ကိုယ့် Partner ရဲ့ family background က ကိုယ့်အတွက် ဘယ် အတိုင်းအတာထိ အရေးကြီးလဲ?
ကိုယ် နဲ့ ကိုယ့် Partner သာ အဆင်ပြေနေရင်…
ခံယူချက်ချင်း၊ Type ချင်း တူနေရင်…
သူ့ရဲ့ မိဘတွေ၊ သူ့ရဲ့ ဆွေမျိူး အရင်းအခြာတွေ ဘယ်လို ဘယ်ပုံ ဘယ်အကျင့်စရိုက် ရှိရှိ ဂရုစိုက်စရာတော့ သိပ်မလိုပါဘူးလေ။
သူနဲ့ အတူတူ ရှိချင်တာ…။ သူ့မိသားစုဝင်တွေနဲ့ တူတူရှိချင်တာ မှ မဟုတ်တာ… နော့်…။
ဟုတ်တယ် မလား?
…
အဲ့ဒီလို ရိုးရိုးလေး တွေးပုံနဲ့ … မလုံလောက်ဘူး ဆိုတာ ကျွန်တော် နောက်ပိုင်းတော့ လက်ခံလာတယ်။
Relationship တစ်ခု ဆိုတာ လူ နှစ်ယောက်ကြားထဲမှာ နားလည်ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတယ်… မှန်တယ်။
ဒါပေမယ့်… နှစ်ဦးစလုံးမှာ မတူညီတဲ့ Value တွေ Belief တွေလည်း ပါတယ် ဆိုတာကလည်း နောက်ထပ် လက်ခံရမယ့် အမှန်တရား တစ်ခုပဲ။
အဲ့ဒီ Value ထဲမှာ နှစ်ဦးစလုံးရဲ့ Family တွေလည်း ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘာကိုယ် ဘာ value ပဲထားထား၊ ဘယ်လို နားလည်မှုတွေပဲ ရှိကြ ရှိကြ…
တစ်ယောက်ချင်းစီရဲ့ မိသားစု အသိုင်းအဝိုင်း တွေ ဝင် ပါ လာတဲ့အခါ… ကိုယ့် Relationship ကို ပိုပြီး upgrade ဖြစ်စေမယ့်လူတွေလား၊ degrade လုပ်ပေးကြမှာလား ဆိုတာကို အရေးကြီးတဲ့ concerned တစ်ခု အနေနဲ့ ထားရလိမ့်မယ်။
ဘာလို့ သူ့မိသားစု background က ကိုယ့်အတွက် concerned ဖြစ်ရမှာလဲ? ဆိုကြောင်းကိုတော့ ကျွန်တော် အချက်လေးတွေ ခွဲပြီး ရေးပါမယ်။
…
၁)- Genes (ဗီဇ)
ကိုယ်နဲ့ ကိုယ့် ပါတနာလေးက … လတ်တလော အဆင်ပြေသာယာနေရင်တော့ ဝမ်းသာပါတယ်။ ဒါပေမယ့် တစ်သက်လုံးအဆင်ပြေ သာယာပါလိမ့်မယ်လို့ ဘယ်သူမှ အာမ ခံလို့မရဘူး။
ဆယ်နှစ်တို့၊ ဆယ့်သုံးနှစ်တို့ ထိ တွဲပြီးတဲ့ RS တွေတောင်… အချိန်ကြာမှ behind the scenes တွေ ပေါ်လာလို့ အဆင်မပြေဖြစ်ပြီး ပြတ်ကြတာ… လိုင်းပေါ်မှာ ပလူပျံနေတာပဲလေ။
နှစ်ယောက် သာယာနေတဲ့ honeymoon phase လေးမှာတော့ လမ်းခွဲစေနိုင်လောက်တဲ့ dark side တွေ လွယ်လွယ်ကူကူ ထွက်မလာတတ်ဘူး။
Relationship တစ်ခုရဲ့ အသာယာဆုံး အကြည်နူး ဆုံးဖြစ်နေချိန်မှာ နှစ်ဦးစလုံးရဲ့ dark-side တွေက တတ်နိုင်သလောက် ဖုံးဖုံးဖိဖိ ဖြစ်နေတတ်ကြတာ သဘာဝ။ အချိန်အတိုင်းအတာ တစ်ခု နေရင် ဘူးပေါ်သလို ပေါ်လာတာပါပဲ။
အဲ့ဒီ Dark side တွေ ဘယ်လို ဘယ်က ပေါ်လာသလဲ ဆိုရင်… genes အကြောင်းကို ထည့်ပြောရမှာပါ။
လူတွေမှာ behavior တွေ manners တွေသာ ပြောင်းချင်ရင် ပြောင်းသွားမယ်။ ဗီဇ ဆိုတဲ့ Genes က ပြောင်းလို့မရဘူး။
စိတ်ဆိုး၊ စိတ်တိုလွယ်တဲ့ ဗီဇ ပါသူက တစ်သက်လုံး စိတ်တိုလွယ်တဲ့ ဗီဇမျိူး ပါနေလိမ့်မယ်။
ကပ်စေးနဲ တွန့်တိုတတ်တဲ့ ဗီဇ ပါသူက တစ်သက်လုံးလည်း ထိုနည်း၎င်းပဲ။
အဲ့ဒီ Genes တွေ ဘယ်က ရလဲ ဆိုတော့… မိဘ နဲ့ ဘိုးဘွား ဆီက ဖြစ်ပါတယ်။ ပြောင်းလို့မရဘူး။ ထိန်းလို့ပဲ ရပါတယ်။
သူ့ရဲ့ အဖေဖြစ်သူက အမေကို လက်ပါတတ်လား၊ ဒေါသကြီးတတ်လား၊ လူတွေကို ကြင်ကြင်နာနာဆက်ဆံတတ်လား၊ ရှူးရှူးဒိုင်းဒိုင်း ပေါက်ကွဲတတ်သူလား…
သူ့ရဲ့ အမေဖြစ်သူက စပ်စပ်စုစု လုပ်တတ်သူလား၊ သူများကိစ္စတွေကို လက် ဝင် လျိူ ပြီး ဇာတ်လမ်းရှုပ်တတ်သူလား…
ဒီ character တွေက သူ့သားသမီး ဖြစ်တဲ့ ကိုယ့် Partner ဆီမှာလည်း ကိန်းအောင်း နေနိုင်တယ်။ “ကိန်းအောင်း နေနိုင်တယ်” လို့ ပြောတာနော်…။ ဖြစ်ကို ဖြစ်မှာပါ ဆိုတာမျိူးတော့လည်း မဟုတ်ဘူး။
…
၂)- တန်ဖိုးထားမှု စံနှုန်းများ (Values & Beliefs)
လူတိုင်းက ကိုယ့်ရဲ့ မိသားစု ဆီကနေ… ကိုးကွယ်ယုံကြည်မှု၊ ဓလေ့၊ ငွေကြေးသုံးစွဲပုံ၊ ပညာရေးအပေါ် မြင်တဲ့အမြင်… စတာတွေကို လက်ဆင့်ကမ်း သင်ယူလာကြတယ်။ ဒီတန်ဖိုးထားမှုတွေက ကိုယ်နဲ့ ကိုယ့်လူ ကြားမှာ ကြီးကြီးမားမား လွဲချော်ပြီး ညှိယူလို့ မရတာမျိူးတွေရှိရင် ရေရှည်မှာ ပြဿနာ တက်နိုင်တယ်။
ဥပမာ - တချိူ့မိသားစုတွေမှာ ဆို - “ငွေကြေးဆိုတာ secure ဖြစ်အောင်ထားရတယ်”၊ “စုရမယ် ဆောင်းရမယ်” ဆိုတဲ့ ခံယူချက်မျိူး ရှိတာကြောင့် ရှာတဲ့ငွေကို ခြစ်ခြစ်ကုတ်ကုတ် စုတယ်။
တချိူ့ family တွေ ကျတော့… “Life is short, enjoy now”… ဆိုတဲ့ ခံယူချက်နဲ့ ရ ရ စားစား။ တစ်ဆယ်ရရင် ဆယ့်တစ်ကျပ်ဖိုး သုံးလိုက်ရမှ…။
ဘယ်ဟာမှားလဲ မှန်သလဲ ဆိုတာမျိူး မရှိဘူး။ …။ ဒါပေမယ့် ဒီ ငွေကြေးပေါ်မှာ ခံယူတဲ့ ခြားနားချက်ဟာ ညှိယူလို့ကိုမရအောင် ကြီးကြီးမားမား ပြဿနာ ဖြစ်လာစေနိုင်တယ် ဆိုရင်တော့ … နှစ်ယောက် ဆက်တွဲနေတာဟာ အမှားပဲ။
Beliefs အပိုင်းပါ ထည့်ရေးရရင် - ကိုယ့် Partner နဲ့ ကိုယ်က ဘာသာချင်းတူရင်တောင်… လက်ခံကျင့်သုံးပုံချင်း ကွာခြားနိုင်တယ်။
တစ်ဖက် family က ဘာသာရေး ဓလေ့ထုံးတမ်းတွေကို ဖက်တွယ်ထားရလောက်အောင် strict ဖြစ်ပြီး ကိုယ့်အနေနဲ့က spiritual (စိတ်ပိုင်းဆိုင်ရာ) တွေကို ဦးစားပေးသူ၊ လွတ်လပ်သူတစ်ယောက် ဖြစ်နေမယ် ဆိုရင်… သူတို့ရဲ့ ဘာသာရေး ရှုထောင့်ကနေ ကိုယ့်ကို ပုတ်ခတ်တာမျိူးတွေ၊ စကားအလျဉ်းသင့်ရင် သင့်သလို စော်ကားခံရတာမျိူးတွေ ဖြစ်လာနိုင်တယ်။
…
၃)- ဆက်ဆံရေးပုံစံများ (Family Dynamics)
တချိူ့ family တွေမှာ… နွေးထွေးမှု အပြည့်အဝ ရှိတယ်…။ အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန် support လုပ်ရင်း အေးအေးဆေးဆေးလေး နေကြတာ။
လူတစ်ယောက် က ဘယ်လို ကြင်နာယုယမှုတွေ ပေးနိုင်တယ် ဆိုတာ… သူ့ရဲ့ ငယ်ဘဝမှာ… ကြင်နာမှုတွေ၊ နွေးထွေးမှုတွေကို ဘယ်လို acquired ဖြစ်ခ့ဲသလဲ၊ ဘယ်လို ရရှိလာသလဲ ဆိုတာနဲ့ အများကြီး ပတ်သတ်နေတယ်။
တချိူ့ family တွေမှာ… အဖေ ဖြစ်သူ ကို God လို သတ်မှတ်ထားတာမျိူး။ မိန်းမဖြစ်သူကလည်း ကြိုက်ကြိုက် မကြိုက်ကြိုက် ယောက်ျားဖြစ်သူ စကားကို နာခံရတယ်။
စည်းကမ်း ကောင်းရင်တော့ ကောင်းလိမ့်မယ်။ ကြမ်းတမ်းမယ်၊ တင်းကြပ်မယ်၊ Kindness နဲ့ မေတ္တာ ကို ထုတ်ပြလေ့ မရှိဘူး။
အဲ့ဒီ family မျိူးမှာ ကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ … ငါလည်း အိမ်ထောင်ကျရင်တော့… god level ကို ရောက်လာမှာပဲ… “my time has come” ဆိုတဲ့ အတွေးအခေါ်မျိူးနဲ့ ကိုယ့် ပါတနာကို ခြယ်လှယ်ချင်၊ ကြီးစိုးချင်ကြတာမျိူး ရှိတယ်။ ကြင်နာမှုတွေ၊ ချစ်ခြင်းမေတ္တာတွေကို သိပ်မပြတော့ဘူး။
တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေတင်၊ blaming လုပ်ပြီး အသားကျနေတဲ့ မိသားစုဝင်တွေကို ကြည့်လိုက်ရင်… ဘယ်တော့မှ ပျော်ရွှင်နေ၊ စိတ်အေးမနေရဘူး။ ပိုက်ဆံကြောင့်၊ ကျန်းမာရေးကြောင့်၊ အသိုင်းအဝိုင်းကြောင့် အမြဲ မျက်နှာငယ်၊ အမြဲ ဝမ်းနည်းနေရတာချည့်ပဲ။
သူတို့အချင်းချင်းတောင် ဒီလောက် toxic ဖြစ်နေတာ… ကိုယ်သာ အဲ့ဒီထဲကို အပြင်လူ တစ်ယောက်အနေနဲ့ ဝင်သွားမယ် ဆိုရင် ဖြစ်လာနိုင်တဲ့ ပြဿနာတွေ အများကြီးပါ။ အဲ့ဒီ ဖြစ်နိုင်တဲ့ ပြဿနာကို အောက်က အချက်မှာ ဆက်ပြောပါမယ်။
…
၄)- နှစ်ကိုယ်ကြား ပြဿနာများ ဖြေရှင်းခြင်း (Handling Issues)
တချိူ့ Family ဝင်တွေက လင်မယားနှစ်ယောက်ဖြစ်စေ၊ သမီးရည်းစားဖြစ်စေ၊ ပြဿနာတက်ရင် ဝင်စွက်ဖက်တာမျိူး မရှိဘူး။ ဝင်ပါရင်လည်း လူကြီးလူကောင်းဆန်ဆန် ဝင်ပြီး ပြေလည်အောင် ဖြေရှင်းပေးတတ်တယ်။
တချိူ့ကျ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ “ငါ့သား၊ ငါ့သမီး၊ ငါ့အကို၊ ငါ့ညီမ ဘက်က” ဆိုတဲ့ စိတ်နဲ့ တစ်ဖတ်သတ် ရပ်တည်တယ်။ သူ့ family member တွေက ကိုယ့် Relationship ကြားမှာ ဝင် ခလောက်ဆန်တာမျိူးတွေ ဖြစ်လာတတ်တယ်။
“ငါ ဆရာ၊ ငါ အကြီး၊ ငါလုပ်တာ အမြဲမှန်တယ်”… “ငါ့စကားကို အားလုံးနားထောင်ရမယ်…” ဆိုတဲ့ narcissist ဆန်တဲ့ အတွေးအခေါ်မျိူး သူ့ရဲ့ မိသားစုထဲမှာ ပါနေရင်… အဲ့ဒါကို aware ဖြစ်ဖို့လိုတယ်။
ကိုယ်နဲ့ သူ ကြားမှာ ပြဿနာ သေးသေးလေးတွေ ရှိလာတိုင်း… သူ့မိသားစုက… အမြဲ ကိုယ့်အမှား ဖြစ်အောင် gaslight လုပ် လက်ညှိုးထိုးနေ သူတွေလား၊
သူ့မိသားစုရဲ့ စကားအပြောအဆိုတွေက ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ အမြဲ ပြန်ထုတ်မိနေအောင် guilt-trip လုပ်နေသူတွေလား၊
ကိုယ့်ကို သူ့ရဲ့ အရင် ex တွေနဲ့ ယှဉ်ပြီး Triangulate လုပ်တတ်သူတွေလား….
ဒီ sign တွေ ပြနေပြီဆိုရင် family background ကြီးက red flag ဆိုတာ သဘောပေါက်လိုက်တော့ ချစ်ဘော်ဒါတို့ရေ။
တချိူ့ မိဘတွေက ငါ့သား၊ ငါ့သမီး ဆိုတဲ့ စိတ်နဲ့… ကိုယ့်သားသမီး မှားမှန်းသိနေရင်တောင် ဆုံးမ မပေးဘဲနဲ့ တစ်ဖက်သတ် လက်ညှိုးထိုးချင်ကြတယ်၊ မြေနိမ့်ရာကို လှံစိုက်ချင်တယ်။
ကိုယ်ကလည်း မခံတတ်သူဖြစ်တော့… react ပြန်လုပ်မိမယ်…။ ဒီတော့ နေရင်းထိုင်ရင်း ဒေါသထွက်ရမယ်၊ time-wasted, energy-wasted ဖြစ်မယ်…။
ဒါကိုမှ ကိုယ့် လက်တွဲဖော်က ကိုယ့်ဘက်က ရပ်တည်ပေးတဲ့သူ မဟုတ်ဘဲ… သူ့ မိသားစုဘက်က ရပ်တည်တဲ့လူ ဆိုရင်… အများနဲ့ တစ်ယောက် ကိုယ်မှန်နေရင်တောင်… ကိုယ် စိတ်ဆင်းရဲရပါလိမ့်မယ်။
တချိူ့ family တွေမှာ ဆိုရင်… ကိုယ်နဲ့ ကိုယ့် partner ကြားက … financial ကိစ္စတွေ၊ Intimacy ကိစ္စ (sex ကိစ္စ) တွေထိတောင် မနေနိုင် မထိုင်နိုင် ဝင်ပါ တာမျိူး တွေရှိတယ်။
ဒါတွေက တစ်ကြိမ်နှစ်ကြိမ်နဲ့ ဘာမှ မဖြစ်သေးပေမယ့်… အချိန်ကြာလာတာနဲ့ အမျှ ပို ပြင်းထန်လာနိုင်စေတ့ဲ Major Clash တွေ ဖြစ်ပါတယ်။
…
5)- ဆင်ခြင်တုံတရား (Intuition)
ဒီအကြောင်းက အရေးအကြီးဆုံးပဲ။
Family Background ကို ကြည့်ဖို့ လိုတယ် ဆိုပေမယ့်… ကိုယ့် လက်တွဲဖော်ရဲ့ Family Background ကောင်းခြင်း မကောင်းခြင်းက သူ့ပေါ်မှာ ရာနှုန်းပြည့် reflect ဖြစ်ပြီး ရောင်ပြန်ဟပ် နေတာတော့လည်း မဟုတ်ပြန်ဘူး။
ဒီနေရာမှာ ပညာဉာဏ်နဲ့ ဆင်ခြင်တုံတရားအကြောင်း ထည့်ပြောရပါလိမ့်မယ်။
ကျွန်တော်နဲ့ နီးနီးစပ်စပ် ဥပမာက - ကျွန်တော့်ဇာတိမြို့က အကိုတစ်ယောက်ဆိုရင်… ငယ်ငယ်က မိသားစု ဆင်းရဲတယ်၊ အဖေမရှိဘူး၊ အမေက ပညာ မတတ်ဘူး၊ သားသမီးကို သေချာ ထိန်းကျောင်းပေးနိုင်တဲ့ အမေတော့ ဖြစ်တယ်။ ပညာတော့ ကောင်းကောင်းသင်တယ်… ဘွဲ့ရ၊ ပညာတတ်…။
ဆင်းရဲရကောင်းလား၊ အဆင်မပြေရကောင်းလား ဆိုပြီး လောကကြီးကို ကန့်လန့် မတိုက်ဘူး။ ဘဝကို ဖြစ်သလို မစီးမျောဘဲ… ပဲ့ ကို ကိုယ်တိုင်ကိုင်ပြီး မောင်းနှင်တယ်…။ အလုပ်ကောင်းရတယ်… လူကောင်းတွေနဲ့ တွေ့တယ်။ ပိုပြီး တိုးတက်လာတယ်… ပိုပြီး အဆင်ပြေလာတယ်… Stable ဖြစ်လာတယ်။
ဒီနေရာမှာ… မိဘရဲ့ background ကို ပြန်ကြည့်ရင်တော့ အမေက နုံခြာတုန်း၊ အဖေက မရှိဘူး၊ family background က ယိုင်နဲ့နဲ့ရယ်…။
အသိုင်းအဝိုင်းက weak ဖြစ်ပေမယ့်… သူကိုယ်တိုင်က ဘယ်သူ့စကားမှ နားမယောင်ဘူး။ အားလုံးကပဲ သူ့စကား နားထောင်ကြသူတွေ ဖြစ်နေကြတယ်။ သူ့ရဲ့ community မှာ သူဟာ Leader ပဲ။ Alpha male တစ်ယောက်။ လူတော် လူကောင်း တစ်ယောက် ဖြစ်တယ်။
ဒီလို situation မှာဆိုရင် … family background ထက် ပိုအရေးကြီးတာ… ကိုယ့် Partner ကိုယ်တိုင်ပဲ ပြန် ဖြစ်သွားပြန်တယ်။
ပညာတတ်သူ၊ အမြော်အမြင်ရှိသူ ဖြစ်တဲ့အတွက်… သူက လူတွေရဲ့ စကားကို နားယောင်မှာ မဟုတ်ဘူး။ ဆွေမျိူးတွေ မြှောက်ထိုးပင့်ကော် ရန်တိုက်ပေးနေရင်တောင်… ကိုယ်နဲ့ သူ့ကြားက Relation ကို screwed up ဖြစ်သွားအောင် လုပ်မယ့်လူ မဟုတ်ဘူးလို့ ယုံကြည်နိုင်တယ် ဆိုရင်တော့… သူ့ အသိုင်းအဝိုင်းထက် သူကိုယ်တိုင်က main ပဲ။
စောစောက အချက် နံပါတ် (၁) က Genes အကြောင်းမှာ… ဗီဇဆိုတာ ပြောင်းလို့ မရဘူး။ ထိန်းလို့ ရမယ် လို့ ရေးခဲ့ပါတယ်။ အဲ့ဒီ bad genes တွေကို ထိန်းနိုင်တာကတော့ common sense နဲ့ ဉာဏ်ပညာပါပဲ။
ကိုယ့် Partner က common sense ကောင်းတယ်၊ အမှားအမှန်ကို ခွဲခြားတတ်သူ ဖြစ်တယ်၊ သူ့ရဲ့ family background က ကိုယ့်အတွက် ဘယ်လိုမှ လာရောက် မစွက်ဖက်နိုင်တဲ့ level တစ်ခုမှာ ရှိနေတယ် ဆိုရင်တော့… ကိုယ့်အတွက် concerned ဖြစ်စရာက သူ့ မိသားစုဝင်တွေ မဟုတ်တော့ဘူး။ သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
Telegram Channel:
Minn Khent (PYAY)
11th November 2025
Sunday at 12:00pm
No comments:
Post a Comment