Monday, November 17, 2025

တော်လှန်ရေးတပ်ဖွဲ့‌တွေ အတွက်ပါသင်ခန်းစာ ယူရမယ့်အရာ

 မင်းပြင် မိုးလေဝသရေဒါစခန်းမှာ စခတွေ ဓါတ်ပုံရိုက်ဖို့ တန်းစီပို့စ်ပေးနေတုန်း အတီးခံလိုက်ရတာက ကနဦး သတင်းတွေမှာ ဖော်ပြထားသလို AA ကနေ လက်နက်ကြီးနဲ့ ပစ်ခဲ့တာမဟုတ်ပဲ ဒရုန်းနဲ့ ဗုံးသီးပစ်ချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ရခိုင်ပြည်နယ် သတင်းတွေနဲ့ ပတ်သက်လာရင် ပိုပြီး reliable ဖြစ်တဲ့ Narinjara မှာလည်း ဒရုန်းအသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗီဒီယိုမှာဆိုရင်လည်း စခတွေ ထိသွားပြီးတဲ့နောက် လက်နက်ကြီး တစ်ခုခုထိမှန်ပြီး ကျန်ခဲ့တဲ့ crater, ကျင်း မရှိတာကို တွေ့ရမှာပါ။ ဒါ့အပြင် ထပ်မံထွက်ပေါ်လာတဲ့ ဗီဒီယိုမှာဆိုရင်လည်း ရေဒါစခန်းထဲရှိ စခတွေကို AA ကနေ ဒရုန်းဗုံးသီးပစ်ချပြီး တိုက်ခိုက်နေတာတွေကို ပိုပြီး သေသေချာချာ တွေ့ထားရပါတယ်။

ဒီကာလအတွင်း စကမဘက်က အသာရနေတဲ့ သတင်းတွေကြား သူတို့တွေ အခုလိုအထိနာရတာ ကျေနပ်အားရစရာ ဆိုပေမယ့် အယောက် 20 နီးပါး ထိခိုက်ကျဆုံးတယ်ဆိုတာ စစ်မှုထမ်းအတင်းအကြပ်စုဆောင်းနေတဲ့ စကမ အတွက် ပြောပလောက်တဲ့ ဆုံးရှူံးမှုမျိုးတော့ မဟုတ်သေးပါဘူး။

ဒီဖြစ်ရပ်က တော်လှန်ရေးတပ်ဖွဲ့‌တွေ အတွက်ပါသင်ခန်းစာ ယူရမယ့်အရာ ဖြစ်ပါတယ်။ စခန်းတစ်ခုသိမ်းပြီး နယ်မြေရှင်းလင်းရေးလုပ်‌ပြီးပြီ perimeter secured ဆိုပေမယ့် သတိပေါ့လို့မရသေးပဲ ရန်သူဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှု အန္တရာယ်က ရှိနေနိုင်ပါသေးတယ်။ (တော်လှန်ရေးတပ်ဖွဲ့တွေက လေကြောင်းရန်ကို အမြဲသတိထားနေရတာဆိုတော့ ဒီလို ကိစ္စတွေအတွက် ပြင်ဆင်ထားပြီးသားတော့ ဖြစ်နိုင်ပါတယ်)။ ဒရုန်းတွေကို တန်ပြန်ဖို့ လက်နက်ကိရိယာ C-UAS solution တွေ အင်အားနည်းတာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အားနည်းချက်ပေါ့လေ။

ပြောပြီးသားထပ်ပြောရမယ်ဆိုရင်တော့ စစ်ဆင်ရေးဧရိယာအတွင်းက ရန်သူ drone team ကို supress မလုပ်နိုင်ဘူးဆိုရင် ဘာလုပ်လုပ် အထိနာဖို့ များနိုင်ပါတယ်။

Tactical Raptor
Raptorone

No comments:

Post a Comment