သိတာနှင့်တတ်တာ မတူပါ။
အခုခေတ် လူငယ်တွေ တော်တော်များများ social media ကြောင့် အကြောင်းအရာ တော်တော်မျာများကို သိကြပါတယ်။ ဒါကို သူတို့က တတ်တယ်လို့ထင်ကြပါတယ်။ Tiktok မှာ VDO တင်တက်တယ်၊ FB မှာ post တင်တက်တယ်။ boost လုပ်ရင်ရမယ်လို့ထင်ကြတယ်၊ ဒီလောက်သိရင် Digital Marketing လုပ်လို့ရပြီလို့ထင်ကြပါတယ်။
Marketing အခြေခံ ကို မတတ်ဘဲ ဘယ်လိုမှ Digital marketing လုပ်ဖို့ မရပါဘူး။ Customer Insights ကို တကယ်သိရဲ့လား၊ Customer တွေ ရဲ့ Need and wants က ဘာလဲ? ၊ AIDA process ကို သိရဲ့လား? Call to Action ဖြစ်အောင် copy writing ဘယ်လိုရေးမလဲ သိရဲ့လား?၊ AI တွေ ပေါ်လာပြီ လွယ်တယ်လို့မထင်ပါနဲ့၊ AI ကို ဘယ်လောက်ခိုင်းတက်လဲ ပေါ်မှာ မူတယ်ပြီး ထွက်လာတဲ့ results တူမှာ မဟုတ်ပါဘူး။ ထွက်လာတဲ့ Results တွေ copy and paste လုပ်လို့မရပါဘူး။ မှန်မမှန်.ကိုယ်တိုင် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိရပါမယ်။
လူငယ်တွေကို ပြောချင်တာက သိတဲ့ အဆင့်မှာ မရပ်ပါနဲ့၊ ဒီခေတ်ကြားမှာ Google ခေါက်တက်ရင် အားလုံးသိနိုင်ပေမယ့်၊ သက်ဆိုင်ရာ ဘာသာရပ်မှာ ကိုယ်က တတ်ကျွမ်းဖို့လိုပါတယ်။
တတ်ပြီးရင်လည်း၊ တတ်တဲ့အဆင့်မှာ မရပ်ပါနဲ့၊ သူများထက် ထူးချွန်အောင်ကြိုးစားကြပါ။

No comments:
Post a Comment