Saturday, February 1, 2025

အမဲသားငပိချက် -Aye Thuzar Win

အညာဘက်မှာ အိမ်တိုင်းလိုလို ချက်လေ့ရှိတဲ့

ဟင်းတစ်မျိုးပါ ဆိတ်သား ၊ ကြက်သား ၊ ဝက်သား တို့နဲ့ချက်ရင်လဲ စားကောင်းပါတယ်ရှင်
အမဲသား ၃၀ကျပ်သား
ခရမ်းချဉ်သီးမှည့်မှည့် ၅လုံး
ကြက်သွန်နီ ၂လုံး
ကြက်သွန်ဖြူဥကြီး ၅မွှာ
ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်းရှည် ၁ဇွန်းမောက်မောက်
နနွင်းမှုန့် အနည်းငယ်
ဆီ ဟင်းချက်ဇွန်းကြီး ၃ဇွန်း
ငံပြာရည် ဟင်းချက်ဇွန်းကြီး ၁ဇွန်းခန့်
အချိုမှုန့် ဆား (သို့) ကြက်သားမှုန့် အနည်းငယ်
အမဲသားကို ခပ်သေးသေးတုံးပြီး အချိုမှုန့် ဆား နနွင်း အနည်းငယ်စီနဲ့နယ်ထားပါတယ်
ခရမ်းချဉ်သီးကို ကြိတ်စက်နဲ့ကြိတ်ထားပါ (သို့)
သေးသေးနုတ်လှီးထားပါတယ်
ကြက်သွန်ဖြူ နီ နုတ်နုတ်စဉ်းထားပါတယ်
ဆီအိုးတည်ပါ ဆီပူလာရင် ကြက်သွန်ဖြူ နီ ဆီသတ်ပါ ကြက်သွန်ဝါရောင်သန်းလာမှ နနွင်းမှုန့်နဲ့ ငရုတ်သီးမှုန့်ထည့်ပြီးခဏမွှေပါတယ်
ငံပြာရည်ထည့်ပါတယ် (မတူးပါစေနဲ့နော်)
ခရမ်းချဉ်သီးထည့်ပါတယ်
ရေမထည့်ပဲ ခရမ်းချဉ်သီး အနှစ်ကျသည်အထိ
မီးအေးအေးနဲ့မွှေပေးနေပြီး ခရမ်းချဉ်သီးအနှစ်ကျလာမှ အရသာနယ်ထားနဲ့ အမဲသားထည့်ပါတယ်
အသားနူးဖို့ လိုအပ်တဲ့ရေကို နဲနဲချင်းစီ ထပ် ထပ်​ဖြည့်
ထည့်ပေးပြီး မီးအေးအေးနဲ့ တည်ပေးပါတယ်
အသားနူး ဆီပြန်ပြီး မခြောက်တခြောက်အနေအထားရောက်လာရင် အရသာမြည်းပြီး အချိုမှုန့် ဆား(သို့) ကြက်သားမှုန့်ကို လိုအပ်သလိုချိန်ထည့်ပေးကာ
အရသာစိတ်ကြိုက်ဖြစ်ပြီဆို မီးဖိုပေါ်က ချပါတယ်ရှင်
edited # ငပိမပါပဲ ဘာလို့ ငပိချက်ခေါ်လဲ မေးကြတဲ့သူတွေ အတွက်ပါရှင်
အညာဘက်မှာ ခရမ်းချဥ်သီးကို ငံပြာရည်အရသာကဲပြီး လေးလေးပင်ပင်လေး ချက်ထားတာကို ခရမ်းချဥ်သီးငပိချက် ခေါ်ပါတယ် ( အဲဒါကိုပဲ ထမင်းနဲ့နယ်စား / အတို့အမြုပ်တွေနဲ့ စားတတ်ကြပါတယ်)
အသားတွေကို အဲ့လိုချက်ရင်တော့ အမဲသားငပိချက် ဝက်သားငပိချက် စသဖြင့်ခေါ်ကြပါတယ် ဒေသအခေါ်ပါရှင်
(ဟင်းချက်နည်း / မုန့်လုပ်နည်း တွေကို လွတ်လပ်စွာ share နိုင်ပါတယ် မူရင်းပို့စ်ကို direct share တာမျိုး မဟုတ်ပဲ စာသားတွေကို copy & paste နဲ့ ကူးယူပြီး ပြန်လည်ဖြန့်ဝေခွင့်မပြုပါဘူးရှင့် 🙂 )

No comments:

Post a Comment