သင်တန်းတွေမှာ software ကိုသင်ကြားနေပေမယ့် တကယ်လက်တွေ့မှာ အသုံးဝင်ပြီး အများဆုံးကြုံနေရတဲ့ pereloader ပြသာနာကို မသင်ကြားကြသလို ပြသာနာရဲ့လမ်းစကိုလည်း theory solution မလုပ်နိုင်ကြပါဘူး theory solution ကိုမသိရင် practical မှာ ငါတို့တွေ ဘယ်လိုရှင်းကြမလဲ
ဒီ Log ကို beginner step အပါအဝင် trainer step မှာရှိတဲ့ သူများကို ရည်ညွှန်းရေးသားပေးပါမယ်
MTK Chip ကိုသုံးထားတယ် ဘယ်ဖုန်းမှာမဆို Firmware ရေးသားသည့်အခါ firmware ရဲ့ first stage အနေနဲ့ pereloader ပြီးမှသာ တခြား partition တွေ Raw တွေစီထားတာကို သတိထားမိကြမယ်ထင်ပါတယ် ဘာ့ကြောင့် pereloader.bin ကို first stage မှာထားရတာလဲ အကြောင်းရှိပါတယ်
ဒီနေရာမှာ pereloader.bin ရဲ့အကြောင်းကို ရှင်းလင်းပေးပါရစေ ဖွဲ့စည်းပုံတည်ဆောက်ပုံကိုမသိရင် theory solution ကိုလည်းရှာထုတ်နိုင်မှာမဟုတ်သလို practical မှာလည်းဖြေရှင်းနိုင်မှာမဟုတ်ပါဘူး
အခန်း ( 1 )
Pereloader ရဲ့အကျယ်ချုပ်
- ငါတို့ဖုန်းတွေကို ပါဝါဖွင့်လို့ပဲဖြစ်ဖြစ် ( power on ) | ပြန်လည်စတင်လို့ပဲဖြစ်ဖြစ် ( Reboot device or reset device) လုပ်လိုက်တဲ့အချိန်မှာ မြင်နေရတဲ့အပိုင်းကို First Stage Bootloader လို့ခေါ်ပါတယ် ဒီလို first stage Bootloader မှာ Soc ( system-on-chip) ထဲက Boot Rom ( Boot Rom ဆိုတာ Brom တနည်း MTK ဖုန်းတွေကို firmware ရေးသားသည့်အခါ ခေါ်သုံးရသည့် Download Mode ကိုဆိုလိုပါတယ်) ကနေ တိုက်ရိုက် pust လုပ်ပါတယ် MTK Device တွေအပါအဝင် Device တိုင်းမှာ Development လုပ်နိုင်ဖို့ Repair System လုပ်နိုင်ဖို့ download mode ကို သုံးထားတဲ့ CPU ပေါ်မူတည်ပြီး Boot Rom ကို ပုံသေပရိုဂရမ်တခုအဖြစ်ထည့်သွင်းတည်ဆောက်ထားပါတယ် Boot Rom သည် pereloader ကို ဘယ်ကနေစပြီးအလုပ်လုပ်ရမယ် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို အဆင့်ဆင့် ညွှန်ကြားပေးပါတယ် beginner step အနေနဲ့ ဒီစာကိုဖတ်လို့ရှုပ်မယ်လို့မြင်မိပါတယ် ( အခုမှစလေ့လာတဲ့သူတွေအနေနဲ့ MTK ဖုန်းအဟောင်းတလုံးကိုဖြစ်ဖြစ် ဖုန်းအသစ်တလုံးကိုဖြစ်ဖြစ် firmware ရေးသည့်အခါ system ထဲမှာရှိတဲ့ partition တွေကို တခုချင်းသို့မဟုတ် format all ဖြင့်ရိုက်ပြီး pereloader.bin ကိုကျော်ပြီး တခြား partition ကို ရေးသည့်အခါ fail တာမျိုးကို ကြုံရမှာဖြစ်တယ် pereloader.bin ကိုကျော်ပြီး flash/write လုပ်ရင် နောက် partition တွေကို အစီစဥ်တကျ မလုပ်နိုင်တော့ပါဘူး) ထပ်ရေးရင် ရှည်မှာဖြစ်တာကြောင့် ဒီမှာရပ်ပါရစေ
အခန်း ( 2 )
- Pereloader သည် Hardware initialization တွင်အရေးပါသော အစိတ်အပိုင်းတခု
ဒီနေရာမှာ android kernal ကိုမသိရင် ဖတ်နေရင်းနဲ့ရှုပ်နေတက်တာကြောင့် kernal ပိုင်းရေးထားသူများထံ မှီငြမ်းဖို့အကြံပြုပါသည် Operation System ( kernal ) Hardware အစိတ်အပိုင်းဖြစ်သည့် Ram,timer,UART ( serial port) ,USBController,emmc/UFS ( storage) တွေကိုလည်း ပြင်ဆင်ပေးပါတယ် ဘယ်လိုပြင်ဆင်ပေးပါသလဲ ( Ready to step by step) အနေအထားကိုရောက်အောင်ပြင်ဆင်ပေးထားပါတယ်)
Pereloader ရဲ့အရေးပါပုံအကြောင်းအရာကို အကျယ်ချုံ့ရေးသားခြင်းဖြစ်တာကြောင့် step by step သာလေ့လာစေလိုပါသည် အပေါ်တွင်ရေးသားခဲ့သောအကြောင်းအရာအား နားလည်ပါက အခုထပ်မံရေးသားမည့် အကြောင်းအရာကို ဆက်လက်လေ့လာနိုင်ပါသည် စာများများဖတ်လေ အနှစ်သာရများလေဖြစ်သောကြောင့် စာများများဖတ်ပြီး practical အပိုင်းအား ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်သည်
အခန်း ( 3)
- pereloader ဘုတ်အဖွဲ့အစည်း ( Next step Loading)
- pereloader သည် emmc rom or fimware ထဲမှာရှိတဲ့ lk.bin ( Main kernel,Little Kernel)ကို emmc ထဲက သီးသန့်နေရာကနေ ရှာဖွေဖတ်ယူပြီး Ram ပေါ်သို့တင်ကာအလုပ်လုပ်ပါတယ် တနည်း lk.bin သည် kernel ကို စတင်ပြီး Android system ကို boot လုပ်ပေးတယ်လို့လည်း မှတ်ယူလို့ရပါတယ်
အခန်း ( 4)
Download Mode
- ကျွန်တော်တို့ Mtk device တွေကို firmware ရေးသားသည့်အခါ Sp flash tool or thirty party tool တွေကိုအသုံးပြုပြီး upgrade firmware ရေးသားကြပါတယ် အခုလို firmware ရေးသားခြင်း,unlock လုပ်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်စေရန် Pc နှင့် device ကြား ဆက်သွယ်နိုင်စေရန် Brom mode ကို pereloader မှ ဆက်သွယ်ပေးပါတယ် တချို့ကြုံဖူးကြမယ်ထင်ပါတယ် brom mode ( download mode) ကိုခေါ်သုံးသည့်အခါ device မသိတာ brom mode မှာရှိမနေခြင်းသည် pereloader dead ဖြစ်နေတက်ခြင်းကြောင့်ဖြစ်သည် အကြောင်းမှာ system ထဲတွင် pereloader.bin ကိုမှားဖျက်ခြင်း သို့မဟုတ် ရှိမနေခြင်းကြောင့်ဖြစ်သည်
Pereloader ရဲ့ဆက်စပ်ပြသာနာ
- pereloader.bin မရှိတော့ရင် စက်ကအပြီးတိုင်ပွင့်မလာတာမျိုးကြုံရနိုင်ပါတယ် အဲ့အခြေအနေကို pereloader dead/ bricked phone လို့သတ်မှတ်လို့ရပါတယ်
- ဖုန်း vibration မလာတာမျိုး charging LED, pc မသိတာမျိုး ကြုံရနိုင်ပါတယ်
Software မှာပိုင်ပိုင်နိုင်နိုင်ဖြစ်လာဖို့ဆိုတာ အခြေခံအုပ်မြစ်ကိုသိရန်လိုအပ်ပါသည် Technician သည် အခြေခံရှိရန်လိုအပ်သောကြောင့် အခြေခံရှိမှသာ advance cource များကိုမှီငြမ်းနိုင်မည်ဖြစ်သည် မူရင်းရေးသားထားသောကြောင့် copy ယူသုံးခြင်းဖွင့်မပြုပါ
No comments:
Post a Comment