သွားနဲ့ခံတွင်းအတွက်နည်းကောင်းလေးမျှဝေဦးမယ်။
ညဘက် သွားတိုက်ပြီးအိပ်ပေမယ့် မနက်အိပ်ရာထရင် ခံတွင်းနံ့နံတတ်တာ လူအများစုမှာ
ဖြစ်တတ်တယ်လို့ဆရာဝန်တစ်ယောက်ပြောပြဖူးတယ်။
လူတိုင်း နည်းနည်းနံကြတယ်တဲ့
ဘာကြောင့်နံတာလဲဆိုတော့
အိပ်တဲ့အချိန် ခံတွင်းကခြောက်သွားလို့တဲ့
နေ့ဘက်မှာ ခံတွင်းမှာ သူ့သဝဘသာစိုနေတယ်
ဘက်တီးရီးယားတွေကို
သူ့အလိုလို ဆေးကြောပေးတတ်ပါတယ်တဲ့။
ညဘက်အိပ်တဲ့အချိန် ပါးစပ်ကခြောက်သွားပြီးတော့
ဘက်တီးရီးယားတွေက အနံ့ထွက်တာပါတဲ့။
လျှာပေါ်နဲ့ သွားကြားတွေမှာ
ဘက်တီးရီးယားကျန်နေလို့
သွားတိုက်တာပေမယ့်လည်း
သွားကြိုသွားကြားနဲ့
လျှာပေါ်မှာ ဘက်တီးရီးယားတွေကျန်နေနိုင်ပါတယ်တဲဲ့။
ပါးစပ်ဖွင့်အိပ်တဲ့အကျင့်ရှိရင်လည်း ပါးစပ်ခြောက်သွားပြီး
ဘက်တီးရီးယားများလာလို့
အနံ့ပိုထွက်တတ်ပါတယ်။
သွားဖုံးရောဂါနဲ့ သွားတွင်းအညစ်ရှိသူ တချို့လူတွေ သွားဖုံးပြဿနာ၊ သွားကြားအညစ်တွေကြောင့်လည်းပိုပြီး နံနိုင်ပါတယ်။
အခု စန္ဒာပြထားတာလေးက
ဆား နနွင်း ငရုပ်ကောင်းမှုန့်အနည်းငယ်နဲ့ရောပြီး
ညဘက်အိပ်ခါနီးသွားတိုက်တာပါ
ငရုပ်ကောင်းတွေပါလို့ တအားပူမှာပေါ့လို့မထင်ပါနဲ့နော် အစားသောက်ထဲထည့်စားသလောက်တောင်မပူပါဘူး။
ဘာအတွက်ကောင်းလဲဆိုတော့
သွားကိုက် သွားဖုံးရောင် သွားဖုံးသွေးယိုတာ ခံတွင်းနံတာတွေအတွက်သိပ်ကိုကောင်းတာပါ။
သူနဲ့တိုက်ပြီးရင် ပါးစပ်ထဲရှင်းကျန်ခဲ့တာ မနက်အိပ်ရာထရင်ခံနံ့မရှိတော့ဘူး။
စန္ဒာလည်း သူများလုပ်တာကောင်းတယ်ဆိုလို့လုပ်ကြည့်တာပါ။
စန္ဒာ သွားရောင်ပြီးကိုက်သလိုဖြစ်နေလို့ ဒါနဲ့တိုက်လိုက်တာ
မကိုက်တော့ဘူး သုံးကြိမ်ဆိုအရှင်းသက်သာတယ်။
သူ့ကိုသွားတံနဲ့ယူပြီးတိုက်ပါ
သွားတိုက်ဆေးအနည်းနဲ့ရောပြီးတိုက်လည်းရတယ်
သွားတွေဝါမှာစိုးရင်သူနဲ့တိုက်ပြီးသွားတိုက်ဆေးနဲ့တိုက်ပါ။
နေ့တိုင်း တိုက်စရာမလိုဘူး တစ်ပတ် တစ်ကြိမ်နှစ်ကြိမ်လောက်တိုက်ကြည့်ပါ။
ဖြစ်နေတဲ့အချိန် နှစ်ရက်သုံးရက်လောက်ဆက်တိုက်ပေးပါ။
စန္ဒာတို့ငယ်ငယ်က ဆားတို့ မီးသွေးတို့နဲ့သွားတိုက်ခဲ့ရတော့သွားလေးတွေခိုင်တယ် ငယ်ငယ်က ဖိုးစားဘာညာမဖြစ်ဘူး။
နောက်ပြီး သွားမှာကျောက်တွေ
မဖြစ်ပါစေနဲ့ခြစ်ထုတ်ပေးပါ
သွားဆေးခန်းမသွားနိုင်ရင်
ဆေးခန်းမသွားချင်ရင်
အကုန်အကျမခံနိုင်ရင်
အိမ်မှာ ကွကိုယ် ဝက်ခြံညှစ်တဲ့ အချွန်လေး
ကပ်ကြေးအချွန်လေးနဲ့သွားဂျိုးတွေကို ကွကိုယ်ခြစ်ထုတ်ပေးပါ
စိတ်ရှည်ရှည်လေးနဲ့မှန်ကြည့်ပြီးလုပ်ကြည့်ပါ ကွာကျလာလိမ့်မယ်။
တချို့တွေပါးစပ်ရီလိုက်ရင် သွားဂျိုးတွေမြင်နေရတာ အများကြီးပဲ။
စန္ဒာတော့ ကွကိုယ်ခြစ်ထုတ်တာ
အိမ်မှာသုံးနေကျ ကပ်ကြေးအချွန်လေးနဲ့ ဝက်ခြံညှစ်တဲ့အချွန်လေးနဲ့
လေးငါးခြောက်လတခါ
လုပ်တာပါ
ငယ်ငယ်ထဲက အဲ့လိုလုပ်ခဲ့တာပါ စန္ဒာမှာသွားဂျိုးမရှိဘူး။
သွားဆေးခန်း တစ်ခါပဲရောက်ဖူးတယ်။
အပေါ်သွားက အချွန်ဖြစ်ပြီးရှည်ကျလာလို့အောက်ကသွားကို ထိုးခွဲသလိုဖြစ်နေလို့ ခဏခဏသွားဖုံးရောင်လို့နာလို့
ဆရာဝန်သွားပြတော့
ဆရာဝန်က နှုတ်ပေးလိုက်တယ်
မလိုအပ်တဲ့သွားတဲ့။
သမီးကသွားတွေအတော်သန့်တာပဲလို့ချီးကျူးလိုက်တယ်
ဒါသွားဆေးခန်းပထမဆုံးအကြိမ်ရောက်တာတောင်
သွားဂျိုးလည်းမရှိဘူး
ပိုးလည်းမစားဘူးဆိုပြီးချီးကျူးလိုက်တယ်။
ပြီးတော့ သွားတိုက်တဲ့အခါ နောက်ဆုံးကသွားကိုဂရုစိုက်ပြီးသေချာတိုက်ပေးတဲ့
အဲ့ကိုသွားတိုက်တာမရောက်တော့ အဲ့အနောက်သွားတွေကပိုးစားတတ်တဲ့တယ်ဆိုပြီးပြောလိုက်တယ်။
အခုလည်း အဲ့အနောက်ဆုံးသွားကအခုရက်သွားဖုံးရောင်ပြီး
ကိုက်သလိုဖြစ်လို့
ဒါနဲ့တိုက်တာ
သက်သာလို့မျှဝေတာပါရှင် လုပ်ကြည့်ပါ။
ဒါပေမဲ့ အစာအိမ်မကောင်းတဲ့သူ
ဝမ်းအတွင်းကနံတဲ့သူကတော့
ဝမ်းအတွင်းကိုသန့်အောင်လုပ်ရပါမယ် အသီးနှံပိုစားပေးတာတို့
ရေများများသောက်ပေးတာတို့
အပူအပုပ်ကျဆေးသောက်ပေးတာတို့လုပ်သင့်ပါတယ်။
No comments:
Post a Comment