ကိုယ့်ပတ်ဝန်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို လေ့လာကြည့်တဲ့အခါ အဓိကအကြောင်းရင်းက မိမိကိုယ်ကို တာဝန်မယူခြင်းက စပါတယ်…
ခက်တာက ကိုယ်တွေ Generations ရော ကိုယ်တွေရဲ့ ရှေ့က Generations ရော ဒီနေ့ခေတ်ရဲ့ Generations မှာရော ပညာရေးအခန်းကဏ္ဍကစလို့ သင်ပေးတဲ့ ပြစုပျိုးထောင်တဲ့ မိဘဘိုးဘွားတွေမှာ အဆုံး ကလေးတွေကို မိမိကိုယ်ကို ချစ်တတ်အောင် မလေ့ကျင့်ပေးနိုင်ရတဲ့ အကြောင်းရင်းက သူတို့ကိုယ်တိုင်လဲ သူတို့ ကိုယ် သေချာ မချစ်တတ်လို့ ဖြစ်တယ်…
မိမိကိုယ်ကို မချစ်တတ်တဲ့အခါ မိမိကိုယ်ကို တာဝန်မယူနိုင်ဘူး… ကိုယ့်အကြောင်းကို သေချာမသိဘူး… သိရမယ်မှန်းလည်း မသိဘူး… မျိုးရိုးစဉ်ဆက်က အပြင်အာရုံတွေ အပြင်ပတ်ဝန်းကျင်တွေ အပြင်က လူတွေကိုပဲ အာရုံစိုက်လာတော့ မိမိကိုယ်ကိုယ် ဘယ်လို ချစ်ရမယ်, မိမိကိုယ်ကို ဘယ်လိုရှာဖွေရမလဲ ဆိုတာ ပြောရင်တောင် ပြောတဲ့သူကို ဘာတွေ ပြောနေလဲ မသိဘူး… ကြောင်တောင်တောင် စကားတွေလို့ ထင်တဲ့အထိ Generations ကြီး တစ်ခုလုံးဟာ Brain wash လုပ်ခံထားခဲ့ရတာ…
ခေတ်အရ နည်းပညာတွေ တိုးတက်လာတယ်ဆိုပေမယ့် တကယ်တမ်း ဘဝအနှစ်သာရပြည့်ဝမှု Life style အရတော့ တဖြည်းဖြည်းနဲ့ ဟိုးအောက်ကို ထိုးကျလာနေပီ…
သူများတွေ သတ်မှတ်ထားတဲ့ တန်ဖိုးရှိတယ်ဆိုတဲ့ အပေါ်ယံတွေပေါ်မှာပဲ အချိန်တွေအကုန်ခံပီး လိုက်ရှာနေခဲ့ကြတာ…
တကယ် အဲ့ဒီ အရာတွေက ကိုယ့်အတွက်ရော တကယ့် တန်ဖိုး ဟုတ်နေရဲ့လား ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့တောင် မသုံးသပ်နိုင်တော့တဲ့ အထိ Brain wash လုပ်ခံနေရတာ…
တကယ့် အနှစ်သာရပြည့်ဝတဲ့ ဘဝ တစ်ခုဆိုတာ ဘာလဲ?
Branded တွေ သုံးနိုင်တော့မှ၊ နောက်ဆုံးပေါ် ကား စီးနိုင်တော့မှ၊ Iph အသစ်ထွက်တိုင်း ကိုင်လိုက်ရမှ၊ အကောင်းစားဆိုတဲ့ အိမ်မှာ နေရမှ၊ လူတွေ ကိုယ့်ကို အထင်ကြီးမှ ဆိုတဲ့ အပေါ်ယံတေဟာ တကယ်ရော အဲ့ဒီ အရာတွေ ပိုင်ဆိုင်နေတဲ့သူတွေ ကိုယ့်ဘဝကို ကျေနပ်ရဲ့လား? ဒါဟာ တကယ် ဘဝရဲ့ အနှစ်သာရလို့ လကိခံလား ?
အဲ့ဒီအရာတွေ ပိုင်ဆိုင်နေပီး စိတ်ဆင်းရဲနေရသူ၊ စိတ်ညစ်နေရသူတွေ တစ်ပုံတစ်ပင်ပါ…
တကယ့် အနှစ်သာရပြည့်ဝတဲ့ ဘဝ တစ်ခုဆိုတာ မိမိကိုယ်ကို သိခြင်းက စပါတယ်…
အချိန်တိုင်းမှာ ကိုယ့်ရဲ့ စိတ်လေးကို သိမယ်… သတိရှိနေမယ်…
ကိုယ်ဖြစ်ချင်တဲ့ ဘဝပန်းတိုင်ကို သိမယ်… ကိုယ့်မှာ ဘာအားနည်းချက်တွေရှိလဲ… ကိုယ့်မှာ ဘာအားသာချက်တွေရှိလဲ… ကိုယ် ဘာတွေ လုပ်ရရင်ပျော်လဲ… ကိုယ်လုပ်နေတဲ့ အရာတွေ, လျှောက်နေတဲ့ လမ်းတွေကရော မှန်နေရဲ့လား… ကိုယ့်အတွက် အများအတွက် အကျိုးရှိနေရဲ့လား…
ကိုယ် ဖြစ်ချင်တာလဲ သိမယ်… ကိုယ် သွားချင်တဲ့ လမ်းကိုလည်း သေချာသိတယ်… အဲ့ဒီ လမ်းက ကိုယ့်အတွက်လည်း အကျိုးရှိတယ်… အများအတွက်လည်း အကျိုးရှိတယ်…ဆိုမှ အဲ့ဒီအချိန်ဟာ ဘဝ စ ပါတယ်…
ဘယ်လိုစပီး လေ့ကျင့်လို့ရလဲဆို Awareness ရှိအောင် Mindful ဖြစ်အောင် Mindful Yoga, Mindful Eating, Mindful Walking စတဲ့ Mindful Living ကိုသွားတဲ့ Practice နည်းလမ်းပေါင်းများစွာနဲ့ လေ့ကျင့်လို့ရပါတယ်…
အဲ့ဒီအချိန်က စလို့ ကိုယ့်ဘဝရဲ့ အချိန်တိုင်းဟာ အဓိပ္ပာယ် ရှိလာမယ်… အနှစ်သာရ ပြည့်ဝလာမယ်…
အချိန်တိုင်းမှာ Oneness, Sharing, Kindness, Wisdom ဒီအရာတွေ ကိုယ့်ဘဝထဲ ရောက်လာပီဆိုမှ အနှစ်သာရပြည့်ဝတဲ့ ဘဝစပါတယ်…
အဲ့ဒီ အချိန်ကစပီး ကိုယ့်ရဲ့ ရှင်သန်မှုဟာ မတူညီတဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးမဖြတ်နိုင်လောက်အောင်ကို အနှစ်သာရ ပြည့်ဝနေပါလိမ့်မယ်… 


No comments:
Post a Comment