Sunday, November 9, 2025

အလေးပေါ့ပေါ့နဲ့ အကြိမ်များများလုပ်တာကောင်းလား၊

 အလေးပေါ့ပေါ့နဲ့ အကြိမ်များများလုပ်တာကောင်းလား၊ ဒါမှမဟုတ် အလေးများများနဲ့ အကြိမ်နည်းနည်းပဲလုပ်တာကောင်းလား” ဆိုတာ။ ဒီမေးခွန်းက တကယ်ပဲ fitness field မှာ ရှုပ်နေတတ်ကြတယ်။

အဖြေက တစ်ခုတည်းမရှိပါဘူး။ ဒါကို ကိုယ့်ရည်ရွယ်ချက်ပေါ် မူတည်ပါတယ်။
အလေးပေါ့ပြီး reps များများလုပ်တာ (Lighter weights with more reps ဒီနည်းလမ်းက ခံနိုင်ရည် (endurance) တိုးဖို့အတွက်ကောင်းတယ်။ တဖြည်းဖြည်း activate ပိုဖြစ်လာမယ်။ Fat လျှော့ဖို့လည်း အထောက်အကူဖြစ်တတ်တယ်။ ခန္ဓာကိုယ် lean ဖြစ်ချင်သူတွေအတွက် ဒီနည်းက သင့်တော်တယ်။
အလေးများပြီး reps နည်းနည်းလုပ်တာ (Heavier weights with fewer reps)
ဒီနည်းက အင်အား (strength) တိုးဖို့အတွက် အထူးကောင်းတယ်။ muscle တည်ဆောက်လာစေတယ်၊ ခန္ဓာကိုယ်လှလာမယ် ။ ဒါပေမဲ့ lifting form မှန်မှန်နဲ့ လုပ်ဖို့ အရေးကြီးတယ်။
နောက်ဆုံးအနေနဲ့တော့ — ကိုယ့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးနည်းက နှစ်မျိုးလုံးပေါင်းသုံးတာပဲအကောင်းဆုံးပါပဲ။ ဇင်ဇင်ကိုတိုင် pilates အလေးနည်းနည်းအကြိမ်များများ class နဲ့ heavy resistance training အမြဲလုပ်တယ် ။ ဒါကြောင့်တစ်ချို့နေ့မှာ ပေါ့တဲ့အလေးနဲ့ reps များများလုပ်ပြီး၊ တစ်ချို့နေ့မှာတော့ အလေးများတဲ့ lifting နဲ့ အင်အားတိုးဖို့ ပိုအကျိုးရှိတတ်တယ်။ ဒါကြောင့် လည်းခန္ဓာကိုယ်ကလည်းပိုသန်မာတိုးတက်လာတယ်။
လေ့ကျင့်ခန်းမှာ အရေးကြီးဆုံးက မျှတမှု (balance) နဲ့ ဆက်လက်လုပ်နိုင်တဲ့ စွမ်းအား (consistency)ပါ ပဲဖြစ်တယ်။
အလေးကိုတိုးလေ့ကျင့်ပြီး form မှန်မှန်လုပ်မယ်တကယ် ပြောင်းလဲမှု ဖြစ်လာစေတယ်။

No comments:

Post a Comment