1.ထူးထူးဆန်းဆန်းနည်းလေး ကြက်သားကို ကင်တဲ့နည်းလေးဖြစ်ပါတယ် ဘယ်လိုကင်လည်းဆိုတာကို လေ့လာလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်
၂.ကြက်တစ်ကောင်ကို ရေဆေးသန့်စင်ပြီး မလိုချင်တဲ့ အပိုင်းနဲ့ အဆီတွေကို ညှပ်ထုတ်မယ်
၃.ပန်ကန်လေးထဲမှာ ကြက်တစ်ကောင်ဆန့်မယ့် ပလက်စတစ်အိတ်ထည့်မယ်
ပြီးရင် ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ပဲငံပြာရည် အကြည် ထမင်းစားဇွန်း ၂ဇွန်း၊ ပဲငံပြာရည် အနှောက် (ကြာညို့) လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ cooking wine (ဟင်းချက် အရက်) ထမင်းစားဇွန်း ၁ဇွန်း၊ ကြက်သွန်းဖြူ အနည်းငယ်ထောင်းထည့်မယ်၊ ဂျင်းပြား ၄ပြားထည့်ပြီး မွှေလိုက်မယ်(ကြက်သားမှုန့်/အရာသာမှုန့်ကြိုက်ရင် ထည့်ပါ). ပြီးရင် ကြက်ကို အိတ်ထဲထည့်မယ် အဆာတွေ နှံံ့သွားအောင် နှယ်မယ်. ပြီးရင် လေတွေဖယ်ပြီး လုံအောင် ထိပ်မှာချည်လိုက်မယ်

၄. ရေခဲသေတ္တာရဲ့ ရိုးရိုးအအေးခန်းထဲမှာ အနည်းဆုံး ၂နာရီမှ ၂၄နာရီထိ နှပ်ထားပါမယ်. နှပ်ပြီးရင် အကျက်ညီစေရန်အတွက် ရေခဲသေတ္တာထဲမှ ၁၅မိနစ်ခန့် ထုတ်ထားလိုက်မယ် ပလက်စတစ်တွေ ဖယ်လိုက်မယ် ပေါင်းအိုးထဲကို ထောပတ် (သို့) ဆီ ထမင်းစားဇွန်း တစ်ဇွန်းထည့်မယ် ကြက်ရင်အုံကို အပေါ်မှာထားပြီးထည့်ပါမယ် ကြက်သားကျက်ဖို့အတွက် အနည်းဆုံး မိနစ်၃၀လိုအပ်ပါတယ် ထမင်းချက်နေကျအိုးက မိနစ်၃၀ မကြာပါက နောက်တစ်ခေါက် ခလုတ်ထပ်နှိပ်ပေးရပါမယ် မိနစ် ၂၀ကြာပြီးနောက် ကြက်သားကို တဖက်လှန်ပေးမယ်
၅. နောက်တစ်ခါ ချက်မယ် ကြက်သား ကျက်မကျက် ခရင်း(သို့)အချွန်တခုခုနဲ့ ထိုးကြည့်ပါ လွယ်လွယ်ကူကူနဲ့ ထိုးနိုင်ပြီး သွေးမထွက်ရင် ကြက်သား ကျက်ပါပြီမိမိနှစ်သက်သလို လှီးဖြတ်ပြီး သုံးဆောင်နိုင်ပါပြီ
No comments:
Post a Comment