Wednesday, November 5, 2025

မိုးတိမ်ကွန်ပျူတာ (Cloud Computing) ခေတ်ကနေ အာကာသကွန်ပျူတာ (Space Computing) ခေတ်

 မိုးတိမ်ကွန်ပျူတာ (Cloud Computing) ခေတ်ကနေ အာကာသကွန်ပျူတာ (Space Computing) ခေတ်ကိုတောင် ရောက်တော့မှာပါလား။

Google က Project Suncatcher ဆိုပြီး အာကာသထဲမှာ AI ဒေတာစင်တာဆောက်ဖို့ လုပ်နေပြီ။
နေရောင်ခြည်စွမ်းအင်က အာကာသထဲမှာဆိုရင် အဆပေါင်းများစွာ ပိုအားကောင်းတယ်လေ။
နေ့တွေ ညတွေမရှိ၊ မိုးအုံ့တာ အရိပ်ကွယ်တာမရှိ နေရောင်ခြည် အမြဲရမယ်။ စွမ်းအင်လိုအပ်များတဲ့ AI ဒေတာစင်တာတွေကို အာကာသဆိုလာအစွမ်းနဲ့ Run မယ်ဆိုပါတော့။
အစပြုခါစပဲ ရှိပါသေးတယ်။ ဖြစ်မယ်မဖြစ်ဘူးတောင် မသေချာသေးပါဘူး။
အခုလည်း Solar Farm တွေကို မြေပြင်မှာမထားဘဲ အာကာသထဲမှာထားဖို့ နည်းပညာတွေ အိုင်ဒီယာတွေက ရှိကြပြီးသားပါ။ တကယ့်ပြဿနာက ဒုံပျံခ ကုန်ကျစရိတ်နဲ့ ပြန်ရမှာနဲ့ မကာမိသေးဘူး ဖြစ်နေကြတာ။
ဒုံးပျံခ ကုန်ကျစရိတ်တွေ တောက်လျှောက် သက်သာလာနေလို့ (၂၀၃၀) လောက်ရောက်ရင်တော့ လက်တွေ့ အကောင်အထည် ဖော်လို့ရတဲ့အဆင့်ကို ရောက်လိမ့်မယ်လို့ မှန်းကြတယ်။
အာကာသထဲမှာက မြေပြင်မှာလို လေအေးပေးစနစ်တွေ၊ ရေအေးပေးစနစ်တွေ မရနိုင်လို့ Radiation အအေးပေး စနစ်တွေ စမ်းသပ်ကြရဦးမယ်။
လေထုနဲ့ ကမ္ဘာ့သံလိုက်စက်ကွင်း အကာအကွယ် မရတော့လို့ Solar Flar နဲ့ ကမ္ဘာပတ်အမှိုက်တွေ ပြဿနာကလည်း ရှိသေးတယ်။ တစ်ခုခု ပျက်ရင် ဖြုတ်လဲလိုက်လေလို့လည်း ပြောလို့မရတော့ဘူး။ လွယ်လွယ် မပျက်အောင် လုပ်ရမယ်၊ အာကာသထဲထိ သွားပြီး Maintenance လုပ်ဖို့လည်း စဉ်းစားကြရဦးမယ်။
ဒုံးပျံကြီးနဲ့ အာကာသထဲသွားပြီး Server Restart သွားလုပ်ပေးရရင်တော့ ရှုပ်ကုန်လိမ့်မယ်.. 😅😅
လိုတာတော့ တော်တော်လိုပါသေးတယ်။ ဒါပေမယ့် မကြာတော့တဲ့ တစ်နေ့မှာ မလွဲမသွေ ရောက်ရှိလာမှာပါ။ ဧရာမစွမ်းအင် လိုအပ်ချက်က လက်ရှိ AI တွေအတွက် ရှေ့ဆက်တိုးဖို့ အတားအဆီးလို ဖြစ်နေတာ။ အဲ့ဒီအတားအဆီးကို ဖြေရှင်းဖို့ လမ်းစတွေ ဒီလိုပဲ ပုံစံစုံနဲ့ စတင်ကြိုးစားကြမှာ သဘာဝပဲ။
ကွန်ပျူတာတွေ၊ အင်တာနက် Bandwidth တွေ တုံးကလည်း အဲ့လိုပဲလေ။ တကယ်လည်း အရှိန်ရသွားရော ဆက်တိုက်ဆိုသလို ဆတိုးနဲ့ စွမ်းဆောင်ရည်တွေ တိုးတက်ခဲ့တာ ကိုယ်တွေ့ ကြုံခဲ့ကြပြီးသားပဲ မဟုတ်လား။

No comments:

Post a Comment