ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ လူတိုင်းဟာ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ကွက်တိ ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် လူတွေဆီက မျှော်လင့်ချက် လျှော့ထားခြင်းဟာ ကိုယ့်စိတ်ကိုရော၊ တစ်ဖက်လူကိုပါ လွတ်လပ်မှု ပေးလိုက်တာပါပဲ။
တစ်ခါတလေ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကို အချိန်မပေးနိုင်တာ၊ စာပြန်ဖို့ မေ့နေတာတွေဟာ ကိုယ့်ကို ဂရုမစိုက်လို့ မဟုတ်ဘဲ သူ့ဘဝရဲ့ ရုန်းကန်ရမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ လူတွေဆီကနေ အမြဲတမ်း Perfect ဖြစ်တဲ့ တုံ့ပြန်မှုမျိုး မမျှော်လင့်ဘဲ၊ သူတို့ရဲ့ အားနည်းချက်တွေကိုပါ လက်ခံပေးနိုင်ရင် ဆက်ဆံရေးတွေ ပိုပြီး ခိုင်မြဲလာပါလိမ့်မယ်။
တချို့က မျှော်လင့်ချက် မထားတော့ဘူးဆိုရင် သံယောဇဉ် ဖြတ်လိုက်တာ၊ ဂရုမစိုက်တော့တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ မျှော်လင့်ချက် လျှော့ချတယ်ဆိုတာ တစ်ဖက်လူကို "သူဖြစ်နေတဲ့ ပုံစံအတိုင်း" အရှိကိုအရှိအတိုင်း အပြည့်အဝ လက်ခံပြီး ချစ်ခင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ဒီလို မျှော်လင့်ချက်လေးတွေ လျှော့ချပြီး နေထိုင်ကြည့်တဲ့အခါ နေ့စဉ်ဘဝမှာ အရင်ကထက် ပိုပြီး စိတ်ပေါ့ပါးလွတ်လပ်လာတာကို သတိထားမိလာပါလိမ့်မယ်..
#ဉာဏ
March 27, 2026
No comments:
Post a Comment