တယောက်နဲ့တယောက် တွေ့ဆုံမှုမှာ energy ကောင်းဖို့က အဓိက ကျတာကို ပိုပြီးသတိထားမိလာတယ်
ဒါကြောင့် ကိုယ့်နားမှာ ရှိနေတဲ့သူ ကိုယ့်အားလပ်ချိန်မှာ အချိန်ဖဲ့ပေးရတဲ့သူဟာ လုံးဝကို အေးမြစေပြီး အများကြီး မဟုတ်ရင်တောင် ပျော်ရွှင်မှု သေးသေးလေးတွေကို ဖန်တီးပေးတတ်တဲ့သူ ကိုယ့်အပေါ်မှာ အရာရာလာပြီး plus မဖြစ်ရင်တောင် ကိုယ့်ရဲ့ energy တွေ emotion တွေကို withdraw လုပ်သွားတဲ့သူ မဖြစ်စေဖို့ သိပ်အရေးကြီးတယ်
ကိုယ်တိုင်လည်း ကိုယ့်မှာ အဆင်မပြေတာတွေ စိတ်ညစ်စရာတွေ ရှိနေရင်တောင် အမြဲလိုက်ပြီး ဖွင့်ဟပြနေတာ ပြိုလဲပြနေတာတွေ မလုပ်ချင်တော့ဘူး လူတိုင်းဟာ ကိုယ်စိတ်ချယုံကြည်ရတဲ့သူရှေ့မှာဆို ဘာမဆို ပြိုလဲပြရဲတယ်ဆိုပေမဲ့ တခါတရံလောက်ပဲ ကောင်းတယ်
တတ်နိုင်သလောက် ကိုယ့်အနားမှာ ရှိနေတဲ့သူ ကိုယ်နဲ့တွေ့ရတဲ့သူကို စိတ်အေးချမ်းစေတဲ့ ပျော်ရွှင်ရယ်မောစေတဲ့ vibe မျိုးလေးပဲ ပေးမယ်
နွေးထွေးတဲ့ ဂရုစိုက်မှု အသေးအမွှားလေးတွေကအစ ဘယ်လောက် ပတ်သတ်မှု အတိုင်းအတာပဲရှိရှိ ကိုယ်နဲ့ဆိုရင် စိတ်ချလုံခြုံမှုကို ခံစားရတယ်ဆိုတဲ့ ယုံကြည်မှုကိုပဲ ပေးဖို့ ကြိုးစားမယ်
လူတိုင်းမှာ မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေ ကိုယ်စီနဲ့ မဟုတ်လား ကိုယ့်ကို attached ဖြစ်လို့ ကိုယ့်အနားရောက်လာတဲ့သူ အချင်းချင်းမှ မကုစားပေးရင် ဘယ်သူက ဒီမွန်းကြပ်မှုတွေကို ဖြေသာစေမှာလဲ 

sakura 
No comments:
Post a Comment