Wednesday, November 5, 2025

ကယ်ထုတ်ဖို့သုံးခဲ့တာက မြေပြင်သွား မောင်းသူမဲ့ယာဉ် (unmanned ground vehicle UGV)

 ရှေ့တန်းမှာ ဒဏ်ရာရပြီး 33 ရက်လောက် ရန်သူထိန်းချုပ်နယ်မြေထဲ ပိတ်မိနေခဲ့တဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦးကို မောင်းသူမဲ့ယာဉ်သုံးပြီး ကယ်ထုတ်နိုင်ခဲ့တာကို မြင်ရတဲ့ ဗီဒီယိုဖြစ်ပါတယ်။

ကယ်ထုတ်ဖို့သုံးခဲ့တာက မြေပြင်သွား မောင်းသူမဲ့ယာဉ် (unmanned ground vehicle UGV) ဖြစ်ပြီး လူနာလိုက်ပါမယ့်နေရာအတွက် အကာအကွယ်ပါတယ်။ အကာအကွယ်က ဘယ်လောက်အထိ ထူလဲဆိုတာတော့ သေချာမသိရပါဘူး။ လက်နက်ငယ်နဲ့ အစအနထိမှန်တာ ခံနိုင်လောက်မယ်လို့တော့ ယူဆရပါတယ်။
စစ်ဆင်ရေးအတွင်း ဒဏ်ရာရတပ်ဖွဲ့ဝင်ကို လွယ်လွယ်ကူကူနဲ့ ကယ်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ‌6 ကြိမ်တိုင်တိုင် ဒီလိုမျိုး UGV တွေ လွှတ်ပြီး ကယ်ဖို့ကြိုးစားတာမှာ မအောင်မြင်ခဲ့ဘဲ UGV 6 စင်းလုံး ရုရှားတို့ လက်ချက်နဲ့ ပျက်စီးခဲ့ရပါတယ်။ 7 ကြိမ်မြောက်မှာမှ အောင်မြင်ခဲ့တယ်လို့ သိရတယ်။ ဒါတောင် အသွားမှာ လူနင်းမိုင်းထိပြီး UGV ရဲ့ ဘီးတစ်လုံး ထိခိုက်ပျက်စီး ခဲ့ရတယ်။ အပြန်မှာလည်း ရုရှားဒရုန်းတစ်စင်းက တိုက်ခိုက်ခဲ့သေးပေမယ့် UGV ရဲ့ armored compartment က အတွင်းက စစ်သည်ကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ဒဏ်ရာရစစ်သည်ကို ကယ်ထုတ်နိုင်ဖို့အတွက် UGV က 64 ကီလိုမီတာရှိတဲ့ အသွားအပြန်ခရီးကို သွားခဲ့ရတာပါ။
မြေပြင်သွားဒရုန်းတွေက ဒဏ်ရာရ စစ်သည်‌ တွေကိုသယ်ထုတ်နိုင်တယ် ဆိုတာက တစ်ခါမှ မမြင်ဖူးတဲ့ concept အသစ်တော့ မဟုတ်ပါဘူး။ အရင်ကတည်းက အနောက်နိုင်ငံတွေမှာ သရုပ်ပြလေ့ကျင့်တာမျိုး ရှိထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် မြင်ဖူးခဲ့သမျှ ဒီဇိုင်းတွေမှာ ဒဏ်ရာရစစ်သည်ကို အကာအကွယ်မပါပဲ ဒရုန်းပေါ်သယ်လာမယ့် concept တွေ ဖြစ်နေခဲ့တာပါ။ ယူကရိန်းရဲ့ တကယ့်လက်တွေ့ စစ်မြေပြင်မှာတော့ အကာအကွယ်မပါပဲ လူကယ်ထုတ်မယ့် ဒီဇိုင်းက အလုပ်မဖြစ်နိုင်ဘူးဆိုတာကို မြင်ခဲ့ရပါတယ်။ ရန်သူရဲ့ လက်နက်ကြီး၊ ဒရုန်းရန်တွေ ကြားကနေ ဆွဲထုတ်နိုင်ဖို့ဆိုရင် UGV ပေါ် လိုက်ပါလာမယ့် ဒဏ်ရာရစစ်သည်အတွက် အကာအကွယ် လိုကိုလိုပါတယ်။ ဒီဖြစ်ရပ်တွေက အနာဂါတ် UGV ဒီဇိုင်းနဲ့ concept တွေအပေါ်ကို ပြောင်းလဲမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
Tactical Raptor
Raptorone

No comments:

Post a Comment