Programming language တခု မကောင်းဘူးဆိုရက်နဲ.ဘာကြောင့် အသုံးများသလဲဆိုတာ လိုက်ဖတ်ရင်းနဲ. စိတ်ဝင်စားစရာတခုသွားတွေ.တယ်။ Sunk cost fallacy ဆိုတာ။
၁၉၅၆ မှာ ပြင်သစ်နဲ. British လေယာဉ်အင်ဂျင်နီယာတွေက Concorde ဆိုတဲ့ တော်တော်ကြီးတဲ့ လေယာဉ်မျိုး ဒီဇိုင်းထုတ်ဖို.ကြိုးစားတယ်။ ဒီဇိုင်းထုတ်နေတုန်း ဒီဇိုင်းပြီးသွားလို. သုံးဖြစ်ရင်တောင် စရိတ်စကတွေ မကာမိဘူးဆိုတာသိတယ် သိသိနဲ.ကိုဆက်ထုတ်တယ် 100 million လောက် ကုန်သွားတယ်ဆိုတယ်။ ဗမာစကားအရဆို ပေါက်တဲ့နဖူး မထူးဘူးကွာ ဆိုတဲ့ သဘောနေမယ်။
နောက်ထပ်လုပ်တဲ့သုတေသနတွေရှိတယ်။ Michigan နဲ. Wisconsin ကိုနှင်းလျောစီးဖို. Michigan က ဒေါ်လာ ၁၀၀ ကျမယ် ၊ Wincosin ကတော့ ၅၀ ကျမယ်။ သူတို.ကို အချိန်တူတူမှန်းမသိပဲ လူတွေကို ရောင်းထားတာ။ Wincosin ကတော့ ပိုပြီး သာယာတယ်လို.လဲပြောထားတယ် ဒါပေမဲ့ ၂ ခုလုံး ဝယ်ထားတဲ့သူတွေ 54 % က ဈေးကြီးပိုပေးထားရတဲ့ Michigan ပဲသ ွားမယ်လို. ဆုံးဖြတ်ကြတာတွေ.သတဲ့။ Rational decision မဟုတ်ပေမဲ့ ကိုယ် invest လုပ်ထားတဲ့အတွက် တန်အောင်လို. စိတ်ဖြေနေတဲ့သဘော။
နောက် တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ပြီးလို.ရှိရင် သိပ်အဆင်မပြေလဲ သိပ်မညည်းရဲပဲနဲ. ကောင်းပါတယ်ဆိုပြီး ဖြည့်တွေးတာမျိုး။
ဒါမျိုးဘာလို.ဖြစ်ရသလဲဆိုရင် loss aversion ဆိုတာမျိုးနဲ.ဆက်စပ်နေတယ်။ လူတွေက ရမှာထက် ရှိပြီးသားလေး ဆုံးရှုံးမှာကို ပိုကြောက်ကြတယ်။ ဒါကြောင့်မို. တချို.တွေ ရှိတဲ့နေရာလေးကနေ မလှုပ်ရဲတော့တာမျိုး ။ သိပ်မဟန်တော့ပေမဲ့ ဖက်တွယ်ထားနေတာမျိုး။ ထီမပေါက်မှာထက် ကားတိုက်မှာကိုပိုကြောက်တာမျိုး။
နောက် မြင်ဖူးတာ သိပ်ဆိုးတဲ့ အရက်သမားလို လင်ရထားတဲ့သူတွေ အရိုက်အနှက်ခံရတဲ့မိန်းမတွေ မှာလဲ ငါသည်းခံပေါင်းလာတာပဲ ကလေးတွေ တသက်ရှိနေပြီဆိုတဲ့ အတွေးမျိုးဟာ ဒါနဲ.ဆပ်စပ်နေမယ်လို.စဉ်းစားမိတယ်။
လူဆိုတာကလဲ လိမ်စရာမရှိ ကိုယ့်ဟာကိုယ်ပြန်လိမ်တဲ့အမျိုးကိုး။
No comments:
Post a Comment