Monday, November 3, 2025

Home-made Bone Broth

Collagen powder တွေမှာပိုက်ဆံကုန်မဲ့အစား ။ Home-made Bone Broth လုပ်ကြရအောင်။ Bone Broth ထဲမှာ ပါဝင်တဲ့ collagen, gelatin, amino acids များက အရိုး၊အကြောနှင့် အဆစ်များကို ထောက်ပံ့ရာမှာ အကောင်းဆုံးပါဝင်နိုင်သလို၊ ဗီတာမင်နှင့် သတ္တု ဓါတ် ဥပမာ – ကယ်စီယမ်၊ မက်ဂနီဆီယမ်များလည်း ပါဝင်သည့်အတွက်အရိုး၊ အကြောနဲ့အဆစ်ကို အားဖြည့်ပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ – ကြက်သွန်နီ, ကြက်သွန်ဖြူ,ဂျင်း, (parsley),celery ,bayleaves ,carrot ,peppercorns, ဆားအနည်းငယ်,vinegar , ရေ တို့နဲ့ ၂နာရီမှ၄နာရီအထိ မီးအေးအေးနဲ့ချက်ပေးပါ။အအေးခံပြီး broth အိတ်သို့မဟုတ် ရေခဲသေတ္တာထဲထည့်ပြီး လိုအပ်တဲ့အချိန်မှာ ပြန်ပြီးသောက်သုံးနိုင်ပါတယ်။ bone broth တစ်ခွက်မှ protein (၇–၁၀ ဂရမ်ထိ) ပါဝင်ပြီးမနက်စာမစားခင် သို့ soup base အနေနဲ့လည်းကြိုက်တဲ့protein + vegetables တွေနဲ့သုံးဆောင်လို့ရတယ်။ #bonebroth #healthyeating 

No comments:

Post a Comment