Credit to:
Francis Zin
၁။ တရုတ်နဲ့အမေရိကန် ကာကွယ်ရေးဝန်ကြီး ၂ ပါး စင်ကာပူက ရှန်ဂရီလာဒေသတွင်းလုံခြုံရေးညီလာခံမှာ သီးခြားတွေ့ဆုံခဲ့ကြ
၇၅ မိနစ်အကြာ ဆွေးနွေးခဲ့ကြပြီး ကြိုတင်ခန့်မှန်းထားတာထက် အချိန်ပိုကြာခဲ့ရပါတယ်။ ဒါဟာ ၂ နိုင်ငံခေါင်းဆောင် ၂ ယောက်အကြား LA မှာတွေ့တုန်းက ထားခဲ့တဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းလို့ ဆိုပါတယ်။
ကမ္ဘာ့စူပါပါဝါစစ်တပ်ကြီး ၂ ခုက ကာချုပ်တွေကလည်း အင်မတန် ညံ့ဖျင်းပုံရတယ်၊ စတန်းဒတ်အာမီဂျီးက ငါတို့အဘတွေလို ရင်ဘတ်မှာ ဘာဆုတံဆိပ်မှလည်းပါဘူး။ 
၂။ ဇလန်စကီး စင်ကာပူလာဖို့ သတင်းထွက်နေ
စင်ကာပူမှာကျင်းပနေတဲ့ ရှန်ဂရီလာလုံခြုံရေးညီလာခံမယ် ကမ္ဘာ့တိုင်းပြည်တွေက စစ်တပ်အကြီးအကဲတွေကို မိန့်ခွန်းပြောဖို့ရှိတယ်လို့ သတင်းထွက်လာပါတယ်။ သူဟာ လတ်တလော ဆွီဒင်မှာ ရောက်နေပြီး၊ ဆွစ်ဇာလန်မှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။
ယူကရိန်းစစ်ပွဲစအပြီး ၂ နှစ်ကျော်အကြာဝယ် ရုရှားဟာ ထိုးစစ်အသစ်တွေနဲ့ ထပ်မံတိုက်ခိုက်တာကို ခံနေရပါတယ်။ သူ့အနေနဲ့ ၁၉၉၁ ခုနှစ်က ယူကရိန်းမြေပုံအတိုင်း ပြန်ရရင် ငြိမ်းချမ်းရေးယူမယ်လို့ ပြောကြားထားပါတယ်။


No comments:
Post a Comment