Sunday, November 9, 2025

ကိုယ့်စိတ်ရော လူရော healthy ဖြစ်ဖို့

 ကိုယ့်safe ဖြစ်တယ်ခံစားရတဲ့ နောက်ကျောလုံတဲ့ ဆက်ဆံရေး relationship အနည်းအကျဉ်းကလွဲရင်

တစ်ခြားဘာမဆို မက်မက်စက်စက် ပေါင်းချင်စရာရှိမနေတော့တဲ့ကာလတွေပါ ။
အထက်မှာရှိနေရင် ဖားမယ် အောက်ကလူကိုဆိုနင်းမယ်
level တူနေရင် ခြေထိုးခံမယ်
ရှေ့မှာ ဆိုချိုမယ် ကွယ်ရာမှာကို soutတင်းချမယ်
ကြိတ်ပြိုင်မယ် မနာလိုမယ်
ဒီ cycle ကြီးနဲ့ ထိတွေ့နေရတာ သိပ်စ်ိတ်ပျက်လာတာပဲ ..
မျက်နှာဖုံးသုံးခုတပ်ပြီး နေရတဲ့ လောကကြီးဆိုပေမယ့်
စ်ိတ်ကောင်းလေးတွေ based ထားပြီးနေလို့လည်း မြွေမကိုက်ပါဘူး ။
အာ့မို့လေ ဒို့ကတော့ ဒီနောက်ပိုင်းခံယူချက်ဟာ သူများအတွက်တော့ နည်းနည်းကန့်လန့်ဖြစ်ချင်ဖြစ်နေမယ်
ကိုယ့်အတွက်တော့သိပ်ကောင်းသွားတယ်
ကိုယ်မှန်မယ်ထင်ရင်လုပ်
ကိုယ်ပျော်ရမယ်ထင်ရင်လုပ်
ဘယ်သူ့ကိုမှ ဘယ်အကြောင်းကိုမှ ထည့်တွက်စရာမလို
ကိုယ်ကောင်းပေးနေလည်း ကိုယ့်ကို Dar နဲ့ လာစ်ိုက်နိုင်တဲ့လောကကြီးမှာ ရှင်သန်နေရတာ
ဒီလို လာထိုးစိုက်ဖို့ကလည်းကိုယ့်ဘက်က တံခါးဖွင့်ပေးလိုက်မှရတာ
အဲ့တော့ အကန့်ထားလိုက်တယ် ပေးကိုမဝင်တော့တာ
အခုဆို ဘယ်သူနဲ့ဘယ်လောက်ခင်ခင်
အရင်လို ဟီးဟီးဟီးဟီး လည်းမလုပ်တော့ဘူး
ဟာသပြောခဲ့သလိုပေါ့
စောက်ထာကြီးနဲ့နေလို့ရတယ်နော် အကုန်လုံးဆက်ဆံရေးတွေအေးစက်ကုန်မှာစိုးလို့ မျက်ခွက်ပြောင်ပြီးနေပေးနေတာဆိုသလိုလေ
ခုတော့ နိုးပါနော် အေးစက်လည်းဘာအရေးလည်း
ဘဝမှာ ချစ်ရတဲ့ safe community တစ်ခုနဲ့
အဆင်ပြေပြေချစ်ခင်နေဖို့ကလွဲရင် ကျန်တာတွေဘာဖြစ်ဖြစ် ကိုယ့်အရေးလား ?
ကိုယ်ကသဘောကောင်းပေးပြီး ဆက်ဆံရေးတစ်ခုမှ smooth ဖြစ်ပါစေ ဆိုပြီး နေပေးရင်
အဲ့လိုလူတွေကပဲခေါင်းပုတ် ဖင်ပုတ် လုပ်လာတာ
အတ္တကြီးတယ်နော် ဆိုရင် ဟုတ်တယ်
ကိုယ့်ကိုယ် ချစ်ဖို့ ကာကွယ်ဖို့ ကို သတ်သတ်ကို အတ္တကိုကြီးပေးလိုက်တော့တာ …
လူတွေဟာ ကောင်းမှန်းသိရင် ဗွေမယူတတ်မှန်းသိရင် စော်ကားဖို့ ဝန်မလေးဘူး
သူတို့ကိုယ်တိုင် သူတို့ပါးစပ်က ဒီလူဟာ အကျင့်မကောင်းပါဘူး ဒီလူဟာ ဒီcharacter ရှိလို့မကြိုက်ဘူးပြောပေမယ့် အဲ့လူကိုသူသွား ဒဲ့မညိရဲဘူး
သူသွားည်ိရင် ဟိုဘက်ကလူက သူ့ကို လုပ်ချထည့်လိုက်မှာကိုသူသ်ိနေတာကြောင့်ပါ ။
ဒါကြောင့် တချိုု့တွေ ငါကသူ့ကိုကောင်းရက်နဲ့ ငါ့ကိုကျ ဘာလို့လုပ်ရက်တာလဲ ???
အဖြေကရှင်းရှင်းလေး သင်ဟာ ကောင်းတဲ့လူမှန်းသ်ိလို့
အန္တာရယ် မဖြစ်စေတဲ့လူမှန်းသိလို့ အဲ့လိုလုပ်တာ / နင့်ကိုမို့လိုကိုလုပ်တာ ။
မြန်မာတွေထုံးစံ အရှုံးပေးနားအေးတယ်တို့
ပြန်မပြောဘူး အကြည်ဓာတ်ပျက်တယ် တို့ ..
အဲ့ဒါအပိုတွေ
လင်းဆို ဘလိုင်းကြီး လာစော်ကားနေရင် မခံဘဲ ပတ်ခနဲ ပြန်ပြောပြန်လုပ်လိုက်ရမှ စိတ်ကပေါ့ပါးပြီး
အကြည်ဓာတ်က မဟားဒရားထွက်လာတာ
အောင့်ခံလိုက်ရရင် တနေကုန်ကိုဘူတာ
(တစ်ချို့အဖတ်လုပ်စရာမလိုတဲ့ အတန်းစားတွေကတော့ neglect ပေါ့ )
လာစော်ကားလည်းမခံနဲ့ ကိုယ်လည်းစမfoul နဲ့
မှန်မှန်နေ
ထက်ထက်နေ
ပေါင်းသင့်သူကိုပေါင်း
ခွါသင့်သူကိုခွါ
ချေရမယ့်သူကိုချေ
ချေဖို့မလိုသူကို မချေနဲ့
ချစ်ရမယ့်သူကိုချစ်
အရေးကြီးတာ ကိုယ့်စိတ်ရော လူရော healthy ဖြစ်ဖို့ပဲ ။

No comments:

Post a Comment