Tuesday, January 14, 2025

ချဥ်ပေါင် ထမင်း 😋😋

ရန်ကုန်တက္ကသိုလ်က လက်ဖက်ထမင်းရဲ့နောက်ဆက်တွဲ မော်လမြိုင် တက္ကသိုလ်ကင်တင်းမှာ

ချဥ်ပေါင်ထမင်း၊ ကန်စွန်းထမင်း၊ မှိုထမင်း၊
အာလူးထမင်းဆိုပြီး မှာစားလို့ရပါတယ်။
ချဥ်ပေါင်ထမင်းဆိုတာ ထမင်းကို ချဥ်ပေါင်ကြော်
နဲ့နယ်ပေးပြီး အဆောင်နေကျောင်းသားတွေအတွက်
စရိတ်သက်သာအောင် ရောင်းပေးတာ ဖြစ်ပါတယ်။
ချဥ်ပေါင်ထမင်းနဲ့ ကြက်ဥကြော် ၊ ကြက်ကြော်
မိမိနှစ်သက်ရာနဲ့ တွဲစားနိုင်ပါတယ်။ ဒါမှမဟုတ်
သူ့ချည်းစားနိုင်ရင် စရိတ်ပိုသက်သာပါတယ်။
ဒီနေ့တော့ မော်လမြိုင်တက္ကသိုလ်အလွမ်းပြေ
ချဥ်ပေါင်ထမင်းလေး နယ်စားလိုက်တယ်။
ကြက်ဥနဲ့ ရေဦးကြက်အူချောင်းလေး ကြော်ပြီး
တွဲစားလိုက်ပါတယ်။
စားကြပါဦး သူငယ်ချင်းတို့ 😋😋

No comments:

Post a Comment