အပင်တွေနဲ့မရင်းနှီးတဲ့သူ
တိရိစ္ဆာန်တွေနဲ့မထိတွေ့တတ်သူ
မိသားစု/ ခင်မင်ရာမိတ်ဆွေတွေနဲ့ခပ်ကင်းကင်းနေတတ်သူ
စာအုပ်စာပေတွေနဲ့အလှမ်းဝေးသူ
တရားဓမ္မနဲ့မနီးစပ်သူ
များသောအားဖြင့် ဒီလိုလူတွေဟာ
အမြဲတမ်းစိတ်ပင်ပန်းနေတတ်တယ်
ဖြေသာစရာ စိတ်ထွက်ပေါက်မရှိ
အာရုံပြောင်းစရာ နောက်တစ်ခုမရှိတဲ့အတွက်
လဲပြိုစရာရှိရင် သူများတွေထက်ပိုပြီးအထိနာတတ်တယ်။
ငွေကအဓိကလို့ လူအများစုထင်ကြပေမယ့်
စိတ်တွေကျန်းမာနေဖို့ အားအင်ပြည့်ဖို့
ရေရှည်မှာ ငွေတခုထဲနဲ့မရနိုင်ဘူး
စိတ်တွေပြိုလဲတဲ့အခါ ပြန်လည်ထောင်မတ်ဖို့က
ငွေသာမက အခြားသောဒေါက်တိုင်တွေလည်းလိုအပ်တယ်။

No comments:
Post a Comment