Saturday, May 25, 2024

စာဆိုတော်

 ဆရာ Win Aung ရဲ့ ပိုစ်တစ်ခု ဖတ်လိုက်ရပါတယ်။

ဆင်ခြင်စိတ်နဲ့ ပြန်မျှဝေပါတယ်။
***********
“ ဟေ့! .. အင်းဝခေတ်က ဘာ့ကြောင့် စာကြီးပေကြီးတွေထွက်သလဲ?
ပျို့ ကဗျာရှည်ကြီးတွေလို စာကြီးတွေ ဘာ့ကြောင့်ရေးနိုင်ကြသလဲ? “.. တဲ့။
ဆရာ့အမေးကို ကျွန်တော်တို့ မဖြေနိုင်ကြဘူး။
အဲဒီတော့မှ ဆရာက ..၊
“အင်းဝခေတ်ဟာ စစ်မက်မရှိတော့တဲ့ ခေတ်ကွ
တိုင်းသူပြည်သားက ကိုယ့်အလုပ်ကိုယ် အေးအေးလုပ်ခွင့်ရတဲ့ခေတ်ကွ
လယ်သမားက လယ်အေးအေးစိုက်ခွင့်ရတဲ့ ခေတ်ကွ
စာသမားက စာအေးအေးဖတ်ခွင့် ရေးခွင့် ဖန်တီးခွင့် ရတဲ့ခေတ်ကွ
ဒါ့ကြောင့် စာကြီးထွက်တာ” …တဲ့။
***********
ပုဂံခေတ်ကုန်ဆုံးပြီးနောက် အင်းဝကို အခြေပြုပေါ်ထွန်းလာတဲ့ ခေတ်ပေါ့။
အင်းဝခေတ် (၁၃၆၄-၁၅၅၅)ကို ငဲ့စောင်းကြည့်တော့ ..
အင်းဝခေတ်မှာ စာဆိုတော် ပညာရှင် (၄၉)ဦးပေါ်ပေါက်ခဲ့သတဲ့။
ပထမအင်းဝခေတ်မှာ- (၂၃)ဦး
ဒုတိယ အင်းဝခေတ်မှာ - (၁၂)ဦး
တတိယ အင်းဝခေတ်မှာ- (၉)ဦး
စတုတ္ထအင်းဝခေတ်မှာ- (၅)ဦး လို့ တွေ့ရပါတယ်။
ဒါပေမယ့် ပဲခူး(ဟံသာဝတီ) ဗဟိုပြု မင်း “ရာဇဓိရာဇ်” (၁၃၈၄-၁၄၂၁)ရဲ့ “ဟံသာဝတီခေတ်” မှာနှစ်လေးဆယ် စစ်ဖြစ်ခဲ့သေးတာ။ စစ်ဝေး စစ်အေးပါတယ်ဆိုတဲ့ ခေတ်မှာတောင် ရအောင် စစ်က ဖြစ်ခဲ့သေးတာကလား၊ ဒီရေဒီမြေရဲ့ ကံဇာတာ အတ္တတွင်းနက်များ။
ဝေးဝေးမှာ ခင်းထားတဲ့စစ်ကြောင့် အင်းဝသားတွေ အနေအေးချမ်းခဲ့ကြတာများလား။
Credit to:

Nyein Aye Eain



No comments:

Post a Comment