Tuesday, November 4, 2025

ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်မှု လုံခြုံစိတ်ချရသော သင်ယူမှုဝန်းကျင်တစ်ခု

 မင်္ဂလာပါ ဆရာတို့၊ဆရာမတို့ !

သင်ကြားရေးစိန်ခေါ်မှုတွေအတွက် လက်တွေ့ကျတဲ့ အဖြေကိုရှာဖွေနေပါသလား ?
ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အချင်းချင်း အကြံပြုချက်များနဲ့ အားပေးကူညီနိုင်မယ့် သင်ယူလေ့လာမှု ရပ်ဝန်းတွေရှိနေတဲ့ Myanmar Teacher Platform ပေါ်က learning groups နဲ့ မိတ်ဆက်ပေးပါရစေ။
UNESCO Myanmar ရဲ့ Myanmar Teacher Platformပေါ်မှ Thematic Group တွေမှာဆိုရင် အပတ်စဉ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများသာမက၊ ဆရာဆရာမများ သင်ကြားရေးမှာ ကြုံတွေ့နေရတဲ့ အတွေ့အကြုံများကို အပြန်အလှန် မျှဝေခြင်း၊ ဆွေးနွေးအဖြေရှာခြင်း တို့ကို ပြုလုပ်နိုင်တဲ့ လုံခြုံစိတ်ချရသော သင်ယူမှုဝန်းကျင်တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ ဆရာတို့ဆရာမတို့အတွက် အောက်ပါ အကြောင်းအရာလိုက် Group များ ဖွင့်လှစ်ထားပါတယ်။
• လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ သိမှတ်စရာများ၊ ကိုယ်စိတ်ကျန်းမာခြင်းအတွက် စီမံခန့်ခွဲမှု နည်းလမ်းများကို အပြန်အလှန်မျှဝေ ဖော်ထုတ်ဆွေးနွေးရန်အတွက် Social and Emotional Learning Group
•သင်္ချာနှင့်ပတ်သက်သော သင်ကြားနည်းလမ်းများ၊ သင်ခန်းစာချဥ်းကပ်ပုံများကို လေ့လာဆွေးနွေးရန်အတွက် Numeracy Group
•မတူကွဲပြားသော ကျောင်းသားများအတွက် အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားမှုနည်းလမ်းများ၊ ချဥ်းကပ်မှုများ နှင့် စစ်ဆေးအကဲဖြတ်နည်းများကို ဖော်ထုတ်ဆွေးနွေးနိုင်မည့် Literacy Group
• ပညာရေးကဏ္ဍ ဦးဆောင်သူ ဆရာ၊ဆရာမများအတွက် ထိရောက်သော လမ်းညွှန်သင်ပြခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးအဖြေရှာရန်အတွက် Mentoring and Coaching Group
• သင်ခန်းစာ ချဉ်းကပ်နည်းများ၊ ခေတ်မီ သင်ကြားရေး နည်းဗျူဟာများ ကိုမျှဝေရန်အတွက် Pedagogy Group
•သင်ကြားရေးနှင့်ICT ပေါင်းစပ်အသုံးချပုံများ၊ နည်းပညာ အကူအညီများကို ဖော်ထုတ်မျှဝေရန်အတွက် ICT Group တို့ပဲဖြစ်ပါတယ်။
ဒီ Thematic Group များမှာ Webinar များ၊ Workshop များ နဲ့ သက်ဆိုင်ရာအကြောင်းအရာလိုက် သိမှတ်ဖွယ်ရာများကို ဆွေးနွေးမျှဝေပေးနေတာမလို့ ဝင်ရောက်လေ့လာဖို့အတွက် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။
[✅] Group များသို့ ဝင်ရောက်ရန် လွယ်ကူသော အဆင့်များ ကို အောက်ပါအတိုင်းအဆင့်ဆင့် လုပ်ဆောင်နိုင်သလို ပူးတွဲပါ Videoတွင်လည်းကြည့်ရှုနိုင်ပါတယ်။
• Website တွင် (https://mmteacherplatform.net/en )သို့ ဝင်ရောက်ပါ။ (သို့မဟုတ်)
• MTP Mobile App ကို Download ရယူပြီး Account ဖွင့်ပါ။ (အကယ်၍ အကောင့် မရှိသေးပါက)
• Group များသို့ သွားပါ: ပလက်ဖောင်းပေါ် ရောက်ရှိလျှင် (သို့) Moblie app ကိုဖွင့်ပြီးပါက "Group Session" သို့မဟုတ် "Groups" ဆိုတဲ့ ခေါင်းစဉ်လေးကို နှိပ်ပါ။
• Group ရွေးပြီး Request ပို့ပါ: သင် စိတ်ဝင်စားတဲ့ Group ကို ရွေးချယ်ပြီး "Request" ပို့လိုက်ရုံပါပဲ။
အခြားဆရာ၊ဆရာမတွေရဲ့ လက်တွေ့အတွေ့အကြုံကောင်းများ ကို လေ့လာပြီး သင့်အတန်းထဲမှာ ချက်ချင်း အသုံးချနိုင်မယ့် နည်းဗျူဟာများ ကို ရှာဖွေလိုက်ပါ။ လာမယ့်အပတ်က စလို့ သင်နဲ့ စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လက်တွဲပြီး ပညာရေးခရီးကို ရှေ့ဆက်ကြရအောင်!

No comments:

Post a Comment