ဒီညစာတော့ ပေါ့ပါ့ပါးပါး ငါးကင်လေးပဲ လုပ်စားဖြစ်ပါတယ်….ဒီငါးကင်ကို စားဖူးတဲ့သူတွေ အကုန် ကြိုက်တယ် ပြောကြတယ်…
ကိုယ်တိုင်လည်း အရမ်းကြိုက်လို့ ခဏတိုင်းကင်စားပါတယ် …ကင်စားတိုင်းလည်း တင်ပေးဖြစ်တယ်…
ကင်နည်းလေးက
ငရုတ်သီးမှုန့် (Optional)
မဆလာ
မာလာအကင်မှုန့်(ရှိရင်ထည့် မထည့်လည်းရတယ်)
ဆနွင်းမှုန့်
ငံပြာရည်
ဆီ
ဆား
သံပုရာရည်
ဂျင်းအရည်
အကုန်မွှေပီး ငါးကိုအတွင်းအပြင်သုပ်ပီး ထားထားပါ
ငါးကိုအရသာဝင်အောင်နှယ်ထားတုန်းမှာဗိုက်ထဲထည့်ဖို့
စပါးလင် တစ်ချောင်း
Basil leave
နံနံပင်
ငရုတ်သီးစိမ်း
ငံပြာရည်
ကြက်သွန်ဖြူ
သံပုရာသီး
အဲတာတွေကို ကြိတ်ပီး ဗိုက်ထဲထည့်ပြီး စကင်ပါမယ်
ဒီတစ်ခါတော့ ခဲမပတ်ပဲ ကင်ထားပါတယ် Air fryer နဲ့ 360F နဲ့ တစ်ဖက်ကို 10-15 မိနစ်ကင်ပါတယ် ….
ဒီနည်းက ငါးအသားက juicy ဖြစ်ပီး ဗိုက်ထဲကအဆာကလည်း မွှေးပီးစားလို့ကောင်းတယ် 

စာရေးရင်သာရှည်တာ လုပ်ကြည့်ခဏလေးပဲ
No comments:
Post a Comment