Friday, November 7, 2025

Foundation လုပ်နေတဲ့အခါ High Intensity Interval ပြေးခြင်းမျိုးကိုတော့ ထည့်ပြီး မလေ့ကျင့်သင့်ဘူး

 

✴️ နားလည်လွယ်အောင်ပြောရင် Jogging တို့၊ Easy Run တို့ပြေးတဲ့အခါ ခန္ဓာကိုယ်က AMPK(Activated Protein Kaise) ဆိုတဲ့ ခလုတ်ကိုအလိုလိုဖွင့်ပေးတယ်။ ဒီခလုတ်ပွင့်နေရင် စွမ်းအင်ထုတ်ဖို့ အဆီတွေကိုများများလောင်ကျွမ်းပေးနိုင်တယ်။ ဒါကြောင့် အများစုက Zone2 Training ဆိုပြီး Fat Burning အတွက်ပြေးကြတာပဲဖြစ်တယ်။

✴️ နောက်တစ်နည်းကတော့ Anaerobic ပုံစံနဲ့ Speed လေ့ကျင့်တဲ့အခါမှာတော့ ခန္ဓာကိုယ်က mTOR (Mammalian Target of Rapamycin) ဆိုတဲ့ ခလုတ်ကို ဖွင့်ပေးပါတယ်။ ဒီခလုတ်ပွင့်ရင် လူမှာ ကြွက်သားတွေကြီးထွားဖို့နဲ့ ပြုပြင်ဖို့ အတွက် ဖြစ်လာစေတယ်။ ဒီအချက်ကတော့ ကြွက်သားကြီးထွားစေမှုကြောင့် ခံနိုင်ရည်ကောင်းဖို့ လေ့ကျင့်တဲ့တာဝေးသမားတွေအတွက် လုံးဝ ကိုက်ညီမှုမရှိတဲ့သဘောကိုဖြစ်စေပါတယ်။
______________________________________________

✳️ ဒါကြောင့် လူတစ်ယောက်ခံနိုင်ရည်တည်ဆောက်ဖို့ Foundation တည်ဆောက်နေတဲ့အချိန်မှာ ခံနိုင်ရည်တစ်ခုပဲလေ့ကျင့်ရင် AMPK ခလုတ်တစ်ခုပဲပွင့်မယ်။ ဒီကာလမှာ Speed ပါရောပြီးလေ့ကျင့်မယ်ဆိုရင် mTOR ခလုတ်လည်း အပိုအနေနဲ့ ထပ်ပွင့်လာမယ်။ ဆိုလိုတဲ့သဘောက Foundation ကာလမှာ ခလုတ်နှစ်ခုလုံးပွင့်နေရင် Aerobic ဖွံဖြိုးမှုကို အလွန်နှေးစေမယ်ဆိုတဲ့အချက်ကို သတိပြုရမှာပဲဖြစ်ပါတယ်။

✳️ ဒီတော့ Foundation လုပ်နေတဲ့အခါ Easy Run၊ Long Run ၊ Hill Session နဲ့ အမြင့်ဆုံး Tempo Run လောက်ထိတော့ (၈~၁၆ ပတ်) ကြာပြေးနိုင်ပါတယ်။သို့သော် ဒီကာလမှာ High Intensity Interval ပြေးခြင်းမျိုးကိုတော့ ထည့်ပြီး မလေ့ကျင့်သင့်ဘူးလို့ ဖော်ပြပေးချင်တာပဲ ဖြစ်ပါတယ်။

Freelance Runner
FOBISIA (Athletics) Coach.
Certified CECS (Level-1)
Certified Fitness Trainer.
Certified Sports Nutrition.

No comments:

Post a Comment