယ်ရှေ့က အတင်းဖြတ်တန်းစီတဲ့လူကို အော်ဟစ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် သူကပြန်အော်ကောင်း အော်မယ်။ ဒါ့ကြောင့် "ကျေးဇူးပြုပြီး နောက်ကစီပါရှင်၊ လိုင်းအဆုံးက နောက်မှာပါဟု ယဉ်ကျေးစွာ ပြောရုံပါပဲဟာ ဂျုဒစ် မာတင်က ဆိုပါတယ်။
စိတ်ပညာရှင် ကာတာကတော့ "လုပ်ဖော်ကိုင်ဖက်တစ်ဦးကကိုယ်ကို ဒေါက်ဖြုတ် ချောက်ချနေမယ်ဆိုရင် သူ့ဆီကိုတက်သွားပြီး "ကျွန်တော် ခင်ဗျားစိတ်ပျက်အောင် တစ်ခုခုလုပ်မိလို့လား။ ဒါမှမဟုတ် အဆင်မပြေတာ တစ်ခုခုများရှိလို့လား"လို့မေးရုံပါပဲ။ ဒါဟာ ချောက်ချတဲ့ပုဂ္ဂိုလ်ကို အဲဒီအကျိုးဆက်အတွက် စဉ်းစားသွားစေဖို့ပါ"လို့ဆိုပါတယ်။
၃။ ဟာသဉာဏ္သ်သုံးပါ။
"ကိုယ့်ကို ရိုင်းပြစွာ လာရောက်ဆဲဆိုနေပါလျှင်" ရှင်အဲလိုဆဲတတ်တာ ရှင့်အမေမသိဘူးလား။ ရှင့်အမေသိရင်တော့ ဖင်တုတ်နဲ့အဆော်ခံရတော့မှာပဲ ဆိုတာမျိုး ဟာသနှော ခတ်သောသောပြောလိုက်ပါ"လို့ လူမှုဆက်ဆံဆက်ရေးပညာရှင် ကာလီဂါ ကပြောပါတယ်။
၄။ ညစ်ပတ်သူအောက်က ထွက်ပစ်ပါ။
"ကိုယ့်အပေါ် ညစ်ပတ်အနိုင်ကျင့် ခံရတာကို ဘာမှ
မတတ်နိုင်တဲ့အခါ အခြေအနေထဲကရုန်းထွက်လိုက်ပါ"ဟုစိတ်ပညာရှင် ဘရမ်ဆမ်က ဆိုပါတယ်။ အလုပ်ကနေထွက်လိုက်ခြင်း၊ စတိုးဆိုင်ထဲကနေ မဝယ်တော့ပဲ လမ်းလျောက်ထွက်ခဲ့ခြင်းတွေဟာ သတ္တိရှိရှိနဲ့ နောက်ဆုံးကျင့်သုံရမယ့်၊ စိတ်ထဲမှာ အမြဲထားရမယ့်အရာတွေဖြစ်ပါတယ်။
၅။ ခွင့်လွှတ်တတ်ပါ။
"ခွင့်လွှတ်တတ်ခြင်းဟာလည်း ကောင်းတဲ့ဗျူဟာဖြစ်ပါတယ်။ သဘောဆိုးတဲ့ဆွေမျိုးတွေ မင်္ဂလာဆောင်ဖိတ်သင့်မဖိတ်သင့် ကျွန်တော်ကိုမေးကြတယ်"လို့ စာရေးဆရာရက်ဘီ ဟာရိုး ကွတ်ရ်ှနာက ဆိုပါတယ်။ သူ့အကြံပြုချက်က”ကိုယ်ကကောင်းပြီး တံခါးသာဖွင့်ထားလိုက်ပါ။ ဒါဟာ သူတို့ကို တံခါးဆွဲပိတ်လိုက ပိတ်၊ ဖွင့်ထားတဲ့တံခါးပေါက်ကဝင်လိုက ဝင်လာဖို့ ရွေးချယ်ခွင့်ပေးလိုက်ပါ။" လို့ဖြစ်ပါတယ်။
ခွင့်လွှတ်သည်းခံခြင်း၊ နည်းပရိယာယ် ကြွယ်ဝခြင်းတို့ကို
အသုံးပြုပါက စိတ်ထားပုပ်သူလူညစ်ပတ်များကို သင်ရင်ဆိုင်ကြံ့ကြံ့ခံကျော်လွှားနိုင်ပါလိမ့်မယ်။
စိတ်ထားပုပ်သူလူညစ်ပတ်များဟာ နောက်ဆုံးမှာ သူ့
စေတနာသူ အကျိုးပေးတာပါပဲ။ သူတို့နဲ့ထိုက်တန်တဲ့
အပြစ်ဒဏ် ပြန်ခံကြရပြီး မြောင်းထဲရောက်သွားရတဲ့သူတွေများပါတယ်။
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
*** ဒေါက်တာမြင့်လွင်(စိတ်ပညာ)၏ လျာရှောင်လင်
သိုင်းနှင့်စိတ်ထားပုပ်သူ လူညစ်ပတ်များနှင့် ဆက်ဆံနည်းစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
No comments:
Post a Comment