မြန်မာတွေ ဘာလို့မအောင်မြင်တာလဲ? Great leader တွေနည်းလို့၊ ဘာလို့ great leader နည်းလဲ? Great followers တွေ နည်းလို့။ great followers တွေများမှ Great leaders တွေ ထွက်တယ်။
မြတ်စွာဘုရား ဘာလို့အောင်မြင်တာလဲ? ရှင်သာရိပုတ္တရာ တို့ ရှင်မောဂ္ဂလန် တို့ အရှင်အာနန္ဒာတို့လို great followers တွေ ရှိလို့ပဲ။
မြန်မာမှာ ခေါင်းဆောင်တယောက်က vision တခုကိုချရင် အောက်ကလူက ထောက်ခံပါတယ် လို့ လွယ်လွယ်ပြော… ဟိုလိုလို ဒီလိုလို ပါလာပြီး တဝက်လောက်ကျရင် ကိုယ့် အိုင်ဒီယာတွေ ဆွဲတင်တယ်။ vision ပျောက်ပြီး အကုန်ပျက်ရော။
မြတ်စွာဘုရားဟာ သူတရားတွေ့တော့ သူ့ရဲ့ လောကအပေါ်မှာတွေ့ရှိတဲ့ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး ကို လူငါးယောက် အစု ကိုချပြတယ်။ ပဥ္ဝဂ္ဂီ ခေါ်တာပေါ့၊ အဲ့ဒီငါးယောက်က လွယ်လွယ်နဲ့လက်မခံဘူး၊ ညလုံးပေါက်ဆွေးနွေးတာတောင် တယောက်ပဲ သူ့ဘက်ပါလာတာ၊ မနက်ဆွမ်းခံမကြွပဲဆက်ဆွေးနွေးတယ်၊ ဒီလိုနဲ့ တရက်တယောက်နှုံးနဲ့ ငါးရက်ပြည့်တော့ မှ သူ့နောက်လိုက် ငါးယောက် ရတာ။ အကြီးအကျယ်ဆွေးနွေးပြီးမှ လက်ခံတာ။ လက်ခံပြီးရင် နောက်မဆုတ်တော့ဘူး။ ဘုရားပြောတဲ့စကား ပြန်ပြင်တဲ့ လူတောင်မရှိဘူး။ ဘုရားကလည်း သမာသမတ်ကျတယ်။ အဲ့လိုအပြန်အလှန်ယုံလို့ အောင်မြင်တာ။
မြန်မာတွေဟာ တခုခုကိုမလုပ်ခင် အပြန်အလှန်အကြီးအကျယ်ဆွေးနွေးလေ့မရှိဘူး၊ ပြောရရင် Memorandum of Agreement (MOA) ကောင်းကောင်းမရှိပဲ ထလုပ်ကြတယ်။ ပြီးရင် MOA ရဲ့ ယိုပေါက်ထဲ ထမွှေပြီး ကွဲတော့တာပဲ။ business လောက ကြည့် … မြဲတဲ့ကုမ္ပဏီနည်းတယ်။
Great leader ဖြစ်ချင်ရင် great followers တွေဖြစ်မှဗျ။
မျက်ကန်း ဖြစ်စရာမလိုပါဘူး၊ သေချာဆွေးနွေး၊ လက်ခံမှလုပ်။ မြန်မာမှာ follower တွေက အသံအမျိုးမျိုး ထွက်တယ်။ key ကြောင်တွေထွက်လာတော့ ဆိုင်းက နားထောင်မကောင်းဘူး၊ ဆိုင်းထဲ ဝါသနာပါလို့လိုက်ရင် ဆိုင်းဆရာ့လက်ကွက်ကြည့်ပြီး ညီညီတီး၊ ပတ်မကြီးထိုးမခွဲလေနဲ့။

No comments:
Post a Comment