ကိုယ့်တဦးတည်းမူကတော့ ရှင်းပါတယ် စစ်အာဏာရှင်ကို မတော်လှန်တာက အပြစ်မဟုတ်ပါဘူး
စစ်အာဏာရှင်တွေပေးတဲ့ဖိအားကြောင့်ဖြစ်စေ အကြောက်တရားကြောင့်ဖြစ်စေ စစ်အုပ်ချုပ်ရေးယန္တရားထဲပါဝင်တာ စစ်အာဏာရှင်တွေရဲ့ဝါဒဖြန့်ယန္တရားထဲပါဝင်တာဟာ စစ်အုပ်စုနဲ့ တဖက်တည်း ရပ်ခြင်းသာဖြစ်တယ်
စစ်တပ်ဟာ စစ်ယန္တရားတွေမရှိနေပဲ လူထုကို ရေရှည် အကြ_မ်းဖက်လို့မရဘူး ဒီလိုပါပဲ စစ်တပ်ရဲ့အကြ_မ်းဖက်မှုတွေ မတရားမှုတွေကို တရားသလိုထင်ရအောင် ဝါဒဖြန့်ပေးတာကလည်း စစ်တပ်ရဲ့အကြ_မ်းဖက်မှုကာကွယ်ပေးတာဖြစ်သလို နောက်မျိုးဆက်ထိ နိုင်ငံရေးဖြစ်စဥ်အမှားတွေ လက်ခံသိရှိနေအောင် ကျူးလွန်ခြင်းဖြစ်တယ်
ဒါတွေဟာ သိလိုဖြစ်စေ မသိလို့ဖြစ်စေ ဖိအားကြောင့်ဖြစ်စေ နီးရာ darr ကို ကြောက်ရလို့ဖြစ်စေ ဘယ်လိုအခြေအနေကြောင့် ပါဝင်ရသည်ဖြစ်စေ စစ်ရာဇဝတ်မှုတွေသာဖြစ်တယ်
နီးရာ darr ကြောက်ရလို့ စစ်အုပ်စုထဲ ပါဝင်ရတာကို နားလည်ပေးရကြေးဆိုရင် စစ်မှုထမ်းဆင်းတွေ လူထုကို အကြ_မ်းဖက်တဲ့အခါ ခွင့်လွတ်ပေးရမလား
ဒီလိုပဲ နီးရာ darr ကြောက်ရလို့ စစ်ဝါဒဖြန့်ယန္တရားထဲပါဝင်ရတာကို နားလည်ပေးရမယ်ဆိုရင် အဲဒီလူတွေ အဲဒီပုဂ္ဂိုလ်တွေရဲ့ ပါစင်နယ်ပုံရိပ် ပါစင်နယ်ဩဇာကြောင့် စစ်တပ်ဝဒါဒဖြန့်မှုကို သာမန်လူတချို့ လက်ခံသွားကြတယ်ဆိုရင်ရော အဲဒါကိုပါ နားလည်ပေးရမှာလား
တော်လှန်ရေးဟာ ရန်ငါပြ_တ်ပြီးသားဖြစ်တယ် စစ်တပ်ဟာ သူတို့ထိိန်းချုပ်မှုအောက်မှာရှိတဲ့ဘယ်သူ့ကိုမှ အလွတ်မပေးဘူးဆိုတာ အားလုံးသိပြီးသားလည်းဖြစ်တယ်
တော်လှန်မှာလား စစ်အာဏာရှင်အောက် ဒူးထောက်မှာလား စစ်တပ်ရဲ့လူစွမ်းအားရင်းမြစ် အဖြစ်ခံမှာလားဆိုတာ ကိုယ်တိုင်ရွေးချယ်ရမယ့်အရာဖြစ်တယ်
ကိုယ်တိုင်ရွေးချယ်ပြီး လျှောက်ပြီးမှတော့ ကိုယ့်ရွေးချယ်မှုရဲ့နောက်ဆက်တွဲကို လက်ခံရမှာချည်းသာဖြစ်တယ်
ကျနော်တို့ဟာ ဘုရားဖြစ်မယ့် အုတ်နီခဲတွေ မဟုတ်တာကြောင့် အကြ_မ်းဖက်သမားတွေကိုလည်း ဘယ်တော့မှခွင့်မလွတ်သလို အကြ_မ်းဖက်သမားတွေနဲ့အတူ တဘက်တည်းရပ်ခဲ့တဲ့သူတွေကိုလည်း ဘယ်တော့မှ နားလည်ပေးမှာမဟုတ်ပါဘူး
ဒါဟာ စစ်အာဏာရှင်ကို တော်လှန်ခြင်း မတော်လှန်ခြင်းနဲ့သက်ဆိုင်ခြင်းမရှိပဲ စစ်ယန္တရားတွေထဲပါဝင်ပြီး စစ်အုပ်စုနဲ့ တဖက်တည်းရပ်ဖို့ရွေးချယ်ခဲ့တာကြောင့်ဖြစ်ပါတယ်
@@
No comments:
Post a Comment