#နှလုံးနှင့်သွေးကြော_ကျန်းမာရေးအတွက်_အရက်သောက်တာ_အကျိုးရှိတယ်လို့ကြားဖူးပါတယ်
Moderate Alcohol Consumption - အရက်ကို အသင့်အတင့်ပမာဏ သောက်ရင် သွေးလှည့်ပတ်မှုကောင်းတဲ့အတွက် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ အတွက်အကျိုးရှိတယ် ဆိုတာရှိပါတယ်
- နှလုံးသွေးကြောကျဉ်းရောဂါ
- လေဖြတ်လေငန်းရောဂါ စတာတွေကို အထိုက်အလျောက်ကာကွယ် နိုင်တယ်လို့ ဆိုကြပါတယ်။
Moderate Alcohol Consumption ဆိုတာ ဘယ်လောက်လဲ 
One drink ဆိုတာ
- beer ဆိုရင် (355 ml တစ်ခွက်ပေါ့)
- Wine ဆိုရင် (148 ml ဝိုင်တစ်ခွက်စာ)
- အရက်ဆိုရင် (44 ml - တစ်ပက်)
အဲ့လောက်ပါပဲ ၊
အဲ့လို သုတေသန အဖြေတွေရှိပါတယ် ဆိုပြီး သောက်ကြမယ့်သူတွေကို ပြောချင်တာလေးက
အဲ့သုတေသနတွေက ကျွန်တော်တို့ဆီက
အရက်ဟာ စွမ်းအင်ပမာဏ မြင့်ပါတယ်
ယှဉ်ပြရရင်
ထမင်း ဟင်း စားတာထက် ၂ ဆ ပိုရပါတယ်။ စွမ်းအင်ပိုရတော့ မကောင်းဘူးလားဆိုတော့
ခန္ဓာကိုယ်က မသုံးဖြစ်တဲ့ စွမ်းအင်တွေကို အဆီအနေနဲ့ သိမ်းတာမို့ - ပုံမှန်စားသောက်နေတာအပြင် အရက်လည်းသောက်တဲ့အခါ
- အဝလွန်တာ
- အသည်းအဆီဖုံးတာ
- နှလုံးအဆီဖုံးတာ
- သွေးကြောထဲအဆီစုတာတွေဖြစ်လာနိုင်တာမို့ မိးစ တစ်ဖက် ရေမုတ်တစ်ဖက်ပါပဲ
အရက်က သောက်ရင်သောက်သလောက် အသည်းက အလုပ်ပိုလုပ်ရတာမို့
- အသည်းရောင်
- အသည်းခြောက် ကနေတဆင့် အသည်းကင်ဆာ အထိဖြစ်တတ်ပါတယ်
နှလုံးကျန်းမာရေးအတွက်
ကိုယ်တိုင်လည်း ရံဖန်ရံခါ သောက်တတ်ပေမယ့် ဘာသာရေးအရရော ကျန်းမာရေးအရပါ အရက်က မသောက်သင့်ပါဘူးဗျာ
“အသည်းအဆီဖုံးတာ အပါအဝင် အသည်းရောဂါရှိသူမှန်သမျှဟာ အရက်ကို လုံးဝ မသောက်ရပါဘူးဗျာ”
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 

)
No comments:
Post a Comment