Sunday, June 16, 2024

CBDC (Central Bank’s Digital Currency) အကြောင်း Myan Crypto မှာလေ့လာရန်

page link: https://www.facebook.com/myancryptocurrency 

1.ကမ္ဘာ့နိုင်ငံတွေရဲ့ ဗဟိုဘဏ် 94% ကျော်ဟာ ကိုယ်ပိုင် CBDC (Central Bank’s Digital Currency) ထုတ်ဖို့ လေ့လာနေကြကြောင်း BIS (Bank for International Settlements) ရဲ့ စစ်တမ်းတခုအရ သိရပါတယ်။ ဒီစစ်တမ်းထဲမှာ ဗဟိုဘဏ်ပေါင်း 86 ခု ပါဝင်ခဲ့ကြပြီး ဒီထဲကမှ 94% ဟာ သူတို့ကိုယ်ပိုင် CBDC ထုတ်ဖို့အတွက် လေ့လာနေကြသလို အချို့ကတော့ စမ်းသပ်တဲ့ကာလအထိပါ ခရီးပေါက်နေပါပြီ။

.
CBDC တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်သုံးနေတာကတော့ တရုတ်နဲ့ အိန္ဒိယဖြစ်ပြီး Digital Yuan နဲ့ Digital Rupee ကို launch ထားခဲ့တာ 2 နှစ်နီးပါးအထိ ရှိခဲ့ပါပြီ။ ဒါပေမယ့် ပြည်တွင်းမှာ အသုံးပြုမှုနှုန်းနည်းနေတာကြောင့် တရုတ်အစိုးရဟာ Digital Yuan အသုံးပြုမှုုတွင်ကျယ်လာဖို့အတွက် နည်းလမ်းပေါင်းစုံသုံးနေပြီးတော့ အချို့မြို့တွေမှာ ပင်စင်လစာတွေကို Digital Yuan နဲ့ပဲ ပေးတာမျိုးတွေ လုပ်လာပါတယ်။
အိန္ဒိယမှာလည်း Digital Rupee သုံးသူတွေကို အထူးအခွင့်အရေးတွေပေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လူတွေကြား ပျံ့နှံ့နိုင်အောင် ကြိုးစားနေပါတယ်။
.
မြန်မာမှာကတော့ NUGPay မှာ သုံးနေကြတဲ့ DMMK ဟာ CBDC ပါပဲ။ Stella blockchain ပေါ်မှာတည်ဆောက်ထားပြီး 1 DMMK ဟာ MMK ၁ ကျပ်နဲ့ ညီမျှတယ်လို့ NUG က တာဝန်ယူကြေညာထားပါတယ်။
မကြာခင်မှာလည်း NUGPay ပေါ်မှာ feature အသစ်တွေ ထပ်ထည့်သွားဖို့ ရှိနေတယ်လို့ ကြားသိရပါတယ်။
.
ပြည်သူအများစုကတော့ DMMK ကို CBDC ထက်စာရင် တော်လှန်ရေးငွေကြေးတရပ်အနေနဲ့ မြင်ကြပါတယ်။ လောလောဆယ်မှာ NUGpay ဟာ တော်လှန်ရေးအသိုင်းအဝိုင်းကြားမှာ ငွေကြေးစီးဆင်းမှု တခုအနေနဲ့ ရပ်တည်လျက်ရှိပြီး ပြည်သူလူထုအတွက် နေ့စဥ်သုံးငွေကြေး တခု ဖြစ်လာဖို့ကတော့ လောလောဆယ်အခြေအနေတွေအရ အခက်အခဲတွေ အများအပြားရှိနေပါတယ်။
.
တဖက်မှာလည်း စစ်ကောင်စီက ငွေသားတွေနေရာမှာ mobile banking တွေအစားထိုးသုံးစွဲမှု ပိုပြီးကျယ်ပြန့်လာဖို့ ဖိအားပေးလာနေပြီးတော့ ဒီအခြေအနေဟာ စကစကိုယ်ပိုင် CBDC ထုတ်တဲ့အခြေအနေဆီရောက်သွားနိုင်ပါတယ်။
2022 ခုနှစ်အတွင်းက သတင်းစာရှင်းလင်းပွဲတခုမှာလည်း စကစအနေနဲ့ CBDC ထုတ်ဖို့အစီအစဉ်ရှိကြောင်း စကစပြောခွင့်ရ ဇော်မဲလုံးက ဆိုထားခဲ့ဖူးပါသေးတယ်။
.
CBDC တွေဟာ နိုင်ငံတခုရဲ့ နိုင်ငံသုံးငွေကြေးကို ၁ အချိုး ၁ ညီမျှအောင် ဖန်တီးထားတဲ့ digital currency တခုဖြစ်ပြီး blockchain နည်းပညာပဲ သုံးထားတာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရက အပြည့်အဝထိန်းချုပ်ထားမှာဖြစ်လို့ ယုံကြည်စိတ်ချရမှုအပိုင်းမှာတော့ အစိုးရကောင်းရင်ကောင်းသလို ယုံကြည်စိတ််ချရနိုင်ပါတယ်။ ဥပမာအနေနဲ့ CBDC တွေရဲ့ smart contract တွေထဲမှာ ငွေပမာဏတွေကို လိုသလို လွှမ်းမိုးခြယ်လှယ်လို့ရတဲ့ code တွေထည့်ရေးထားတာကြောင့် ဘရာဇီးဗဟိုဘဏ်ဟာ အတော်လေးဝေဖန်ခံခဲ့ရဖူးပါတယ်။ ဒါကြောင့် CBDC ထုတ်ချင်တဲ့ ဗဟိုဘဏ်တွေထဲမှာ စကစရဲ့ ဗဟိုဘဏ်ပါနေတယ်ဆိုရင်တော့ ယုံကြည်စိတ််ချရမှုက သုညဖြစ်နေပါလိမ့်မယ်။
.
.
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
.
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
.
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
.
Binance Myanmar Telegram Group
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
Credit to:

Myan Crypto

2.US သမ္မတ Biden ရဲ့ ရွေးကောက်ပွဲအဖွဲ့ဟာ 2024 ရွေးကောက်ပွဲမဲဆွယ် campaign တွေမှာ လှူဒါန်းမှုတွေကို cryptocurrency နဲ့ Coinbase ကနေတဆင့် လက်ခံဖို့ စီစဉ်နေကြကြောင်း သိရပါတယ်။
.
Biden ရဲ့ အဓိကပြိုင်ဖက် Donald Trump ဟာ crypto industry ကို အတော်လေး အာရုံစိုက်မဲဆွယ်နေပြီး ကိုယ်ပိုင် NFT Collection တွေထုတ်တာ၊ crypto နဲ့ပတ်သက်တဲ့ ဥပဒေတွေကို လျှော့ပေါ့ပေးပြီး သူ့လက်ထက်မှာ US ဟာ crypto industry မှာ နောက်ကောက်ကျမကျန်ခဲ့စေရဘူးလို့ ကတိပေးတာလိုမျိုးအထိကို စကားကုန်ပြောနေတာပါ။
.
ဒါ့အပြင် မကြာသေးခင်ကပဲ Trump ဟာ ရွေးကောက်ပွဲအတွက် Bitcoin၊ Ethereum၊ USDC နဲ့ Solana တို့အပါအဝင် cryptocurrency တွေနဲ့ အလှူငွေလက်ခံနေပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက San Francisco မှာ လုပ်ခဲ့တဲ့ ရန်ပုံငွေပွဲတခုမှာလည်း crypto industry ထဲက နာမည်ကြီးပုဂ္ဂိုလ်အတော်များများနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို သူ့ကိုယ်သူလည်း “crypto သမ္မတ” တယောက်အဖြစ် သုံးနှုန်းသွားခဲ့ပြီး ဒီရန်ပုံငွေပွဲကနေ $12 million အထိ အလှူငွေရသွားခဲ့ပါသေးတယ်။
.
ဒါကြောင့် Biden တို့ဖက်ကလည်း crypto industry ကို ပစ်ထားလို့မရကြောင်း သဘောပေါက်လာပုံရပြီး cryptocurrency တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အလှူငွေတွေကို crypto နဲ့ လက်ခံသွားဖို့ စီစဉ်လာတာဖြစ်နိုင်ပါတယ်။
.
တကယ်လို့သာ Biden တို့ဖက်ကပါ cryptocurrency တွေနဲ့ အလှူငွေလက်ခံကြောင်း ကြေငြာလိုက်ရင်တော့ crypto industry မှာ သမိုင်းတွင်တဲ့ ရွေးကောက်ပွဲတခုဖြစ်သွားမှာဖြစ်သလို ဈေးကွက်အပေါ်လည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
3.Booking website တခုဖြစ်တဲ့ Travala ဟာ သူတို့ရဲ့ website ပေါ်မှာ TON နဲ့ ငွေပေးချေလို့ ရနိုင်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ နိုင်ငံပေါင်း 230 နိုင်ငံက hotel တွေ၊ လေယာဉ်လက်မှတ်တွေ၊ tour service တွေအတွက် booking ယူတဲ့အခါ credit card payment တွေအပြင် Telegram ရဲ့ native coin TON နဲ့ပါ ငွေပေးချေလို့ရနိုင်ပါပြီ။
.
တကယ်တော့ Travala website ဟာ BTC၊ ETH၊ XRP နဲ့ USDT တို့လို major cryptocurrency တွေအပြင် cryptocurrency အတော်များများကို support ပေးထားပြီး TON ကတော့ အခုမှ နောက်ဆုံးစာရင်းဝင်ဖြစ်လာခဲ့တာပါ။
.
Travala website ပေါ်မှာ credit card တွေနဲ့ ပုံမှန်လို ငွေပေးချေလို့ရနိုင်သလို crypto network တွေနဲ့ပါ ငွေပေးချေလို့ရနိုင်တဲ့အပြင် BinancePay၊ Cryptocom တို့ကနေပါ တိုက်ရိုက် ငွေပေးချေလို့ရနိုင်ပါသေးတယ်။
.
$400 ဖိုး booking ယူပြီးတိုင်းမှာလည်း Travala ရဲ့ ကိုယ်ပိုင် NFT Collection ဖြစ်တဲ့ Travel Tiger NFT Collection ထဲက NFT mint ခွင့်ရှိဦးမှာပါ။
.
Cryptocurrency တွေ အသုံးများလာတာနဲ့အမျှ လေကြောင်းလိုင်းတွေ၊ booking website တွေဟာ cryptocurrency တွေနဲ့ ငွေလက်ခံတာတွေ၊ အထူးအခွင့်အရေးစီစဉ်ပေးတာတွေ လုပ်လာကြပြီးတော့ ကိုယ်ပိုင် NFT Collection တွေပါ ထုတ်လာကြပြီး crypto bro တွေကြား တိုးပေါက်နိုင်အောင် ကြိုးစားလာကြပါတယ်။
.
Cryptocurrency တွေဟာ အခုမှ mainstream ကို ထိုးဖောက်နေဆဲ အချိန်ကာလတခုမှာသာ ရှိသေးတာကြောင့် ကျနော်တို့တွေဟာ အခုချိန်အထိ အစမှာပဲ ရှိသေးတယ်လို့ ဆိုလို့ရနိုင်ပါတယ်။

No comments:

Post a Comment