ဇာတ်လမ်းတွေရှိဖူးတဲ့ ပြောင်းဖူးဟင်းရည်
ကျမ ငယ်ငယ်က တောင်ပေါ်မှာ အရမ်းဖျားပြီး သက်သာလာတော့ အားပြတ်နေတဲ့အချိန် အားဆေးလည်းမဝယ်နိုင်တော့ အဖွားက ဒီဟင်းရည်လေး မကြာမကြာချက်ပေးခဲ့တယ်။
အရမ်းလည်းကြိုက်တယ်၊ခုထိလည်း မမေ့နိုင်ဘူး။
ပြောင်းဖူးစိမ်းကို အခွံချွတ်၊သေချာဆေးပြီး အဖူးလိုက် Darrလေးနဲ့ ပတ်ပတ်လည် ပေါက်ပေါက်ပေး၊ပြီးရင် Darrလေးနဲ့ အပေါ်ကအသားတွေ အကုန်ခြစ်ချပေးထားမယ်။
ရေနွေးပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူထုထည့်၊ကြက်သွန်နီ ၄ စိတ်ထိုးပြီးထည့်၊ ပြောင်းဖူးထည့်၊ ဥနီလေးတွေထည့်ပြီး ချက်မယ်။အရသာ အပေါ့အငံ ချိန်ယူ။ အိုးချခါနီး ကြက်ဥတစ်လုံး ဖောက်ထည့်၊ငရုတ်ကောင်းဖြူး/ကြက်သွန် မြိတ်လေး ထည့်ပြီးရင် ရပါပြီ။ ချိုချိုလေးနဲ့ အားပြည့်စေတဲ့ ဟင်းရည်လေး ဒီနေ့ သားလေးနဲ့သမီးလေးကို ချက်ပေးတာ အရမ်းကြိုက်ကြတယ်။ ရေညှိရှိရင် ရေညှိလေးတွေ ညှပ်ပြီး ထည့်ပေးရင် ပိုချိုပါတယ်။အိမ်မှာ ရေညှိမရှိလို့မထည့်ထားပါဘူးရှင့်။
healthyandsimplecooking
myowncookingformybelovedfamily
No comments:
Post a Comment