Monday, June 17, 2024

ဩစတေးလျနိုင်ငံက Angus (အဲန်ဂဲတ်စ် ) နွားမျိုး

 ထိုင်းနိုင်ငံမှာ အသားထုတ်လုပ်ရောင်းချနေသူတစ်ဦးက ဩစတေးလျနိုင်ငံက Angus (အဲန်ဂဲတ်စ် ) နွားမျိုးထုတ်လုပ်တဲ့ ခြံကိုသွားရောက်လေ့လာခဲ့ပါတယ်။

ထူးခြားတာက နွားတစ်ကောင်ခြင်းက တရက်မှာ အစာဘယ်နှစ်ကြိမ်စားလဲ။ ဘယ်လောက်စားလဲ။ ရေသောက်တဲ့နေရာမှာလည်း ရေဘယ်လောက်သောက်သလဲ၊ဘယ်နှစ်ကြိမ်သောက်သလဲ။ တရက်ကို အလေးချိန်ဘယ်လောက်တက်သလဲဆိုတာကိုလည်းသိနိုင်ဖို့အတွက် တကောင်ခြင်းရဲ့အလေးချိန်ချိန်စက်ကိုလည်းစီမံထားတယ်။ နွားတစ်ကောင်ဟာ အစာသိပ်မစားဘူး။ရေသိပ်မသောက်ဘူးဆိုရင် အဲ့ဒီနွားက ကျန်းမာရေးထိခိုက်နေသလားဆိုတာကိုချက်ချင်းသိနိုင်တယ်။
မြန်မာ့စိုက်/မွေးတိုးတက်ပါစေ
Credit to:

WinMyint IQwin Farm

Copy post link: เนื้อแท้

No comments:

Post a Comment