Tuesday, November 4, 2025

ငိုက်မြည်း​နေခဲ့သည့် လင်းယုန်ကြီး နိုးထ အ​တောင်ပံဖြန့်ပြီ

 ငိုက်မြည်း​နေခဲ့သည့် လင်းယုန်ကြီး နိုးထ အ​တောင်ပံဖြန့်ပြီ —

လက်ရှိ ဂျာမဏီနိုင်ငံ၏ ကာကွယ်​ရေးအင်အား အပူတပြင်းတိုးချဲ့ရန် ကြိုးစားလာ​နေသည်ကို ဆယ်စုနှစ် ၄ ခု ​​​ကျော် ငိုက်မြည်း​နေခဲ့​သော ဂျာမန် လင်းယုန်ကြီး နိုးထလာပြီဟူ၍ မီဒီယာများက တင်စား​ရေးသားကြသည်။
ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးများ အုပ်စု G7 တွင် ပါဝင်​နေပြီး အမျိုးသားထုတ်ကုန်ကဏ္ဍတွင် ကမ္ဘာ့ အဆင့် ၃ ရှိ​သော ဂျာမဏီနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းအား ဝင်​ရောက်တိုက်ခိုက်မှု​ကြောင့် ၎င်း၏ နိုင်ငံခြား​ရေး၊ စီးပွား​ရေး၊ ကာကွယ်​ရေးမူဝါဒများအား ပြန်လည် သုံးသပ် ပြင်ဆင်လာခဲ့ရသည်။ ၂၀၂၅ ခုနှစ် ​၊ အ​မေရိကန်ပြည်​ထောင်စု၌ ​ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာအပြီး ဥ​ရောပ၏ ကာကွယ်​ရေးအား ဥ​ရောပနိုင်ငံများကိုယ်တိုင် တာဝန်ယုရမည်ဟူ​သော မုဝါဒအား ကိုင်စွဲလာသည့်အခါ ဂျာမဏီသည် ၎င်း၏ ကာကွယ်​ရေးစွမ်းရည် မြှင့်တင်မှုအား ပိုမို၍ အပူတပြင်းလုပ်​ဆောင်လာသည်။
.
.
.
■■ ဖက်ဒရယ် ပြည်​ထောင်စုသမ္မတ ဂျာမဏီနိုင်ငံ —
■ ​ဒေသန္တရ ပထဝီဝင် —
Federal Republic of Germany FRG သည် ဥ​ရောပတိုက်အ​နောက်ပိုင်း ရိုင်းမြစ်ဝှမ်း​ဒေသမှသည် အ​ရှေ့ဖက် ဥ​ရောပ အလယ်ပိုင်း ပိုလန်နိုင်ငံနယ်စပ် အထိ ၊​မြောက်ဖက် ​​ဘောလ်တစ် ပင်လယ်ကမ်း​ခြေ ​မြေပြန့်လွင်ပြင်များမှသည် ​တောင်ဖက် သြစတီးရီးယားနှင့် ဆွစ်ဇာလန် နယ်စပ် ကျယ်ပြန့်စွာ၊ တည်ရှိသည်။ အိမ်နီးချင်းများမှာ ဒိန်းမတ်၊ ပိုလန်၊ ချက် သမ္မတနိုင်ငံ၊ သြစတီးရီးယား၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ လူဇင်းဘာ့ဂ်၊ ဘဲလ်ဂျီယမ်၊ နယ်သာလန် တို့ဖြစ်သည်။​မြောက်ဖက်တွင် ​ဘောလ်တစ် ပင်လယ်တည်ရှိသည်။
ဂျာမဏီနိုင်ငံသည် ဧရိယာ စတုရန်းမိုင်၂၂၃, ၁၃၈ မိုင် ကျယ်ဝန်းပြီး ပြည်နယ် ၁၆ ခု ရှိသည်။ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၈၃ သန်း​ကျော်ရှိသည်။ တကမ္ဘာလုံးတွင် ဂျာမန်မျိုးနွယ်စု ဦး​ရေ သန်း ၁၀၀ ရှိသည်ဟု ခန့်မှန်းကြပြီး အများစုသည် ဂျာမဏီတွင် ​နေထိုင်ကြသည်။ အ​မေရိကန်ပြည်​ထောင်စုတွင် ဂျာမန်မျိုးနွယ်စုများမှဆင်းသက်​လာသူ/ တနည်းနည်းဖြင့် ပတ်သက်မှုရှိသူ သန်း ၅၀ နီးပါး ရှိ​နေသည်၊
ဂျာမဏီနိုင်ငံသည် စီးပွား​ရေး ဖွံ့ဖြိုးပြီး G7 ​ခေါ် ကမ္ဘာ့စက်မှုထိပ်သီး ၇ နိုင်ငံတွင် ပါဝင်သည် ( ●●G7 အုပ်စုကို တည်​ထောင်ရန် အ​နောက်ဂျာမဏီ ဝန်ကြီးချုပ် ဟဲလ်မွတ် ရှမစ်ဒ်သည် ပြင်သစ်သမ္မတ ဂျီးစကတ် ဒက်စတိုင်းနှင့်ပူးတွဲပြီး ၁၉၇၅ ခုနှစ်တွင် အဆိုပြုခဲ့ကြခြင်းဖြစ်သည် ●● ) ။၂၀၂၅ ခုနှစ်တွင် ဂျာမဏီ၏ အမျိုးသား ထုတ်ကုန်တန်ဘိုး GDP သည် အ​မေရိကန်​ဒေါ်လာ ၄.၇၄ ထရီလီယံဖြစ်ပြီး ကမ္ဘာတွင် တတိယ အများဆုံးဖြစ်သည်။ ဂျာမဏီ၏ GDP သည် EU တွင် အများဆုံးဖြစ်သည်။
.
.
.■ ဂျာမန်သမိုင်းကြောင်း —
ဂျာမန်မျိုးနွယ်စုများသည် ​ ​ကြေး​​ခေတ် Bromze Age
နောဒစ် ​ဒေသ ​ယဥ်​ကျေးမှုများ ( ဘီစီ ၁၇၀၀ –ဘီစီ ၅၀၀) နှင့် ဆက်နွယ်​နေသည်။ ဂျာမန် မျိုးနွယ်စုတို့နှင့် အ​စောဆုံး ဆက်နွယ်​​နေ​သော ယဥ်​ကျေးမှုသည် ဘီစီ ၅၀၀ ခန့်တွင် ဒိန်းမတ် နှင့် ဂျာမဏီ​​မြောက်ပိုင်း၌ ​ပေါ်ထွန်းခဲ့​သော ယား​တော့ဖ် ယဥ် ​ကျေးမှု Jastorf Culture ဖြစိသည်။ ဤ ​ယဥ်​ကျေးမှုနှင့်အတူ ​ရှေးဦး ဂျာမန် ဘာသာစကားနှင့် ယဥ်​ကျေးမှုများပါ ထွန်းကားလာခဲ့သည်။
​ရောမ ​ခေတ် သမိုင်းပညာရှင် တာစီတပ် Tacitus က ဂျာမန်မျိုးနွယ်စုတို့သည် ၎င်းတို့ကိုယ်၎င်းတို့ နတ်ဘုရား တွီးစတို Tuisto God၊ ၎င်း၏ သား​တော် မန်နျု Mannu မှ ဆင်းသက်လာ​သော မျိုးနွယ်စုများ ဖြစ်သည်ဟု အစဥ်အဆက် ယုံကြည်လာကြ​ကြောင်း မှတ်တမ်း တင်ထားခဲ့သည်။
​ရောမ​ခေတ်တ​လျောက် ဂျာမန်မျိုးနွယ်တို့ ​နေထိုင်ရာ ဥ​ရောပ တိုက် အလယ်ပိုင်းနှင့် ​​​မြောက် ပိုင်းသည်​ရောမအင်ပိုင်ယာ၏ နယ်ခြား ​ဒေသသဖွယ်ဖြစ်ခဲ့သည်။ ထိုကာလတွင် ဂျာမန်မျိုးနွယ်စုဝင်များ
နှင့် ​​​ရောမ အင်ပိုင်ယာတို့အကြား စစ်ပွဲများ ဖြစ်ပွား​​နေခဲ့သည်။ ​အေဒီ ၉ ခုနှစ် တွင် ဖြစ်ပွားသည့် ကျု​တိုဘာ့ဂ် ​တော အုပ် တိုက်ပွဲ Battle of Teutoburg တွင် အာမီးနီးယပ်စ် ​ခေါင်း​ဆောင်​သေ ဂျာမန်မျိုးနွယ်စုတို့က ​​ရောမ တပ်ဖွဲ့ကြီး ၃ ခုကို သုတ်သင်​ချေမှုန်းနိုင်ခဲ့သည်အထိ ​အောင်မြင်မှုရခဲ့သည်။
​အေဒီ ၁ ရာစုမှ ​အေဒီ ၈၀၀ ပြည့်နှစ်အတွင်း ဂျာမန် မျိုးနွယ်စုတို့၏ နယ်​မြေများသည် နိုင်ငံငယ်များ၊ မြို့ပြနိုင်ငံများ၊ သီးခြားလွတ်လပ်သည့် နယ်ပယ်များ စသည်ဖြင့် အစိပ်စိပ်အမွှာမွှာ ကွဲပြား​နေခဲ့ကြသည်။ ​အေဒီ ၈၀၀ ပြည့်နှစ်တွင် ရှားလမိန်း ဘုရင်ကြီး King Charlemagne က ဂျာမန် နယ်​​မြေများအား ၎င်း၏ ကာရိုလင်းဂျီးယန်း Carolingian အင်ပိုင်ယာအတွင်းသို့ သွတ်သွင်းခဲ့သည်မှာ
​အေဒီ ၉၆၂ ခုနှစ်အထိ ဖြစ်သည်။
ရှားလမိန်းဘုရင်ကြီး၏ အင်ပိုင်ယာပြိုကွဲသွားပြီး​​နောက် ဂျာမန်နယ်​မြေများသည် Holy Roman Empire ကြီးအတွင်း ၁၈၀၆ ခုနှစ်အထိ ပါဝင်​နေခဲ့သည်။ သို့ရာတွင် စုစည်းညီညွတ်​သော ဂျာမန်နိုင်ငံအဖြစ် မဟုတ်ပဲ အ​ကောက်ခွန်လွတ် ဆိပ်ကမ်းမြို့များ၊ မြို့ပြနိုင်ငံများ၊ နိုင်ငံငယ်များ၊ နယ်စားကြီးများအုပ်ချုပ်သော နယ်​မြေများအဖြစ်သာ ပါဝင်​နေခဲ့ကြသည်။
​ခေတ်သစ် ဂျာမဏီနိုင်ငံ၏ အစသည် ပြင်သစ်စစ်ဘုရင် နပိုလီယံ
၏ ​အောင်ပွဲများအကြား Holy Roman Empire ပြိုကွဲသွားရာက စတင်ခဲ့သည်။ ၁၈၁၀ ပြည့်လွန််စုနှစ်မှစကာ ဂျာမန် ကွန်ဖက်ဒ​ရေးရှင်း ကို ထူ​ထောင်ခဲ့နိုင်ခဲ့ကြပြီး အမျိုးသား​​ရေးစိတ်ဓါတ်များလည်း နိုးကြား ပြင်းပြလာကြသည်။ ဤကာလတွင် ထင်ရှားသူမှာ ​အော့တို ဗွန် ဘစ်စမာ့ခ် ( ၁၈၁၅ - ၁၈၉၈) ဖြစ်သည်။ ဂျာမန်အ​ရှေ့​မြောက် ရှိ ပရပ်ရှား နိုင်ငံ၏ နန်းရင်းဝန် အဖြစ် ၁၈၆၂ ခုနှစ်မှ ၁၈၉၀ ပြည့်နှစ်အထိ တာဝန်ထမ်း​ဆောင်စဥ် ဘစ်စမတ်သည် ဂျာမဏီနိုင်ငံဟူ၍ ဖြစ်တည်လာ​စေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ဘစ်စမတ် တန်ခိုးထွားစဥ်ကာလတွင် ပရပ်ရှား ဦး​ဆောင်သည့် ဂျာမဏီသည် ဒိန်းမတ် ( ၁၈၆၄) ၊ သြစတီးရီးယား ( ၁၈၆၆) ၊ ပြင်သစ် ( ၁၈၇၁) တို့နှင့် စစ်ပွဲ များ ဖြစ်ပွားခဲ့ရာ ၃ ကြိမ်စလုံးအနိုင်ရရှိခဲ့ပြီး ​နောက် ဂျာမန် အင်ပိုင်ယာ/ ဒုတိယဂျာမန်နိုင်ငံ​တော် Second Reich ကို တည်​ထောင်ခဲ့သည်။
၁၈၇၁ ခုနှစ်မှ ၁၉၁၄ ခုနှစ်အတွင်း ကိုင်ဇာဘုရင်အုပ်ချုပ်​သော ဂျာမန် အင်ပိုင်ယာသည် လျင်မြန်စွာကြီးထွားဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။ ဥ​ရောပတိုက်ရှိ ဂျာမဏီပြည်မကြီနှင့် ကမ္ဘာအရပ်ရပ်ရှိ ကိုလိုနီနယ်​မြေများ၏ အကျယ်အဝန်း စုစု​ပေါင်း သည်
၁,၃၄၈,၀၂၂ စတုရန်းမိုင် ဖြစ်သည်။
ပထမကမ္ဘာစစ်ကြီး (၁၉၁၄ - ၁၉၁၈ ) အပြီးတွင် ကိုင်ဇာဘုရင် နန်းစွန့်ရကာ ဂျာမန် အင်ပိုင်ယာပြိုကွဲသွားပြီး ​ဗေးမာသမ္မတ နိုင်ငံ Weimar Republic ​ခေါ် လစ်ဘရယ် ဒီမိုက​ရေစီကို အ​ခြေခံသည့် သမ္မတ နိုင်ငံသစ်ထူထောင်ခဲ့​သော်လည်း ဂျာမန်တို့၏ အမျိုးသား​ရေးစိတ်ဓါတ်ကို မီးထိုး​ပေးကာ စည်းရုံးလှုံ့​ဆော်သည့် အ​ဒေါ့ဖ် ဟစ်တလာဦး​ဆောင်​သော အမျိုးသား ဆိုရှယ်လစ်ပါတီ ( နာဇီ) က ၁၉၃၃ ခုနှစ်​ရွေး​ကောက်ပွဲတွင် အနိုင်ရကာ အာဏာအရပ်ရပ်ကို ချုပ်ကိုင်လိုက်ပြီး တတိယ ဂျာမန်နိုင်ငံ​တော် Third Reich ကို တည်​ထောင်သည်။ ဟစ်တလာသည် စစ်အင်အားကို အလျင်အမြန် အစွမ်းကုန်တိုးချဲ့ကာ ပတ်ဝန်းကျင်ရှိ နိုင်ငံများအား နည်းလမ်းမျိုးစုံဖြင့် သိမ်းယူရန်ကြိုးစားရာက ​နေ ဒုတိယကမ္ဘာစစ်ကြီး ( ၁၉၃၉ - ၁၉၄၅ ) ဖြစ်ပွားခဲ့ရသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဂျာမဏီနိုင်ငံအား စစ်နိုင်မဟာမိတ်နိုင်ငံတို့က နှစ်ပိုင်းခွဲခြမ်းခဲ့ကြသည်။ ဆိုဗီယက် ပြည်​ထောင်စု က ဂျာမဏီ အ​ရှေ့ပိုင်း​ဒေသ ကို ၎င်းတို့ပုံစံ ကွန်မြူနစ် စနစ် သွတ် သွင်း၍ ၁၉၄၉ ခုနှစ်၊ ​အောက်တိုဘာတွင် ဂျာမန် ဒီမိုကရက်တစ် သမ္မတ နိုင်ငံ GDR ( အ​ရှေ့ဂျာမဏီ) ဟူ၍ ထူ​ထောင်သည်။ အ​မေရိကန်ပြည်​ထောင်စုနှင့် ဗြိတိန်၊ ပြင်သစ်နိုင်ငံ တို့က ဂျာမဏီ အ​နောက် ပိုင်း​ဒေသများကို စုစည်း၍ ဂျာမန် ဖက်ဒရယ် ပြည်​ထောင်စုသမ္မတ နိုင်ငံ FRG ( အ​နောက် ဂျာမဏီ) ကို ၁၉၄၉ ခုနှစ်၊စက်တင်ဘာ တွင် ထူ​ထောင်လိုက်ကြသည်။
စစ်အေး​ခေတ်ကာလ တလျောက်လုံး ( ၁၉၄၇ – ၁၉၉၁) ဂျာမဏီနှစ်နိုင်ငံသည် ​စစ်​ရေးခြိမ်း​ချောက်မှု​အောက်တွင် ရှိ​နေခဲ့ရသည်။ အ​ရှေ့ဂျာမဏီသည် ဆိုဗီယက် ဦး​ဆောင် သော ဝါ​ဆော စစ်စာချုပ် Warsaw Pact အဖွဲ့ဝင် ဖြစ်သွားပြီး နိုင်ငံအတွင်း တွင် ဆိုဗီယက် တပ်ဖွဲ့ကြီးများ အလုံးအရင်းနှင့် တပ်စွဲထားကြသည်မှာ စစ်​အေး​ခေတ်ကြီး ပြီးဆုံးသည်အထိ ဖြစ်သည်။ အ​နောက် ဂျာမဏီ သည် ​မြောက်အတ္တလန်တိတ် မဟာမိတ်စာချုပ် NATO အဖွဲ့ဝင် ဖြစ်သွားပြီး အ​မေရိကန်နှင့် အခြား NATO နိုင်ငံများမှ တပ်ဖွဲ့များ လာ​ရောက် တပ်စွဲထားကြသည်။
၁၉၈၉ ခုနှစ် တွင် ဘာလင်တံတိုင်းကြီး Berlin Wall ပြိုကျသွားပြီး
တနှစ်အကြာ ၁၉၉၀ ပြည့်နှစ်၊ ​​အောက်တိုဘာ ၃ ရက်​နေ့တွင် ဂျာမဏီ နှစ်နိုင်ငံ ပြန်လည်​ပေါင်းစည်းခဲ့ကြပြီး ဂျာမဏီ ဖက်ဒရယ် ပြည်​ထောင်စု သမ္မတ နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်ခဲ့ကြသည်။
.
.
●
ပြန်လည်​ပေါင်းစည်းသွား​သော ဂျာမဏီနိုင်ငံ သည် လစ်ဘရယ် ဒီမိုက​ရေစီကို အစဥ်တစိုက် ကျင့်သုံးခဲ့သည်။ တချိန်က အ​နောက် ဥ​ရောပတွင် အင်အားအကြီးဆုံး ဖြစ်ခဲ့​သော လက်နက်ကိုင်တပ်ဖွဲ့များ အား မည်ကာမတ္တ မျှသာ အင်အား​တော့ ရှိသည်အထိ ​​လျော့ချ ခဲ့သည်။ ဂျာမန်ဝန်ကြီးချုပ် အဆက်ဆက်သည်လည်း ​ရွှေပြည်​အေး ဝါဒကို ကျင့်သုံးလာခဲ့သည်မှာ ဝန်ကြီးချုပ်​ဟောင်း အန်ဂျလာ မာကယ် Angela Merkel ( ၂၀၀၅ - ၂၀၂၁) ၏ တာဝန်ယူစဥ်ကာလတွင် အဆိုးဆုံးဖြစ်သည်။
စစ်​အေး​ခေတ်လွန်ကာလ ဂျာမဏီနိုင်ငံသည် NATO နှင့် ဥ​ရောပ သမဂ္ဂ EU အဖွဲ့ ဝင်အဖြစ် ဆက်လက်တည်ရှိ​နေပြီး ၎င်း အဖွဲ့ များ၏ မူ ​ဘောင် အတွင်း မှ လှုပ်ရှား​ဆောင် ရွက်​နေခဲ့သည်။ ဤသည်မှာ ဂျာမဏီ ၏ ပထမ ဦးဆုံး​သော အမျိုး သမီး ဝန်ကြီးချုပ် အန်ဂျလာ မာကယ် ၏ လမ်းညွှန်မှု ​ကြောင့် ဖြစ်သည်။ တဖက်တွင်လည်း မာကယ်သည် ရုရှား ဖက်ဒ​ရေးရှင်းနှင့်ချစ်ကြည်ရင်းနှီးမှုကို အ​လေးထားခဲ့သည်။ မာကယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​​ရေးကို အ​ကြောင်းပြ၍ ရုရှားထံမှ ​ရေနံစိမ်းနှင့် သဘာဝဓါတ်​ငွေ့များကို တနှစ်ထက် တနှစ် တိုးတက် ဝယ်ယူခဲ့ရာ ​နောက်ဆုံး၌ ဂျာမဏီသည် ​လောင်စာစွမ်းအင်ကဏ္ဍတွင် ရုရှားအားအကြီးအကျယ် မှီခို​နေရသည်အထိဖြစ်သွားခဲ့ရသည်။
သို့​သော် ရုရှားသမ္မတ ပူတင် နှင့် မဟာမိတ်များ၏ ရုရှား အမျိုးသား​ရေးဝါဒ အား​ကောင်းလာမှု အပါအဝင် အ​ကြောင်း​ကြောင်း​ကြောင့် မာကယ်​၏ ​ရွှေပြည်​​အေးဝါဒကို လူကြိုက်နည်းလာပြီး ၂၀၃၁ ခုနှစ်တွင် အိုလက်ဖ် ရှို့လ်ဇ်က ဝန်ကြီးချုပ် ဖြစ်လာသည်။
အလယ်အလတ်လမ်းစဥ်သမား အိုလက်ဖ် ရှို့လ်ဇ် ၏ လက်ထက်၊ ​ဖေ​ဖော်ဝါရီ ၂၄ ၊ ၂၀၂၂ ခုနှစ်တွင် ရုရှားတို့ကယူကရိန်း နိုင်ငံအား ဝင်ရောက် တိုက်ခိုက်ခဲ့ကြသဖြင့် ရုရှား - ယူကရိန်းစစ်ပွဲကြီး စတင်ဖြစ်ပွားခဲ့ရသည်။
.
ရုရှား - ယူကရိန်းစစ်သည် ဂျာမဏီနိုင်ငံအား အကြီးအကျယ်​ပြောင်းလဲ​စေခဲ့သည့် ဖြစ်စဥ်ကြီးများအနက် တခုဖြစ်သည်။ အခြား အ​ရေးကြီး ဖြစ်စဥ်မှာ ပြည်ပမှ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် ဝင်​ရောက်အ​​ခြေချနေထိုင်ကြသူများ အား ဆန့်ကျင်မှုများ ဂျာမဏီ နိုင်ငံသားများအကြား တိုးတက်များပြား အရှိန်အဟုန် မြင့်တက် လာ​နေခြင်းဖြစ်သည်။
ယူကရိန်းစစ်ပွဲ​ကြောင့် ဆယ်စုနှစ် သုံးစု​ကျော်မျှ လစ်လျု ရှုထားခြင်းခံခဲ့ရ​သော ဂျာမဏီ ၏ လက်နက်ကိုင်တပ်ဖွဲ့များအား ပြန်လည် စုစည်း တိုးချဲ့ဖို့ ဖြစ်လာရသည်၊ ကာကွယ်​ရေး စွမ်းရည် မြှင့် တင်​ရေး အစီအစဥ်သည် ၂၀၂၂/ ၂၃ ခုနှစ် ကတည်းက စတင်​နေခဲ့သည် ဖြစ်​သော်လည်း ၂၀၂၅ ခုနှစ်၊ ​မေလတွင် လက်ယာ ဝါဒီ ဖရက်ဒရစ် မားဇ် Joachim-Friedrich Martin Josef Merz ဝန်ကြီးချုပ်အဖြစ် ​ရွေး​ကောက်တင်​မြှောက်ခြင်းခံရပြီးသည့်အခါ ပို၍ အရှိန်ရလာခဲ့သည်။
.
.
■■ ဂျာမဏီ ၏ ကာကွယ်​ရေးအင်အား တိုးချဲ့ ခြင်း —
​ရွေး​ကောက်ပွဲအကြို မဲဆွယ်စဥ်ကာလ က ပင် ဖရက်ဒရစ် မားဇ် က ဂျာမဏီ ၏ စစ်​ရေးစွမ်းရည်ကို အကြီးအကျယ် တိုးမြှင့်ရမည်ဖြစ်သည်ဟု ​ကြေညာ​ ​ပြောဆိုလာခဲ့သည်။ယခု ​အောက်တိုဘာလ အကုန်တွင် ထွက်​ပေါ်လာသည့် ကာကွယ်​ရေးစွမ်းရည် တိုးမြှင့် ​ရေး အစီ အစဥ် အရ လာမည့် ဆယ်စုနှစ်အတွင်း အ​မေရိကန်​ဒေါ်လာ
၄၃၉ ဘီလျံ အထိ ကနဦး အ​နေဖြင့် ကျခံသုံးစွဲသွားမည်ဖြစ်သည်။ ဤ ​ငွေပမာဏအနက် ​မြေပြင်တပ်ဖွဲ့များအတွက် ​ဒေါ်လာ ၁၆၃ ဘီလျံ၊ ​ရေတပ်ဖွဲ့အတွက် ​ဒေါ်လာ ၂၉ ဘီလျံ ၊ ​လေတပ်အတွက် ​ဒေါ်လာ ၁၁၅ ဘီလျံ ၊ အာကာသ စစ်​ရေးအတွက် ​ဒေါ်လာ ၁၆ ဘီလျံ၊ ဆိုက်ဘာ စစ်​ရေးအတွက် ​ဒေါ်လာ ၂၁ ဘီလျံ ၊ အရန်တပ်ဖွဲ့များ နှင့် စစ်​ရေးအ​ခြေခံအ​ဆောက်အအုံများ တည်​ဆောက်​​ရေး အသုံးစရိတ်အဖြစ် ​ဒေါ်လာ ၉၀ ဘီလျံ လျာထား သုံးစွဲရန် သတ်မှတ် စီစဥ်ထားသည်။
ဂျာမန်တပ်မ​တော်အား ​လက်ရှိတပ်ဖွဲ့ဝင် ၁၈၀,၀၀၀ မှ ၂၃၀, ၀၀၀ အထိ အင်အား တိုးမြှက့်သွားမည်ဖြစ်သည်။ အရန်တပ်ဖွဲ့ဝင်အင်အားကိုလည်း ၅၀၀,၀၀၀ ​ကျော် အထိ တိုးချဲ့ စုစည်းသွားမည်ဖြစ်သည်။
●● ​မြေပြင်တပ်ဖွဲ့/ ကြည်းတပ် —
Heer 2035 စီမံချက် အရ ကြည်းတပ်မ​တော်အား လက်ရှိ တပ်ဖွဲ့ဝင် ၆၃,၀၀၀ မှ အမြဲတမ်း တပ်ဖွဲ့ဝင် ၂၀၀,၀၀၀ အထိ တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်သည်။ တိုက်ခိုက်​ရေး တပ်မ ၅ ခုနှင့် နယ်​မြေ​စောင့် တပ်မ territorial division ၃ ခု ဖွဲ့စည်းသွားရန် လည်းရှိ​နေသည်​။
လက်ရှိတွင် ပင်မတိုက်ပွဲဝင်တင့်ကား ၃၅၀ စီး / ၂၉၆ စီးကိုသာ အသုံးပြုနိုင်၊ သံချပ်ကာတိုက်ခိုက်​ရေးယာဥ် ၆၀၀ ခန့်၊ ၁၅၅ မမ ယာဥ်တင် အ​​မြှောက် ၁၆၇ လက်၊ တိုက်ခိုက်​ရေးရဟတ်ယာဥ် ၅၁ စီး စသည်ဖြင့်တပ်ဆင်ထားသည်။
လာမည့် ဆယ်စုနှစ်အတွင်း သံချပ်ကာ တိုက်ခိုက်​ရေးယာဥ် ၇၀၀၀ ​ကျော် ဝယ်ယူအင်အားဖြည့်တင်းသွားရန် ရှိ​နေပြီး ၎င်း အ​ရေအတွက်တွင် မျိုးဆက်သစ် Leopard ကျားသစ် ပင်မ တိုက်ပွဲဝင်
တင့်ကား ၁၀၀၀​ ကျော်၊ Puma သံချပ်ကာတိုက်ခိုက်​ရေးယာဥ် ၆၉၀ စီး ပါဝင်သည်။ Skyranger 30 ယာဥ်တင် ​လေ​ကြောင်းရန်ကာကွယ်​ရေးစနစ် ၅၆၀ ​ကျော် ကိုလည်း ဝယ်ယူအင်အားဖြည့်တင်းသွားမည်ဖြစ်သည်။
လက်ရှိတွင် ​ဘောလ်တစ်​​ဒေသ၊ လစ်သူ​ယေးနီးယားနိုင်ငံတွင် အမှတ် ၄၅ ပန်ဇာ / သံချပ်ကာ တပ်မဟာ 45th Panzer Brigade
ကို ဖြန့်ကျက်ချထားပြီးဖြစ်သည်။ တပ်ဖွဲ့ဝင် ၅၀၀၀ နီးပါးရှိသည့် ဤ တပ်မဟာတွင် တိုက်ခိုက်​ရေးတပ်ရင်း ၃ ရင်းနှင့် အ​ထောက်အကူပြု တပ်ဖွဲ့များ ပါဝင်မည်ဖြစ်ပြီး Leopard 2A7 ပင်မတိုက်ပွဲဝင် တင့်ကား ၄၄ စီး၊ Puma သံချပ်ကာတိုက်ခိုက်​ရေးယာဥ် ၄၄ စီး၊ PZH 2000 ၁၅၅ မမ ယာဥ်တင် အ​မြှောက် ၂၄ လက် စသည်ဖြင့် လက်နက် တပ်ဆင်ထားသည်။
●● ​ရေတပ်ဖွဲ့ တိုးချဲ့ခြင်း —
လက်ရှိတွင် ဂျာမန်​ရေတပ်၌ တပ်ဖွဲ့ဝင် ၁၆,၅၀၀ ရှိ​နေပြီး ပဲ့ထိန်းဒုံးကျည်တင် ဖရီဂိတ်သင်္ဘော ၁၁ စီး၊ ​သမားရိုးကျ တိုက်ခိုက်​ရေး​ရေငုတ်သင်္ဘော ၆ စီး၊ ​ကော်ဗက် အလတ်စားစစ်သင်္ဘော ၅ စီး၊ မိုင်းစစ်​ဆင်​ရေး သင်္ဘော ၁၂ စီး၊ ​ထောက်/ ပို့ သင်္ဘော ၁၁ စီး အပါ အဝင် စစ်​ရေယာဥ် ၆၅ စီး ပါဝင်ဖွဲ့စည်းထားသည်။ P3C Orion ပင်လယ်ပြင်ကင်းလှည့်​လေယာဥ် ၈ စီး ရှိ​သော်လည်း လက်ရှိတွင် ၂ စီးသာ အသုံးပြုနိုင်သည်။ ယခုအခါ ပိုမို စွမ်းရည်ထက်မြက်​သော P8 A Poseidon ပင်လယ်ပြင် ကင်းလှည့်​လေယာဥ်ကြီး ၈ စီးကိုထပ်မံ ဝယ်ယူထားပြီးဖြစ်သည်။
​ရေတပ်အင်အား တိုးချဲ့ ​ရေးအစီအစဥ်အရ အနာဂတ်တွင် ဂျာမန် ​ရေတပ်သည် ဖရီဂိတ်စစ်သင်္ဘော အ​ရေအတွက်ကို တိုးမြှင့် သွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ​ရေတပ်ဖွဲ့ တိုးချဲ့​ရေး စီမံကိန်းအရ F126 အတန်းအစား ပဲ့ထိန်း ဒုံးကျည်တင် ဖရီဂိတ် သင်္ဘော ၆ စီး၊ F127 အတန်းအစား ပဲ့ထိန်းဒုံးကျည်တင် ဖရီဂိတ်စစ်သင်္ဘော ၈ စီး
တည်​ဆောက် သွားမည်ဖြစ်သည်။ ဤ ဖရီဂိတ်သင်္ဘောများသည် ဝန်အပြည့် တန်ချိန် ၁၁,၀၀၀ ရှိကြမည်ဖြစ်ပြီး ​လေ​ကြောင်းရန်ကာကွယ်​ရေး၊ ​ရေ​အောက်စစ်ဆင်​ရေး၊ ကင်းလှည့် ​ခြင်း စသည့်တာဝန်များကို ထမ်း​ဆောင်ကြမည်ဖြစ်ပြီး ၅ လက္မ အ​မြှောက်များ၊ အထက်သို့ တည့်မတ်စွာပစ်လွှတ်နိုင်​သော ဒုံးပစ်စင် ၆၄ ခု အနည်း
ဆုံး တပ်ဆက်ထားကြမည်ဟု ကနဦး ခန့်မှန်း​နေကြသည်။ ထို့အပြင် ရဟတ်ယာဥ်နှင့် UAV ​မောင်းသူမဲ့ ​လေယာဥ်ငယ်များကို ပါတင်​ဆောင်ထားနိုင်သည်။
အနာဂတ်တွင် ဂျာမန် ​ရေတပ်သည် ​တိုက်ခိုက်​ရေး​ရေငုတ်သင်္ဘော ၁၅ စီး တည်​ဆောက်အသုံးပြုသွားမည်ဖြစ်သည်။ သမားရိုးကျ ဒီဇယ် လျပ်စစ်အင်ဂျင်နှင့် ခုတ်​မောင်းသည့် အဆိုပါ​ရေငုတ်သင်္ဘောများ သည် Type 212 CD အတန်းအစားက အများစု ဖြစ်မည်ဖြစ်ကာ ဝန်အပြည့်တန်ချိန် ၂၈၀၀ ရှိမည်ဖြစ်ကာ AIP ​ခေါ် ​ရေပြင်​ပေါ်သို့ တက်​၍ ဘက်ထရီအားဖြည့်ရန် မလိုသည့် ​မောင်းနှင်​ရေးစနစ်ကို အသုံးပြုမည်ဖြစ်သည်။
ဂျာမန်​​ရေတပ်သည် မဟာမိတ် NATO အဖွဲ့ဝင် နိုင်ငံများ၏ ​​ရေတပ်ဖွဲ့များနှင့် ပူး​ပေါင်းကာ ​ဘောလ်တစ်ပင်လယ်၊ ​​နော်​ဝေးကမ်းလွန်ရေပြင်နှင့် ​မြောက် ပင်လယ်​ရေပြင်များ​၏ လုံခြုံ​ရေး၊ ရုရှား ​ရေတပ်ဖွဲ့ များ ဝင်​ရောက် မလာ​ရေးတို့ကို တာဝန်ယူ ရမည်ဖြစ်သည်။
.
.●● ​လေတပ်အတွက် အစီအစဥ် —
ဂျာမန်​​လေတပ်သည် လက်ရှိတွင် တပ်ဖွဲ့ဝင် ၂၈,၀၀၀ နီးပါးရှိသည်။ တိုက်​လေယာဥ် ၂၂၆ စီး ( Euro Fighter Typhpon ၊ Totnado အမျိုးအစား များ) ၊ ​ဝေဟင်ဆီဖြည့်​လေယာဥ် ၃ စီး၊ သယ်ယုပို့​ဆောင်​ရေး​လေယာဥ် ၆၅ စီး၊ သယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ် ၉၀ စီး ၊ ​လေ​ကြောင်းရန်ကာကွယ်​ရေးစနစ် ၁၄ ခု ( Parriot နှင့် I-RIS T) စသည်ဖြင့်တပ်ဆင်ထားသည်။
၂၀၂၅ ​​လေတပ် တိုးချဲ့​ရေး အစီအစဥ်အရ Euro Fighter Typhoon တိုက်​လေယာဥ် ၁၆၀ စီး၊ F35 A Lightning II တိုက်​လေယာဥ် ၅၀ စီး စသည်တို့ကို ဝယ်ယူအားဖြည့်သွားရန်ရှိ​နေသည်။
အ​မေရိကန်လုပ် F35A Lightning II ၅.၀ မျိုးဆက်တိုက်​လေယာဥ်များ အား ဂျာမဏီ က ဝယ်ယူရခြင်းသည် ဂျာမဏီ နိုင်ငံအတွင်း သို​လှောင်ထား​သော အ​မေရိကန် နျူ ထိပ်ဖူးများကို အသုံးပြုနိုင်​ရေးဖြစ်သည်။ အ​မေရိကန်တို့၏ B61 စစ်​မြေပြင်သုံး နျု လက်နက် ၁၅ ခုမှ ၂၀ ခုအထိ ဂျာမဏီနိုင်ငံ ဘျုးရှဲလ် Büchel ​လေတပ်စခန်းတွင် သို​လှောင်ထားရှိရာ အ​​ရေး​ပေါ် အ​ခြေအ​နေတွင် ( နိုင်ငံအား တိုက် ခိုက်ခံရသည့်အ​ခါ ) ဤ နျူ ထိပ်ဖူးများကို ဂျာမဏီ အစိုးရက အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။
●● အတိတ်သမိုင်းကို ​ခြေရာ​ကောက်​သော် —
ယ​နေ့ ဂျာမဏီ ၏ ကာကွယ်​ရေးအင်အား တိုးချဲ့မှုသည် အမျိုးသား​ရေး အား​​ကောင်း​နေ​သော ရုရှား ဖက်ဒ​ရေးရှင်း၏ ဥ​ရောပ အ​ရှေ့ပိုင်းနှင့် အလယ်ပိုင်းအထိ သြဇာလွှမ်း မိုးရန် အကြံအစည်အား တန်ပြန် ဟန့်တားဖို့ ဖြစ်သည်။
ဂျာမဏီ အ​နေဖြင့် ရုရှားတို့အား ဟန့်တားနိုင်ပါမည်လား။
မ​ဝေး​သေးသည့် အတိတ်သမိုင်းကို ​ခြေရာ​ကောက်​သော် ပထမကမ္ဘာစစ်ကြီး နှင့် ဒုတိယကမ္ဘာစစ်ကာလများတွင် ဂျာမန်တပ်ဖွဲ့များသည် ရုရှားတပ်ဖွဲ့များအား 'ငယ်နိုင်' သဖွယ် ပြုမူခဲ့ကြသည်ကို ​တွေ့နိုင်ပါသည်။ ​​​ပြောစမှတ်တွင်သည်မှာ ထို စစ်ပွဲကြီး နှစ်ခုစလုံးတွင် စစ်မျက်နှာ ၂ ဖက်တပြိုင်တည်းဖွင့်ထားရသည့်အကြားမှပင် ဂျာမန်တပ်ဖွဲ့များသည် ရုရှား နယ်​မြေ အတွင်းပိုင်းအထိ ဝင်​ရောက် တိုက်ခိုက်​ချေမှူန်းနိုင်ခဲ့ကြခြင်းဖြစ်သည်​။
ဒုတိယကမ္ဘာစစိကြီးအတွင်း ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်​နေ့တွင် စတင်​သော ဂျာမန်တို့၏ ဘာဘာရိုစာ စစ်ဆင်​ရေးကြီး Operation Barbarosa ဖြင့် ဆိုဗီယက် / ရုရှား နယ်​မြေအတွင်းသို့ ဝင်​ရောက် တိုက်ခိုက်ရာ ၅ လအတွင်း မိုင်​ပေါင်း ၈၈၀ နီးပါး ခရီး​ပေါက်ခဲ့ပြီး ​မော်စကို မြို့​တော်အား သိမ်းပိုက်ရလုနီး အထိ ​အောင်မြင်မှုရခဲ့သည်။ ထို ကာလတွင် ဂျာမဏီသည် စစ်မျက်နှာ နှစ်ခုမက ဖွင့်ထားရပြီး တကိုယ်​တော် တိုက်ခိုက်​နေခဲ့ရသည့်အကြားမှ ယခုကဲ့သို့အောင်မြင်မှုများ ရခဲ့ခြင်းဖြစ်သည်။
ယနေ့ကာလဆိုလျင် NATO အဖွဲ့ကြီး၏ ​ကျော​ထောက်​နောက်ခံဖြင့် စစ်မျက်နှာ တခုတည်း ဖွင့်၍ ရုရှားနှင့် စစ်မက်ဖက်ပြိုင်တိုက်ခိုက်ရပါက မည်ကဲ့သို့ရှိမည်နည်း။
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစစ်ပွဲ​ကြောင့် စစ်​ရေး အ​တွေ့အကြုံ ကြွယ်ဝ​နေ​သော်လည်း စစ်ပန်း​နေကြပြီဖြစ်သည်။ ထို့​ကြောင့် နျု ကလီယာလက်နက်များ အသုံးမပြုပါပဲနှင့် ဂျာမန် တပ်ဖွဲ့များအား ​အသာစီးရနိုင်မှု ရှိမည်၊ မရှိမည်က ပ​ဟေဠိ ဖြစ်​၍ ​နေသည်။ အသုံးပြုလျင်လည်း စစ်​မြေပြင်သုံး နျူ လက်နက် အငယ်စားများ​ကိုသာ အသုံးပြုနိုင်မည်၊ အ​ကြောင်းမှာ NATO ၏ တုန့်ပြန်မှု က မည်သို့ရှိမည်ကို တပ်အပ်မသိနိုင်​သော​ကြောင့်ဖြစ်သည်။ ရုရှားအ​နေဖြင့် NATO ၏ နျု လက်နက်ဖြင့် အလားတူ တုန့်ပြန်တိုက်ခိုက်မှုမျိုးကို ​မျှော်လင့်ထားရမည်ဖြစ်သည်။
.
.
၂၀၃၀ ပြည့်လွန်ဆယ်စုနှစ် များတွင် ဂျာမဏီသည် ဥ​ရောပ တွင် စစ်အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်လာမည်ဖြစ်ပြီး နျူ ကလီယာ လက်နက်များ ထုတ်လုပ်မည့် စီမံကိန်းဖက် ​ခြေ ဦးလှည့်/ မလှည့်ကို ​စောင့်ကြည့်သွားရမည်ဖြစ်သည်။
.
□●○□■●●○■□■
●☆ Reference —
++ Encyclopedia Britannica
++ Euro News
++ Army Recognition
++ DW
++ Defense Magazine

No comments:

Post a Comment